လာပြန်ပြီ..စိန်မမတို့ကတော့...မျက်စိရှေ့မြင်လာတာကို ပြောပြအုံးမယ်...။
ကျနော်မျက်စိက မျက်မှန်သမားဆိုတော့ စက်ကြည့်တာများပြီး ပါဝါတိုးချင်သလိုဖြစ်လာတာနဲ့
မျက်စိကလည်းကိုက်နေတယ်...ကြာပြီလေ..။ဆေးမီးတိုနဲ့ကုနေတာ သက်သာမလားလို့ပေါ့..။
မသက်သာတာနဲ့ ဒီနေ့ဆေးခန်းသွားပြတယ်...။ ဆရာဝန်ကလည်း စနေနေ့ပြန်လာဖို့ ချိန်းလိုက်တယ်...။
သိပ်စိတ်မရှည်ချင်ဘူး ရောဂါကိုပြောလိုက်ပါလား ..။ပဟေဋိ အဖြေညှိလိုက်ပါတယ်...။ပါဝါတိုးတာလား
ဆိုတော့လည်း တိုးတယ်..ဒါပေမယ့်အသေအချာမပြောဘူး...။အီလည်လည်နဲ့
လူကိုရေရေလည်လည်လေတယ်...။ ဘာမှန်းမသိပဲ ..ပေးလိုက်တဲ့ဆေးရယ်....
မျက်စဉ်းခတ်ဖို့လည်း ပေးလိုက်သေး...ပိုက်ဆံတော့ကုန်ပ....။
စနေနေ့တစ်ခေါက်ပြန်သွားရအုံးမယ်...။ကျနော်တော့..ဆရာဝန်ဆီသွားတိုင်း...ဘယ်တော့မှတစ်ရက်တည်း
နဲ့ပြီးသွားတယ်လို့ကို ..မကြုံဖူးတာ...။ချိန်းလိုက်တာလွန်ပါရော..။ကျနော့်အကြောင်းပြောနေတာနဲ့ပဲ...
ကျနော်ပြောမှာပျေက်ပြန်ပြီ....။ဒီလို...ဒီနေ့ဆေးခန်းသွားတာ....ဆေးခန်းမှာမြင်တွေ့ခဲ့ရတာလေး...
ပြောပြချင်တာ...။အမှန်ကတော့..ကျနော့ရဲ့အတွေးနယ်ချဲ့မှုကို....တစ်ယောက်တည်းမတွေးပဲ...
ဘလော့ပေါ်တင်လိုက်တာ...မနိုင်တော့ဘူး ..ကူတွေးပေးပါအုံး...။
ဆေးခန်းကို မျက်စိလာပြတဲ့စုံတွဲ..တစ်တွဲ အင်း..အတိအကျပြောရရင် မိသားစုတစ်စုပေါ့...။
ကလေးလေးကအလွန်ဆူံးရှိ..တစ်နှစ်သမီးလေး....။အမျိုးသားကလည်းငယ်ငယ်...အမျိုးသမီးကလည်းငယ်ငယ်....။
၂၀ကျော်ပေါ့...ကျနော်တို့နဲ့ရွယ်တူလောက်ရှိမယ်....။ အမျိုးသမီးက..လက်ထဲမှာလည်း

အိပ်တွေအများကြီးကိုင်ထားတယ်..။ လက်တစ်ဖက်က..သမီးလေးကိုချီပိုးထားတယ်...။
သားသားနားနားသန့်သန့်ပြန့်ပြန့်ပဲ..နှစ်ယောက်စလုံးက...
အမျိုးသားကလည်း...နာမည်ကြီးတံဆိပ်..အမျိုးအစားတွေကိုဝတ်ထားတယ်...အမျိုးသမီးကလည်း ..ဖန်စီလေးပေါ့...။
အထက်တန်းစားအသိုင်းအ၀ိုင်းကဆိုတာ မပြောပဲသိလို့ရတဲ့ ..အနေအထားလေးတွေ...။ကျနော်လည်းပျင်းတာကိုး
ဆရာဝန်စောင့်ရတာ ..ပျင်းပျင်းနဲ့..သူတို့ကိုစိတ်ဝင်စားမိတယ်...အဓိကက သမီးလေး..ကျနော်ကကလေးသိပ်ချစ်တာ...။
သမီးလေးကို..လှမ်းစရင်းကျနော်လည်း သူတို့ကိုငေးမိနေတယ်...။ဆရာဝန်ကလည်းကြာပ...။
သမီးလေးက..ရယ်နေရာကနေထငိုပါလေရော...။မအေလုပ်တဲ့သူက ချော့တာပေါ့ ...ဘယ်လိုချော့ချော့မရဘူး...။
ကလေးကလည်းငိုမြဲပဲ...။အဖေလုပ်တဲ့..မင်းသားကလှည့်မကြည့်ဘူး..သိလား...။အဲဒါကလေးကအရမ်းငိုပြီး..ခဏတိတ်
သွားတယ်...ကလေးဘာလို့ငိုလဲ သိလား ရှုးရှုးပေါက်တာ...အဲဒီတော့..ကလေးကို ...ဘောင်းဘီလည်းပေးရတော့မယ်..။
အမကတစ်ယောက်တည်းလုပ်နေတာ...မနိုင်တော့ဘူးလေ...။အဲင်္ဒိတော့အဖေလုပ်သူကို...ပြောတာပေါ့...
“ ကလေးကို ခဏလောက်ချီထားပေးစမ်းပါ..”
ဘာပြန်ပြောလည်းသိလား
“ မင်းကွာ..အဲဒါပဲ ငါမကြိုက်တာ..ကလေးကိုငါမချီတတ်ဘူးဆိုတာ ..မင်းသိရဲ့သားနဲ့..”
အား..မျက်နှာကြီးကလည်း..ရဲလို့ဒေါနဲ့မောနဲ့ပြောတာသိလား...။ကျနော်နားကြားများလွဲသလားပေါ့....။
သူကဒေါသထွက်နေတယ်တဲ့...။ပြီးတော့ယောင်လို့တောင်ကလေးကို လှည့်မကြည့်ဘူး....။
ကျနော်တော်တော်အံ့သြမိတယ်...။ဒါဖြစ်သင့်သလား...။ကျနော်စဥ်းစားမိတာ..သူကဒိလောက်ဒေါသဖြစ်ပြီး...
စိတ်မရှည်တာ..သူ့ကလေးမဟုတ်ဘူးလား...။ကလေးမျက်နှာကလည်း...သူအသေးစားပဲသိလား...။
တော်တော်နားမလည်နိုင်ဖြစ်မိတယ်...။ဒါဒေါသထွက်စရာလား...။အမြင်မတော်တဲ့
ကျနော်ကတော့..သွားလုပ်ပေးမိသား...။ဒါပေမယ့် ခေါင်းထဲမှာ အတွေးတွေချာချာလည်နေတယ်...။
စဉ်းစားပေးကြပါ...။အဲဒီၤလူသားရဲ့စိတ္ဓာတ္ကဘယ္လိုလဲ...။သူဝတ်စားထားတဲ့..အ၀တ်အစားတွေကိုတော့...
အားနာသင့်ပါတယ်...။ဘာလဲ..ကိုယ့်သားသမီးရဲ့.. ကိစ္စကိုဘယ်မိဘကအဲလိုလုပ်ရက်မှာလဲ..။
သူမိဘမဟုတ်ဘူးလား...။လောကမှာ..အဲလိုစိတ်ထားရှိတဲ့မိဘတွေ့ဘူးလား...။
သူ့အစားကျနော်ရှက်မိတယ်...။တစ်ကယ်ပါ...လောကမှာရှိကြတဲ့ယောက်င်္ကျားသားတွေလည်း...။
သူ့ကြောင့်ဂုဏ်သိက္ခာကျဆင်းတယ်...။ကျနော်နားမလည်းတာလား....။သူကပဲနားမလည်တာလား...။
ကူစဉ်းစားပေးကြပါ...။ကျနော်..တွေ့မိတာလေးပါ..။လက်တွေ့ဖြစ်ရပ်မှန်ပါ...။
၁၀၀၀မှာတစ်ယောက်မလုပ်တာသေချာပါတယ်...။ဒါပေမယ့်..သူအဲလိုလုပ်သွားတယ်..။
လုံးဝမဖြစ်သင့်ဘူးလို့ကျနော်..ယုံကြည်ထားတယ်...။ပြောကြပါအုံး...၀ိုင်းပြီးဝေဖန်ပေးကြပါ...။
သုံသပ်သွားပေးပါ...ကျနော်တစ်ယောက်တည်းများမှားနေသလားလို့...။
ကျနော်လည်းမနေနိုင်ဘူး....ဘလော့ပေါ်ရောက်အောင်ကို...အတွေးမပြတ်လို့ပါ...။
လေရှည်လွန်းလို့လည်း...ပန်းလေရှည်ပြောင်းရမလိုဖြစ်နေပြီ....။
ကွန်းမန့်တွေ မျှော်နေမယ်...။ပြောသွားကြပါ..အမြင်လေးတွေကို...။

7 comments:
အဲ့ဒါပဲဗျာ......
ကျွန်တော်ကြိုက်တယ်အဲ့ဒီ Post ကို ၊ အိုဗျာ... အဲဒီခံစားချက်ကို ပက်ပက်စက်စက် နားလည်တယ်ဗျာ..
မြန်မာလူမျိုးဖြစ်ပြီး မြန်မာစိတ်မရှိတာပေါ့ဗျာ...
ဘာပဲဖြစ်ဖြစ်အမြင်ချင်းတူလို့ ဝမ်းသာပါတယ်....
အဟတ် စိန်မမရေ နင်က အဖေအစား သွားကူပေးလိုက်တယ်ပေါ။ ကောင်းပါ....ငါသာဓု ဘယ်နှစ်ကြိမ်ခေါ်ရမလဲ သာဓု သာဓု အရှေ့မှာ တစ်ခုခေါ်ထားတယ် နှစ်ကြိမ်ဘဲ ခေါ်ခဲ့ပြီ....
ပန်းခရေ....
ခလေးအငိုတိတ်အောင်
အရိပ်အရောင်ပြလိုက်နော်...။
အကြောင်းဆိုတာ အကျိုးကြောင့်ဖြစ်တာတဲ့...
အစဉ်ပြေပါစေဗျာ....
ဆက်လက်အားပေးလျှက်ပါ..။
နင့်အလှည့်ကျရင် အဲဒီလို ယောက်ျားမျိုး မဟုတ်ပဲ ကလေးတွေ အများကြီးကို တပြိုင်တည်း မြတ်မြတ် နိုးနိုး ထိမ်းတတ်တဲ့ ယောက်ျားမျိုးရပါစေကွယ်။ နင်ကလဲ သူထိမ်းနိုင်သလောက် မွေးပေးလိုက်ပေါ့။ နော်နော်။ နောက်တာပါ။ တကယ် မွေးချင်သွားတယ်မလား။ ခစ်ခစ်
ဟေ့ရောင်...
နင်ကလည်း ဘာသိလို့ သွားစိတ်တိုနေရတာလဲ။ ယောက်ျားလေးဆိုတာ သပ်သပ်ရပ်ရပ် လှအောင်နေ တတ်ရတယ်ဟ။ ကလေးသေးတွေနဲ့ဆိုရင် ဂေါ်လီမလေးတွေက ဘယ်လှည့်ကြည့်လိမ့်မလဲ။ နင်တို့ မိန်းကလေးတွေလို မပြင်မဆင်နေလို့မရဘူးဟ။ ဟီးဟီး။ ဒို့ယောက်ျားလေးတွေဆိုတာ ဒီရုပ်ကလေးနဲ့ လုပ်စား နေရတာ။ :P
ဟုတ်တယ်.........ဒါမဖြစ်သင့်ဘူး....လူပျို လုပ်ချင်ရင်
ဘာလို့ မိန်းမယူနေသေူတာလဲ....
အဲဒါ ကလေးအဖေမှန်းသိမှာစိုးလို့ ရယ်..
ဖွန်ကြောင်ချင်တာလည်း ပါတယ်...
မော်ဒယ် လေးတွေ ရှေ့မှာ မှ ကလေးအဖေမှန်းသိအောင် မိန်းမ လုပ်သူက
ကြွှားလိုက်လို့... ကောင်းလေးက ဒေါသထွက်သွားတာ
ပာုတ်တယ်မမ.. ဖြစ်နိုင်တာက အဲ့ဒီအမျိုးသမီးကို သူမကြိုက်ဘဲနဲ့ယူထားတာလားမသိဘူး.. လူပျိုလုပ်ချင်လည်း ဘာလို့ကလေးနဲ့မိန်းမကိုခေါ်ပြီး အပြင်ထွက်သေးလဲ. ပာုတ်ဘူးလား.. အဲ့လိုယောက်ျားမျိုးယူနဲ့နော် မမ . ကောင်းဘူး... သိလား..
Post a Comment