အချစ်ဆိုတာအတော် ထူးဆန်းလွန်းတယ်....။ခံစားမှုပေါင်းစုံကိုလည်း ဖြစ်စေနိုင်တယ်..။
ရင်ခုန်စေတယ်...။ပျှော်ရွှင်စေတယ်...။ ခံစားချက်တွေကို ..ပေးစွမ်းနိုင်မှုက ဘာနဲ့မှ လိုက်မမီဘူး..။
အချစ်တဲ့ တွေ့လိုက်တာနဲ့ကို လူကိုပင်ပန်းစေတယ်...။အချစ်မှာ...သ၀န်တိုမှုရှိလား...။
သ၀န်တိုတာမဟုတ်ဘူး...။မနာလိုတာမဟုတ်ဘူး...။ကိုယ့ိကိုမချစ်ပဲ...တခြားသူတစ်ယောက်ကို
ချစ်သွားခဲ့ရင်ဆိုပြီး တွေးမိတာ ..။ဝမ်းနည်းမိတာ..။ချစ်သူရဲ့အသံက..ကိုယ့်အတွက်အားဆေးတစ်ခွက်.....
ချစ်သူရဲ့စကားတစ်ခွန်းသာလျှင် ..ကိုယ့်အတွက်အမှန်တရား...။ချစ်သူကိုစချစ်မိတဲ့အချိန်က
စပြီး...လောကကြီးမှာ ..ကိုယ်လောက်လေးနက်တဲ့သူ..မရှိတော့ဘူး...။
အချစ်မှာကံကောင်းချင်တယ်...အမြဲတမ်းလည်းပျော်ရွှင်ချင်တယ်...။ပေးဆပ်ချင်တယ်....။ ကိုယ့်ချစ်သူရဲ့
အလေးထားမှုကို...အပြည့်အ၀လိုချင်တယ်...။ကိုယ့်ချစ်သူရဲ့ ..ဂရုစိုက်မှုကိုခံယူချင်တယ်..။
ကိုယ့်ချစ်သူနဲ့ ဘ၀တစ်ခုကိုထူထောင်ချင်တယ်...။ချစ်သူသာလျှင်ကိုယ့်အတွက်.....
ကိုယ့်ဘ၀အတွက်အဓိကစာမျက်နှာတစ်ရွက်ဖြစ်လာတယ်.....။ချစ်သူကိုစတင်ပြီး....
ချစ်တတ်လာတဲ့အချိန်ကစပြီး....ဘာမှမလိုအပ်တော့လောက်အောင်..ပြည့်စုံလာတယ်..။
ကိုယ့်အနာဂတ်ဟာ...ချစ်သူရဲ့အနာဂတ်ဖြစ်သလို ချစ်သူရဲ့အနာဂတ်ဟာ.. .. ကိုယ့်အနာဂတ် ဖြစ်ချင်တယ်...။
ချစ်ရင်သ၀န်တိုတတ်လား...။ကိုယ်သ၀န်တိုတာတော့မဟုတ်ဘူး...။ သ၀န်တိုမိတယ်ဆိုရင်တောင်..
ချစ်လို့ပါ...ချစ်မိသွားလို့ပါ....။အချစ်ကြောင့်ဖြစ်လာတာတွေ..အများကြီးပဲ....။
ကိုယ့်ကိုနားလည်ပေးပါ....။ချစ်သူ အပေါ်မှာ..မယုံတာမဟုတ်ဘူး...။ကံကြမ္မာကိုမယုံတာ...။
ကိုယ့်ကိုကိုယ် ကံမကောင်းတတ်သူဆိုတော့..ကိုယ့်ကံကြမ္မာကိုမယုံတာပါ....။
ချစ်သူတိုင်းဒီလို..အကြောင်းတရားလေးတွေရှိတတ်ကြတယ်နော်....။
ကိုယ်ချစ်သူ့အပေါ်ကို ..စချစ်မိတဲ့အချိန်ကစပြီး........ကိုယ်ဆိုတာမရှိတော့ဘူး...။
ချစ်သူရဲ့ပျော်ရွှင်မှုကိုပဲ မြင်ချင်တယ်..။ချစ်သူပျော်ရင်..ကိုယ်လည်းပျော်တယ်...။
ချစ်သူရယ်..ဘာစကားကိုမှအလှမဆင်တတ်တဲ့ကိုက...ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းကိုတော့...
နှလုံးသားနဲ့ရင်းပြီးပြောပါရစေ...။စကားလုံးတွေက အစီစဉ်ကျချင်မှကျမယ်....လှပချင်မှလှပမယ်...
ဒါပေမယ့်....ချစ်တယ်...ချစ်သူရယ်...။
ဘာရယ်မဟုတ်ပါဘူး..ခံစားကြည့်တာပါ...။အချစ်ကိုတော့လူတိုင်းချစ်ဖူးမှာပေါ့...။
အချစ်တဲ့..ချစ်တယ်ဗျာ။

4 comments:
အဟဲ.. ချစ်နိုင်သူတွေ ချစ်ကြပါ..ချစ်ကြပါလေ..
:D :D :D
myo
အစ်မချစ်သူနဲ့အမှန်တကယ်ရွှေလက်တွဲ နိုင်ပါစေလို့
ရင်ထဲက လှိုက်လှိက်လှဲလှဲ ဆုတောင်းပေးပါတယ်။
ရင်တွက်းအံဖတ်ဖြစ်တဲ့ စာလာဖတ်သွားတယ်....ကောင်းတယ်ရေးထားတာ ဆက်ရေးပါ အားပေးနေတယ်
ခံစားခြင်းတူသွားလို့ ကူးသွားပြီး။ မူပိုင် မတင်ထားရသေးတော့တရားစွဲမယ်မထင်ဘူး။ ခွင့်မတောင်းရသေးပေမယ်။ ခွင့်တောင်းပြီးတော့ copy လုပ်သွားပါတယ်။ ခံပဲ ခံစားတတ်တယ်။ မရေးတတ်လို့ပါ။
Post a Comment