Monday, February 4
ကျွန်တော်၏သူမနှင့်ကျမ၏သူ
ကျွန်တော်၏သူမ
သူမဟာ ကျွန်တော့် အတွက်တော့
ခပ်နွေးနွေး ကိုယ်ပိုင် ကောင်းကင်လေးတစ်ခု….
သူမဟာ ကျွန်တော့် အတွက်တော
့ရိုးရှင်းတဲ့ ဆင်ဖိုနီတစ်ပုဒ်
သူမဟာ ကျွန်တော့်အတွက်တော့
လတ်ဆတ်တဲ့ နံနက်ခင်းတခု…
သူမဟာ ကျွန်တော့်အတွက်တော့
ဖတ်လို့ မဆုံးနိုင်တဲ့ ကဗျာတစ်ပုဒ်…
သူမဟာ ကျွန်တော့်အတွက်တော့
အိပ်မက် အပိုဒ်ခွဲတခု…ပြီးတော့ …
သူမဟာ ကျွန်တော့်အတွက်…အတုမရှိတဲ့ ချစ်သူ………။
ဆိုတဲ့ကဗျာလေးကို သူငယ်ချင်းမင်းယွန်းသစ်ဆီကနေတွေ့လို့
ကြိုက်လွန်းလို့ကူးယူလာရင်း...ဆက်ရေးမိတာလေးပါ..။
ဖတ်ကြည့်လိုက်နော် ..။ရင်တွင်းအံဖတ်လေး တစ်ပုဒ်ကို..ဟိ။
ကျမ၏သူ
သူဟာ ကျမအတွက်တော့ရိုးမသွားတဲ့
ချစ်ခြင်းတစ်ခု...
သူဟာ ကျမအတွက်တော့အသွေးအရောင်ကင်းတဲ့
ချစ်ခြင်းတစ်ခု....
သူဟာ ကျမအတွက်တော့ဘယ်တော့မှ ပျောက်ကွယ်မသွားတဲ့
ချစ်ခြင်းတစ်ခု...
သူဟာ ကျမအတွက်တော့အဖိုးမဖြတ်နိုင်တဲ့
ချစ်ခြင်းတစ်ခု..
သူဟာ ကျမအတွက်တော့ လေးနက်ခြင်းနဲ့ခွန်အားပေးတဲ့
ဲ့ချစ်ခြင်းတစ်ခု...
သူဟာ ကျမအတွက်တော့ ၀န်တိုမှုကင်းတဲ့
ချစ်ခြင်းတစ်ခု...
သူဟာ ကျမအတွက်တော့ နူးညံ့ခြင်းနှင့်သိမ်မွေ့ခြင်းဖြစ်စေတဲ့
ချစ်ခြင်းတစ်ခု....
သူဟာ ကျမအတွက်တော့ အဓိပ္ပာယ်ဖွင့်မရတဲ့...
ချစ်ခြင်းတစ်ခု...ပါ.။
ပန်းခရေ(ရင်တွင်းဖြစ်)
Subscribe to:
Post Comments (Atom)
2 comments:
အဟွတ် အဟွတ်.......ရင်းတွင်းဖြစ်ဆိုတော့လဲ မစတော့ပါဘူးဗျာ....ကောင်းတယ် ခံစားချက်တွေ ဖွင့်ထုတ်ထားတာ....
မင်းယွန်းကဗျာ နဲ့  ဆားချက်လိုက်တာကိုးးးးးးး
ကောင်း၏ ကောင်း၏
အမေတစ်ယောက် ပျော်နေပြီထင်ပ။ သိနေတယ်နော်....
Post a Comment