Tuesday, January 29
စားလိုက်ရအောင်
ကဲ...ကိတ်လေးတွေပါ..။ဟီးဘယ်လောက်ကောင်းတယ် ထင်လဲ...။သေချာမှာထားတာနော်...။ဟီး
ဘယ်ရမလဲ ကမ္ဘာကျော်ကိတ်မုန့်ဖုတ်သူဆီမှာ အော်ဒါမှာထားတာ...ကြိုက်တာအကုန်စားသွားနော်
ဟီး..သရေတောင်ကျလာပြီ..တစ်ကယ်...။ဒီပွဲကို တက်ရောက်အားပေးကြသော ပရိတ်သတ်အားလုံး
ကိုအထူးပဲကျေးဇုးတင်ရှိပါတယ်...။ဟီးး ၂၃နှစ်ပြည့်မွေးနေ့လေးကို ဘလော့ပေါ်က သူငယ်ချင်းအားလုံး
နဲ့အတူ ဆင်နွှဲခွင့်ရတဲ့ အတွက် ပျော်ရွှင်မိပါတယ်...။အားလုံးပဲပျော်ရွှင်ကြပါစေ..။
မွေးနေ့ဆုတောင်းပေးသော သူငယ်ချင်းအားလုံးကိုလည်း ကျေးဇူးအထူးပင်တင်ရှိပါတယ်...။
သမီးလေးနွေကဗျာကိုလည်း ကျေးဇူးတင်ပါတယ်...။ကိုဆိုးသွမ်း ကိုလည်းကျေးဇူးတင်ပါတယ်..။
ကိုမျိုးလေးကိုလည်းကျေးဇူးတင်ပါတယ်...။သတိတရပြောပေးကြတဲ့သူငယ်ချင်းအားလုံးကိုလည်း
ကျေးဇူးတင်ပါတယ်...။၁၂နာရီတိတိမှာဆုတောင်းပေးတဲ့ ကိုရွာသားကိုလည်းကျေးဇူးတင်ပါတယ်...။
သယ်ရင်းမလေး သဇင်ဏီကိုလည်းကျေးဇူးတင်ပါတယ်...။သတိတရဆုတောင်းပေးတဲ့ မျှားပြာကိုလည်း
ကျေးဇူးတင်ရှိပါတယ်...။အစ်ကိုချီရွန် ကိုလည်းကျေးဇူးအရမ်းတင်ပါတယ်...။
ဒီထဲမှာမပါသေးတဲ့ သူငယ်ချင်းအားလုံးကိုလည်း ကျေးဇူးအထူးပင်တင်ရှိပါတယ်...။
ကျနော်ချစ်ရတဲ့ တစ်စုံတစ်ယောက်ကိုလည်း ကျေးဇူးတင်ပါတယ်...။
ဟီး မွေးနေ့က ကျေးဇူးမွေးနေ့ဖြစ်နေပြီ.....။အားလုံးကို ခင်လည်းအရမ်းခင်တယ်...
ကျေးဇူးလည်းအရမ်းတင်ရှိပါတယ်....။
အားလုံးပဲပျော်ရွှင်ကြပါစေ.....။
Subscribe to:
Post Comments (Atom)
20 comments:
ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေအစ်မရေ။ နောက်နှစ်ပေါင်းများစွာ ကိုယ်ချစ်သော လူတွေနဲ့အတူပျော်ရွှင်စွာနေထိုင်သွားနိုင်ပြီး ဘ၀ကိုအခက်အခဲမရှိဖြတ်သန်းနိုင်ပါစေ လို့ဆုတောင်းပေးပါတယ်။
ကိတ်မုန့်တွေစားသွားတယ်နော်။
ပျော်ရွှင်စွာ မွေးနေ့လေးပါ စိန်မမရေ ...။
အော် ဘာလိုလိုနဲ့ သားသားကို မွေးထုတ်ပေးခဲ့တဲ့ အမေတောင် ၂၃ နှစ် ပြည့်ခဲ့ပြီကိုး။ နောင်နှစ်ပေါင်းများစွာ တားတားးထက် ချစ်ရမယ့် သားသားမီးမီးလေးတွေ ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ အလုပ်မလုပ်ပဲ ချမ်းသာ ထီမထိုးပဲထီပေါက် သိန်းတစ်ရာထုပ်ကြီး ကောက်ရလို့ အလိမ္မာနောက်ကို အိမ်ပါသွားနိုင်ပါစေဟာ။ အရေးကြိးဆုံးက ချစ်ချစ်ကြီးနဲ့ အဆင်ပြေနိုင်ပါစေဟာ...။ တားကို ဂရုစိုက်တာတွေတော့ လျော့တွားရဘူးနော်။ ရေးရင်နဲ့ ချာလာပြီ ခွိခွိ
ပျော်ရွှင်ဖွယ်မွေးနေ့ပါ စိန်မမ။ မွေးနေ့မှသည် နောင်နှစ်ပေါင်း 120 တိုင်အောင် ပျော်ရွှင်ခြင်းများစွာနဲ့ ဖြတ်သန်းနိုင်ပါစေ။
ပန်းခရေ (စိန်မမ)
Happy Birthday .... !
ယနေ့ကျရောက်သော 23 နှစ်မွေးနေ့မှသည်...
နောင်နှစ်ပေါင်း 230 ကျော်အောင် စိတ်၏ချမ်းသာခြင်း..
ကိုယ်၏ချမ်းသာခြင်းတွေနဲ့အတူ ဘ၀ရီးမှာ အခက်အခဲတွေ က ပန်းခင်းလမ်းလေးလိုဖြောင့်ဖြူးနိုင်ပါစေ...။
ချစ်သောသူနဲ့လည်း အတူလျှောက်လှမ်းနိုင်ပါစေဗျာ...။
ကိတ်မုန့်တွေကိုလည်း မွေးနေ့ရှင်နဲ့အတူ...
စားချင်တာဗျ... ဒါပေမယ့်... ဟိဟိ
စားသွားပါတယ်... မွေးနေ့ရှင် ခွန့်ကျွေးတာကို... စိတ်ကူးနဲ့ပေါ့..။
ပျော်ရွှင်ဖွယ်နေ့လေးတရက်ပါ တကယ်ပါ...။
ဟေ့ ... စိန်မမ ... ၁၀ နှစ် ငယ်ပေမယ့် ၁၀ နှစ်ပို ပြီး အသက် ရှည်ရှည် နေရ ပါစေ ... အားလုံး အဆင်ပြေ ပျော်ရွှင် ပါစေ... :P
မမစိန်ရေ့...၂၃ နှစ်မြောက်မွေးနေ့ မှသည် နှောင်နှစ်ပေါင်းများစွာတိုင် စိတ်ချက်းသာ ကိုယ်ကျန်းမာ နဲ့  လောကအျကျိုးသယ်ပိုးနိုင်တဲ့ သူလေးဖြစ်ပါစေ အားလုံးအဆင်ပြေချောမွေ့ပြီး ချစ်သောသူနှင်ပေါင်းဖတ်ရပါစေ သာယာအေးချမ်းတဲ့ နင်လိုချင်တဲ့ မိသာစုဘ၀လေးကိုပိုင်ဆိုင်နိုင်ပါစေလို့  ဆုမွန်ကောင်းတောင်ပါတယ်...
သူငယ်ချင်းရေ့။။
မမ...မွေးနေ့မှာ ပျော်ရွှင်ပါစေ။
မွေးနေ့မှသက်ဆုံးထိတိုင်၊နှလုံးစိတ်ဝမ်းငြိမ်းချမ်းပါစေလို့လေးနက်စွာဆုတောင်းပါတယ်။
အင်းကျွန်တော့်ထက် ၁၁ ရက်တိတိငယ်တယ်...
ဟီ..ဟိ...
ပျော်ရွင်စွာဘ၀ကိုဖြတ်သန်းနိုင်ပါစေဗျာ... :)
Happy 23th Birthday ပါ စိန်မျောက်မျောက်ရေ
ပင့်ဂိုလ်းထက် 1 နှစ်ငယ်တဲ့ ညီမလေး ဘ၀မှာ လိုအင်တွေ ပြည့်စုံနိုင်ပါစေ.. ချစ်သူ မဲမဲချောချောလေး ရပါစေ ဟိဟိ
ပျော်စရာ မွေးနေ့ လေးဖြစ်ပါစေ။
နှစ်စဉ်နှစ်တိုင်း ချစ်တဲ့သူတွေ နဲ့ မွေးနေ့ပွဲကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါစေ။
ဟေ့ရောင်...
နင်က ခုမှ ၂၃ နှစ်ပြည့်တာလားကွ။ မထင်ရဘူးနော်။ :P
Happy Birthday
ကျောင်းစာတွေနဲ့၊ အလုပ်တွေနဲ့ ရှုပ်နေလို့ ခုမှ လာရတာ။ ဆောဒီး။
ခုလိုမွေးနေ့မှသည်....
နောက်နှစ်ပေါင်း ၁၂၀ တိုင်သည့်တိုင်..
(နေနိုင်မပါလားဟင်)
ပျော်ရွှင်မှုအပေါင်းအား ပြည်စုံပိုင်ဆိုင်နိုင်ပြီး...
လိုတာမှန်သမျှ ယူနိုင်သလောက် ရပါစေကြောင်းနှင့်...
မျက်မှန်ပါဝါများလည်း တိုးမလာစေပါနဲ့လို့...
တောထဲတောင်ထဲရောက် ဗိုလ်မုတ်သုန်က..
ဒေါ်မြ၀င်းအလစ်တွင် မန်းရွှေမြို့မှ..
စိန်သူဌေးမလေးရဲ့ ၂၃နှစ်ပြည့်မွေးနေ့အတွက်..
မွေးနေ့သ၀ဏ်လွှာပါးလိုက်ရပါသည်.....
ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေနော်
မွေးနေ့ကိတ်လေးတွေ အရမ်းလှအရမ်းကောင်းလို့
အားပေးသွားတယ်နော်။
ပျော်စရာ မွေးနေ့ လေးဖြစ်ပါစေ။
စိန်မမ.. ရေ
ပျော်ရွှင်ပါစေ .. လင်ကောင်းသားကောင်း ရပါစေ .. တစ်နေ့ထက် တစ်နေ့ အလှတိုး ပါစေ..
ပန်းခရေရေ
မွေးနေ့မှာ အလွမ်းတွေနဲ့ မဝေရင်ကို ဟုတ်နေပါပီရှင်
ဟတ်ဟတ်
စတာ
ပျော်ရွှင်ပါစေနာ် မွေးနေ့မှစလို့ နောင်နှစ်ပေါင်းများစွာ
လိုအင်ဆန္ဒတွေ ပြည့်ဝနိုင်ပါစေ
ချစ်သူ ခင်သူအားလုံးနဲ့ အမြဲပျော်ရွှင်စွာ နေနိုင်ပါစေနော်
နောက်ကျသွားလို့တောင်းပန်ပါတယ်. ဘာကျန်သေးလဲ. :P
နောက်ကျတဲ့ အတွက်ဆောရီးနော်
မွေးနေ့မှ နောင်နီစ်ပေါင်းများစွာပျော်ရွှငါနိုင်ပါစေ
Post a Comment