Friday, December 21

တိတ်တဆိတ်ကြေကွဲခြင်း

လုပ်ယူဖန်တီးထားတာ တစ်ခုမှမပါပဲ
အလိုအလျောက် ဖြစ်ပေါ်လာတဲ့
သံယောဇဉ်ကြိုးကို
တိကနဲ့ဖြတ်တောက်ပစ်လိုက်လို့ရော
ခံစားမှုတွေအားလုံးက ရပ်တန့်သွားမှာလား?
စကားမပြော နှုတ်မဆက်ကြပေမယ့်
ရင်ထဲက အနက်ရှိုင်းဆုံးသံယောဇဉ်ကြိုးက
ဘယ်လိုနည်းနဲ့မှပြတ်တောက်.....
ပြောင်းလဲမှာမဟုတ်ဘူးဆိုတာရော..
ချစ်သူမသိဘူးလား?
“မဖြစ်နိုင်ဘူး”ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
နှလုံးသားတစ်ခုလုံး မွမွကြေပျက်စီးစတေးရတာရော
ဖြစ်သင့်သတဲ့လား?
ဘယ်လောက်ပဲဝေးကွာနေပါစေ
ဟိုးအနက်ရှိုင်းဆုံး တစ်နေရာမှာတော့
အချိန်ကာလ အတိုင်းအတာမရှိ
ခင်မင်မှု...
မြတ်နိုးမှု...
ရင်ခုန်မှု...
ကြေကွဲဝမ်းနည်းမှု
လွမ်းဆွတ်သတိရမှုပေါင်း မြောက်များစွာနဲ့
ထာဝရမပြောင်းလဲမယ့်
နှလုံးသားတစ်စုံကတော့
တိတ်တိတ်လေးကြေကွဲနေမှာပါ...ချစ်သူရယ်။
*----ဦးနှောက်ရဲ့အဆုံးအဖြတ်ဟာ
နှလုံးသားရဲ့အဆုံးအဖြတ်လောက်
မချိမြိန်တာအမှန်ပါ.
------ဘ၀မှာ
ကြေကွဲစရာဖြစ်ရပ်နှစ်မျိုးရှိတယ်
တစ်ခုက
နှလုံးသားရဲ့အလိုဆန္ဒကို လိုက်ရောရတဲ့အခါ
နောက်တစ်ခုက
အဲဒီနှလုံးသားရဲ့ အလိုဆန္ဒကိုပဲ
ငြင်းပယ်ရတဲ့အခါ။

No comments:

Related Posts Plugin for WordPress, Blogger...