Sunday, December 23

The end


The End
*သတိရတယ်ဆိုတဲ့...ခေါင်းစဉ်ကို
ခဏခဏပယ်ချပစ်ခဲ့ပေမယ့်...
မေ့မရတဲ့ အကြောင်းအရာအားလုံးကို
ရင်မှာပိုက်ပြီး
မေ့ပစ်ဖို့ကြိုးစားမိတဲ့ကိုယ်...............။

*မုန်းတီးခြင်းဆိုတဲ့
မျက်နှာဖုံးကြီးကို စွပ်ခဲ့ပေမယ့်
ချစ်ခဲ့မိတဲ့ နှလုံးသားတစ်စုံကို
ငုံ့ကြည့်ရင်းနဲ့
သိပ်ချစ်မိခဲ့တဲ့ကိုယ်........................။

*လှည့်စားခံရခြင်းကို
ရင်မဆိုင်နိုင်ပေမယ့်
လှည့်စားခံခဲ့ရတဲ့ကိုယ်....................။

*နာကြည်းခြင်းကို
ဖက်တွယ်မိပေမယ့်
စက်ဆုပ်ရွံရှာမိစွာနဲ့
လွှင့်ပစ်မိတဲ့ကိုယ်.........................။

*မျှော်လင့်ချက်မဲ့နေတဲ့
အကြောင်းအရာအားလုံးကို
မျှော်လင့်ခြင်းကြီးစွာ
စောင့်စားမိတဲ့ကိုယ်..........................။

*အရာအားလုံးပြီးဆုံး သွားပြီလို့
သတ်မှတ်ခဲ့ပေမယ့်
မပြီးဆုံးသေးတဲ့ကိုယ်...လေ
ကိုယ်ရလိုက်တဲ့အရာတစ်ခုကတော့
"The End"

ပန်းခရေ(ရင်တွင်းဖြစ်)
ကြောင်မျိုးရေ..ဟိ..ငါလည်းဘယ်ရမလဲ..ဘလော့ပေါ်တင်လိုက်ပြီ...။ဘ၀တူသယ်ရင်းလေး...
နင်ကံကောင်းပါစေ...။ငါတော့..တော်ပြီ..ဆုမတောင်းတော့ဘူး...။ဆုတောင်းလည်းပြည့်မှာမှမဟုတ်တာ..။
သည်းခံပြီးမကောင်းလည်း အားပေးကြပါ..။ရင်ဘတ်ကြီးထဲက လာတာဆိုတော့ သံဇဉ်မပါဘူး..။
ခံစားမှုအမှန်ပါ...။

5 comments:

Chaos said...

ပန်းခရေ ကဗျာလေးက
ရင်ထဲက လာတဲ့ ခံစားမှုဆိုတာ
ခံစားလို့ရတယ်
ရင်ဘတ်ကြီးနဲ့ကို ခံစားသွားတယ်နော်
ဟိုနေ့က ကဗျာတွေဖတ်ပြီး
မျက်ရည်ကျအောင် နှိပ်စက်သလို ဖြစ်ရင်
တောင်းပန်ပါတယ်

Anonymous said...

ရွှေမမရေ့...နင့်ရင်တွင်းအံဖတ်တွေကောင်းတယ်ဟ...ကိုယ့်ပါသာရေးတာပဲ ငါ့ကိုဆွဲထည့်နေသေးတယ်နော် ဘာမှလဲ မဆိုင်ဘူးးး....ဆုတောင်းပေးတာတော့ ကျေးဇူးးး..ဒါပေမဲ ...??????
နင်လဲ အမြန်ဆုံးအဆင်ပြေပါစေဟာ
Good luck

Anonymous said...

ကဗျကိုသေသေချာချာဇတ်တယ်
တကယ့်ခ့စားမှုနဲပရေးထားတာကိုးဗျ
ကြေိသွားတယ်...တကယ်ဗျာ

Anonymous said...

Hello Dear
I do beg you emphasize for my mistake.Really sorry. I do love your poem and it is made me burn.
Best Regards

သဇင်ဏီ said...

ရင်ဘတ်ကြီးနဲ့ ခံစားသွားပါတယ်...
အော်..သယ်ရင်းက .... :D

Related Posts Plugin for WordPress, Blogger...