ဒီနေ့က.......လူ့ကောကကြီးထဲကိုေ၇ာက်လာတဲ့.....ကျနော်...စိန်မမ...၂၃နှစ်ပြည့်မွေးနေ့ပါ...။ လူ့ကောကကြီးထဲမှာေ၇ာက်လာတာ...၂၃နှစ်၇ှိပြီသိလား....ဟီးးးဘာမှတော့မလုပ်ရသေးဘူး.. ဘယ်သူ့ကိုမှလည်းမကူညီရသေးဘူးဘယ်သူ့ကိုမှလည်းကောင်းကျိုးမပေးရသေးဘူး...။ မိဘကျေးဇူးလည်းမဆပ်ရသေးဘူး...။မိဘကိုလည်းဒုက္ခပေးဆဲပါလုံးဝကိုမကူညီနှိုင်သေးဘူး...။ ဘာအကူအညီမှမပေးနိုင်တဲ့အပြင်...မမွေးခင်ကတည်းက..အမေကိုဒုက္ခပေးလာ တာ..အခုချိန်ထိပဲ...။ကျနော်ကိုမွေးကာစက..ကျနော့ကိုအမေကိုယ်ဝန်ဆောင်စဉ်ကပေါ့.. ကျနော့်ကိုအမေပင်ပင်ပန်းပန်းကိုယ်ဝန်ဆောင်လာရတယ်သိလား...။ကျနော့ကို အမေကိုယ်ဝန်ဆောင်စဉ်ကဆိုနေရထိုင်ရတာတော်တော်ဆိုးတာသိလား ..။အယ်ထရာစောင်းရိုက်တဲ့အချိန်မှာ...ဘာလေးလဲသိချင်စိတ်ပြင်းပြနေတဲ့အမေနဲ့အဖေ ကိုဆရာဝန်ကြီးကပြောပြလိုက်တာ...ပေါင်မုန့်သန္ဓေပါတဲ့သိလား...အဲလိုပါကျနော်က
မိဘတွေကိုမမွေးခင်ကတည်းကဘာမှန်းညာမှန်းမသိအောင်ကို...ဒုက္ခစပေးတာ...။
သိလား..မွေးတော့လည်း၁၁ပေါင်ခွဲရှိတယ်..။စဉ်းစားသာကြည့်လေအမေဘယ်လောက်
ပင်ပန်းလိုက်မလဲ....။အမေလည်းပင်ပန်းအဖေလည်းအရမ်းပင်ပန်းခဲ့တာပေါ့...။
အဲလိုမျိုးတွေစတင်ပြီးဒုက္ခပေးတာပါ..။ ပြီးတော့ရှိပါသေးတယ်..။ငါးနှစ်သမီးကလည်းသွေးလွန်တုတ်ကွေးဖြစ်တယ်..။
ဆရာဝန်လည်းလက်လျှော့လိုက်တယ်...အမေလည်းငိုနေတယ်သမီးလေးကို ဆုံးရှုံးရပြီပေါ့...ဆိုပြီးငိုကျွေးမိတယ်လေ..။အရမ်းလည်းနှမြောတသဖြစ်မိတယ်..။
သေပြီထင်ထားခဲ့ကြတယ်အသက်ကလေးကရှည်ချင်တော့သေရွာပြန်လေးပါ...။
အမေ့မေတ္တာအောက်မှာပြန်လည်ရှင်သန်လာတယ်...။အမေ့ရဲ့အပူအပင်ကို မှန်းဆကြည့်မိတယ်..။အမေခံစားရတဲ့ခံစားမှုကဘယ်လောက်များမလဲ...။ကျနော်တွေးမိလာတယ်...။ စဉ်းစားမိတယ်ကျနော်ကောင်းအောင်မိဘကိုဘာလုပ်ပေးပြီးပြီလဲ..။
ကျနော်လုပ်ပေးနိုင်တာဘာမှမရှိသေးဘူး။သိလား...။အမေ..အဓိကကအမေပါ..
ကျနော့်ကိုဒီလိုဘ၀ရောက်အောင်မွေးဖွားပေးတာအမေပါ..ကျနော့်အမေပါကျနော်ဆိုလိုချင်တာ..
အမေ့ကျေးဇူးတွေကအများကြီးပါ..ဘယ်တော့မှဆပ်မကုန်နိုင်တဲ့...ကျေးဇူးတွေအများကြီးပါ...။
သိလားအမေ့ရဲ့မေတ္တာတွေကဘာနဲ့မှနှိုင်းယှဉ်လို့မရပါဘူး...။
ကျနော်ပြောချင်တာအများကြီးပဲအမေ့ကိုချစ်တဲ့အချစ်တွေက အမေကျနော့်အပေါ်ချစ်တဲ့အချစ်တွေလောက်လိုက်မမှီပါဘူး..။ဒီမွေးနေ့လေးမှာ ကျနော့်ရဲ့လေးစားရတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အမေ့ကိုဒီပို့စ်လေးကနေပြောပြချင်တယ်...။ အမေကကျနော့ကိုဒီလိုဘွဲ့တစ်ခုရအောင်လုပ်ပေးခဲ့တာပါ..။အမေ့မေတ္တာတွေကကြီးမားလွန်းပါတယ်..။ ကျနော်ဘီင်္တက်ခ်ျနဲ့ဘီအီးဘွဲ့ကိုအမေထားပေးတာ..အမေရဲ့ကျောင်းဆရာမလစာလေးနဲ့ကျနော့်ကို မပူမပင်အောင်ထားပေးခဲ့တယ်..။ဘာလိုချင်လဲ ၀ယ်ပေးခဲ့တယ်..။မပူမပင်ရဘူး...။မဖြစ်ဖြစ်အောင်ထားခဲ့တယ်...။မိဘကျေးဇူးဘယ်လောက်ကြီးမားလဲဆိုရင် ကျောင်းဆရာမလခလေး ၃၉၀၀၀-၄၄၀၀၀နဲ့ကျနော့ကိုကျောင်းထားနိုင်ခဲ့တယ်..။

အခုကျနော့ရဲ့ လခနဲ့အမေကိုဖူးလုံအောင်မထားနိုင်သေးဘူး...။အမေဆီကအခုချိန်ထိ
ပြန်တောင်းနေရတယ်..။ကျနော်ပြောချင်တာ...
ဒီ၂၃နှစ်မှာ အမေ့ကျေးဇူးကြီးမားကြောင်းကိုပေါ်လွင်အောင်ဖော်ပြတတ်ချင်တယ်..။
ကျနော်ဖော်ပြ တတ်ချင်ပါတယ်...။ကျနော်လူတိုင်းကိုကူညီချင်တယ်...။
အကျိုးမပြုရင်တောင်မှအနှောက်ယှက်မဖြစ်စေချင်ဘူး...။ဒါကျနော့ရဲ့စေတနာပါလူတိုင်းလည်း ဒီစေတနာမျိုးရှိကြတာပဲ...။ကျနော်လည်း မွေးနေ့မှာ ထူးထူးခြားခြား ဖြစ်စေချင်တယ်...။

၂၃နှစ်မြောက်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင်
အမေကျေးဇူးကိုဆပ်နိုင်တဲ့သူဖြစ်ရပါစေ......။
လူသားတိုင်းကို..ကောင်းကျိုးပြုနိုင်တဲ့သူဖြစ်ရပါစေ....။
အခုအချိန်မှစတင် ပြီးစိတ်ချမ်းသာမှုပေါင်းမြောက်များစွာနှင့် ပြည့်စုံရပါစေ...။
ကိုယ့်ဘာသာပဲ ဆုတောင်းလိုက်ပါတယ်...။ဟီး
8 comments:
Happy Birthday ပါ..မမရေ။ ကျန်းမာ၊ချမ်းသာ၊အသက်ရှည် ပြီး ချစ်သူနဲ့ပေါင်းဖက်နိုင်ပါစေ...(မင်္ဂလာဆောင်ကျရင်လည်း ဖိတ်ပါအုန်း :P)
၂၃နှစ်မြောက်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင်
အမေကျေးဇူးကိုဆပ်နိုင်တဲ့သူဖြစ်ရပါစေ......။
လူသားတိုင်းကို..ကောင်းကျိုးပြုနိုင်တဲ့သူဖြစ်ရပါစေ....။
အခုအချိန်မှစတင် ပြီးစိတ်ချမ်းသာမှုပေါင်းမြောက်များစွာနှင့် ပြည့်စုံရပါစေ...။
တောင်းတဲ့ဆုနဲ့ ပြည့်ပါစေ။
၂၃နှစ်မြောက်မွေးနေ့မှသည် အစစအရာရာအောင်မြင်မူများရရှိသော နှစ်များစွာကိုပိုင်ဆိုင်ပါစေ...
အချစ်ရေးမှာလည်းအဆင်ပြေပါစေလို့ ဆုတောင်းပေးတယ်နော် သယ်ရင်း..
နင်တောင်းတဲ့ဆုတွေနဲ့လဲပြည့်ပါစေဟာ
တောင်းတဲ့ ဆုနဲ့ ပြည့်ပါစေ။ :D
"(၂၃)နှစ်မြောက်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင်
အမေကျေးဇူးကိုဆပ်နိုင်တဲ့သူဖြစ်ပါစေ......။
လူသားတိုင်းကို..ကောင်းကျိုးပြုနိုင်တဲ့သူဖြစ်ပါစေ....။
အခုအချိန်မှစတင် ပြီးစိတ်ချမ်းသာမှုပေါင်းမြောက်များစွာနှင့် ပြည့်စုံပါစေ...။"
ညီမလေးရဲ့ဆုတောင်းကောင်းကောင်းလေး ပြည့်မြောက်စေဖို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတယ်။
အဲ့ဒီလိုအသိရှိနေရင်ကိုပဲ တစ်ဝက်ပြည့်ပြီးသား ဖြစ်နေပါပြီ ညီမလေး။
အမြန်ဆုံးပြည့်ဝစေဖို့ ထပ်ပြီးဆုတောင်းပေးပါတယ်။
ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ...။
၂၃ နှစ်ပြည့်မွေးနေ့မင်္ဂလာလေး မင်းပေါ်မှာကျရောက်ပါစေကွာ...ဒီနေ့က စပီးနှောင်နှစ်ပေါင်းများစွာ တိုင် မင်းဖြစ်စေချင်တဲ့ ရည်မှန်းချက်လေး ကို အကောင်ထည်ဖော်နိုင်ပါစေလို့နာ လှိုက်လှိုက်လှဲလှဲနဲ့ကို ဆုတောင်းပေးလိုက်တယ်ကွာ...။
ဟဲဟဲ ပီးတော့ မင်းရဲ့ အနာဂတ်လေးနဲ့ လဲ အားလုံးပေါ့ အဆင်ပြေပါစေဟ ...ကောင်းတယ်ဟုတ်...။မင်းတွက် အမြဲ ဆုတောင်းပေးနေ ကြတိုင်းပဲ ဖြစ်ချင်တဲ့ ဆန္ဒနဲ့ ဖြစ်နေတဲ့ ဘ၀လေး ထပ်တူကြပါစေကွာ...။နော့...:)
ကဲတောင်းတဲ့ဆုနဲ့ ပြည့်စေ ညီမလေးရေ.....
ဟဲ...ဟဲ...
၁၁ ရက်ကြီးများတောင်ကြီးတာ... နာတွ... :)
အသက်၂၁နစ်ဆိုရင် တခြားနိုင်ငံတွေမှာ လူကြီးအဖြစ် သတ်မှတ်ကြတယ်။ ခလေးဘ၀ ကအခက်ခဲတွေ့ ခဲ့တော့ အသက်ကြီးလာရင် မကောင်းတာတွေ မတွေ့ နိုင်ဘူးလို့ သတ်မှတ်လိုက်ပါ။ မိဘ စိတ်ချမ်းသာအောင် ထားတာ၊ ကိုယ်တိုင် ငွေရှာနိုင်တဲ့အခါ မိဘကို ပြန်လည် ပြုစုထောက်ပံ့ နိုင်တာ မိဘကို ကျေးဇူး ဆပ်တဲ့ တာဘဲလေ။ ၂၃နစ် မွေးနေ့ မှသည် သူတော်ကောင်းများနှင့်သာ ကြုံတွေ့ ရ်ျ အောင်မြင်မှု ပန်းတိုင်သို့ အခက်ခဲများကျော်လွှားရရှိ နိုင်ပါစေ။
Post a Comment