Wednesday, January 30

ဆန်းကြယ်မှု



အချစ်ဆိုတာသိလား
နင်လည်းသိတယ်..
ငါလည်းသိတယ်..
နင့်ကိုငါ
ချစ်တယ်
ငါ့ကိုနင်
ချစ်တယ်....

နားလည်မှုဆိုတာသိလား
နင်လည်းသိတယ်
ငါလည်းသိတယ်
နင့်ကိုငါ
နားလည်တယ်..
ငါ့ကိုနင်
နားလည်တယ်...
လွမ်းဆွတ်မှုဆိုတာသိလား
နင်လည်းသိတယ်
ငါလည်းသိတယ်
နင့်ကိုငါ
လွမ်းတယ်
ငါ့ကိုနင်
လွမ်းတယ်...
ဆုံဆည်းမှုဆိုတာသိလား
နင်လည်းသိတယ်
ငါလည်းသိတယ်
ငါတို့တွေ့ဆုံခွင့်ရခဲ့တယ်....
ဆန်းကြယ်မှုဆိုတာသိလား
နင်လည်းသိတယ်
ငါလည်းသိတယ်
ငါတို့တွေ
ဆန်းကြယ်စွာချစ်မိကြတယ်...


အချစ်ရဲ့ဆန်းကြယ်မှုကိုရောသိလား
နင်လည်းသိတယ်
ငါလည်းသိတယ်
ဒါပေမယ့်
အချစ်ရဲ့ဆန်းကြယ်မှုထဲမှာ
ချစ်လျှက်နဲ့ပေါင်းစပ်ခွင့်မရှိတဲ့
အချစ်စစ်စစ်ရှိတယ်ဆိုတာ
နင်ရောငါရော
ဘာလို့လက်တွေ့သိခွင့်ရလိုက်ပါလိမ့်.......နော်။

ပန်းခရေ(ရင်တွင်းဖြစ်)
ချစ်လျှက်နဲ့မဆုံဆည်းကြတဲ့...သူငယ်ချင်း၂ယောက်ရဲ့အဖြစ်ကို
မြင်ရတာဝမ်းနည်းမိပါတယ်...။
စိတ်မကောင်းဘူး...သူတို့တစ်ကယ်ချစ်ကြတာသိလား..။
ဒါပေမယ့်..သူတို့ချစ်သူတွေမဟုတ်ကြဘူး...။
အငှားခံစားပြီးရေးလိုက်တယ်..။ကောင်းတော့ကောင်းဘူး...။
ကျနော်ကတော့..တစ်စုံတစ်ယောက်ကို နှစ်နှစ်ကာကာချစ်ပါတယ်...။
ကြေငြာပါ..ဟီးး.။


11 comments:

မိုးတိမ်လေပြေ said...

နားလည်နိုင်ပါစေ အမေကြီးရဲ့
ကလေးတွေ ရယ်ကုန်ကြတော့မယ်
သမက်လေးဆီတောင် သွားလည်လိုက်သေးတယ်
ချွေးမလေးတော့ ရှာမတွေ့ဘူး

Emily said...

ကဗျာလေး ကောင်းပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်လေ အငှားပဲ ခံစားပြီး ရေးရေး၊ ကိုယ်တိုင်ပဲ ခံစားပြီး ရေးရေး အခုလို ရေးနိုင်တာကိုက ကိုယ်တိုင် ခံစားချက်ရှိလို့ပေါ့ မဟုတ်ဘူးလား ညီမလေး။ ကြော်ငြာကလဲနော် ဘယ်မှာမှ မလွတ်ပါလား ...

phoe thu taw said...

နားမလည်ဘူး..အနော်က ကလေးဆိုတော့ သိဘူး

Unknown said...

ကဗျာလေးက
ရင်နဲ့ရင်းထားရတယ်နဲ့တူတယ်ဗျာ...
စကားလုံးတိုင်းမှာ...
အပ်ကြောင်းအရာတွေပါနေတယ်...

အားလုံးအဆင်ပြေပါစေဗျာ..

နှင်းပွင့်ဖြူ said...

အချစ်ဆိုတာကို ငါသိတယ်
နားလည်မှု့ဆိုတာ ငါသိတယ်
လွမ်းဆွတ်မှု.ဆိုတာ ငါသိတယ်
တမ်းတမှု. ဆိုတာ ငါသိတယ်..
ခက်တာက သူမသိဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ခက်တယ် ခက်တယ်.. ( မလွယ်လို့ )ပန်းခရေ ရေ
ဟတ်ဟတ်..

ရန်ကင်း said...

:( ဒီကဗျာလေး.............................................

ရွှန်းမီ said...

ကောင်းတယ်.. မိုက်တယ်..

သဇင်ဏီ said...

အကြွေးပေးစရာတွေသိလား
နင်လဲဆပ်
ငါလဲဆပ်မယ်
ရှယ်ကြတာပေါ့ကွယ်.. ခွိခွိ... ဘာမှဟုတ်ဘူးလျှောက်ေ၇းသွားတာပါ....
သယ်ရင်းလေးက ချစ်နေတုန်းကိုး...အားကျတယ်ဗျို့

Anonymous said...

စိန်ကြီးရေ...
ကောင်းတယ်ဟာ...မင်းစာသားလေးက...
ဟုတ်တယ်နော်...ဂလိုပါပဲကွာ...။
ကြိုက်တယ်စာသားလေးတွေကို...။
ခံစားချက်လေးကို ဖော်ပြပေးနိုင်တာ...။
:)

Chaos said...

အင်းးးးးး
ပန်းခရေ ကဗျာလေးက ဟတ်ထိတယ်
အဲ့လိုဇာတ်သိမ်းမျိုးက ရင်နင့်စရာရီးနော်
မခံစားနိုင်ဘူး ဟတ်ဟတ်

Anonymous said...

ကဗျာလေးက၊ ရင်ကိုလာပီးထိသွားတယ်..ရေ့းတဲ့သူလည်း တော်တော် ခံဟားရမှာပဲ။

Related Posts Plugin for WordPress, Blogger...