Friday, December 21

သူငယ်ချင်း

ကျွန်တော် သူငယ်ချင်းတွေရဲ့ ဘလော့ကိုနေ့တိုင်းလည်ပြီး အားပေးတယ်။ ပြီးတော့အားကျတယ်။
မနက်မိုးလင်းတာနဲ့ ကိုယ့်ဘလော့လေးကို လာလည်သွားသူတွေကို ကျေးဇူးတင်တယ်။ ခင်လည်းအရမ်းခင် တယ်။ ပျော်လည်းပျော်တယ်။ ဒါကိုယ့်ကိုအသိအမှတ်ပြုတာပဲ ဆိုပြီးဝမ်းသာလုံးတွေလည်း စို့လို့ပေါ့။
ဘလော့ကို စသိပြီးရင်းနှီးကျွမ်းဝင် လာမှကျွန်တော့်မှာ မမြင်ဖူးသော မသိသေးသော သင်ဆရာတွေ ၊
မြင်ဆရာတွေ၊ မိတ်ဆွေဘော်ဒါတွေ၊ တနင့်တပိုးရလာတယ်။
သူတို့လေးတွေဆီက ဝေဖန်အကြံပေးမှုလေးတွေ ခင်မင်မှုလေးတွေရတော့ အတိုင်းအဆမသိ ကျေနပ်တယ်။
ပျော်ရွှင်တယ်။ ကြာလာတော့ဒီဘလော့နဲ့ပက်သက်ပြီး ဒါဟာကျနော့ ဘ၀တစ်ခုဖြစ်လာတယ်။
မသိသေးဘူး။ ဘလော့ကိုအကျယ်အပြန့် မလုပ်နိုင်သေးဘူး။ နည်းပညာတွေကို မသိသေးဘူး။
ဒီဘလော့မှာ ကိုယ့်ရဲ့ရင်တွင်းခံစားချက်တွေကို တင်ပြလို့ရတယ်။ ပေါက်ကွဲလို့ရတယ်။ နားထောင်ပေးတယ်။
လက်ခံပေးတယ်။ သူငယ်ချင်းတွေ ဘလော့ကိုသွားလည်ရင်လည်း စိတ်အပန်းပြေတယ်။
ပြီးတော့ ဗဟုသုတတွေအများကြီင်္းရတယ်။ လွပ်လပ်မှုရှိတယ်။ အတားအဆီးမရှိဘူး။
ကန့်သတ်မှုမရှိဘူး။ ဒါကိုဘ၀တစ်ခုဖြစ်နေတဲ့ ကျနော်လေ သူငယ်ချင်းတွေအပေါ် လစ်ဟာမှုတွေရှိလာတယ်။
ပျက်ကွက်လာတယ်။ အစစအရာရာကူင်္ညီပေးတက်တယ်တဲ့ ကျွန်တော် အရင်လိုမဟုတ်တော့ဘူး။
ကွန်ပျူတာရှေ့ရောက်ရင်ကို အရာအားလုံးကို မေ့လာတယ်။ လောကကြီင်္းမှာ ဘယ်သူမှမရှိတော့ဘူး။
ကျနော်ရယ် သူငယ်ချင်းတွေ(အွန်လိုင်းမှ) ပဲရှိတော့တယ်။ တစ်နေ့တစ်နေ့ ကျနော့်အသံတွေ တိတ်ဆိတ်
လာတယ်။ လူမှုရေးမသိတော့ဘူး။ ခရီးဆိုလည်း လာမခေါ်နဲ့ လုံးဝမလိုက်ဘူး။
“အဖွဲ့လိုက်သွားရမှာနော်” ။ နိုးပဲ မလိုက်။ “ပြင်ဦးလွင်လေ သွားမယ်လေ”။ “ဟင့်အင်” ပဲ။
“အပြင်ခဏသွားရအောင်” “ဆောရီး” ။ ဒါစကားတွေပဲ ပြောတတ်တော့တယ်။ ကိုယ့်ကို အရမ်းစကား
များတယ်လို့ အသိအမှတ်ပြုထားသူတွေ အားလုံးနားမလည်နိုင်တော့ဘူး။ ကြာလာတော့ သူတို့တွေဘာပြော
လည်းဆိုရင် သူတို့ရင်ထဲမှာ ခံစားလာရတာက “စိန်မမက ငါတို့တွေကို တစ်ကယ်မခင်ပါဘူး။
ဘလော့နဲ့တွေ့ရင် အရာအားလုံးကို မေ့သွားတယ်။ ဘလော့နဲ့သူတို့နဲ့လဲနိုင်တယ်ပေါ့။”
အဲဒီအချိန်ပြန်ငြင်းမိတယ်။
“မဟုတ်ပါဘူးကွာ။ နင်တို့ထင်သလိုမဟုတ်ပါဘူး။ အထင်လွဲနေတာပါ။
မင်းတို့ကိုငါ တစ်ကယ်ခင်ပါတယ်”။ .. “မယုံဘူးအစ်မရေ .....စကားတွေအက်ကြောင်း ထပ်နေပြီ။
ပြင်ပြီးပြောအုံး။ ...တခြားစကားတွေ ပြောင်းပြောပါအုံး”။ ..လို့ကိုယ့်ကိုပြန်ပြောကြတယ်။
သူတို့တွေကို ကိုယ်ကမခင်တာမဟုတ်ဘူး။ ဘလော့မှာမျောပါသွားတာ။
ဒါကတော်သေးတယ်။
ကျနော့်ရဲ့ အကြီးမားဆုံး အဆိုးဝါးဆုံး ပြစ်မှုကပြောပြမယ်။
ဒါကိုပြောပြချင်လို့ ဒီစကားလုံးတွေကို ချရေးမိနေတာ။ ကိုယ့်မှာသူငယ်ချင်း ၂ယောက်ရှိတယ် ။
အချစ်ဆုံးပေါ့...။ကျောင်းမှာကတည်းကအတူတူ။ ပြီးတော့အမြဲ အတူနေတာ။ အိမ်မှာဆိုရင် သူတို့နဲ့ပဲနေတယ်။
အမေနဲ့တောင် အဲဒီလောက်အနေမကြာဘူး။ ၁ယောက်က ကျနော့ရဲ့ညီမလို့ပြောရမယ်။ ၂ယောက်စလုံးက
ကျနော်နဲ့အတူတူ။ BE ကိုအတူတူပြီးကြတယ်။ ME တန်းကို၁ယောက်မတတ်ဘူး။ မေသူ၊ ဇာကြီး ပေါ့၊
သူတို့ကကျနော်နဲ့ မေဂျာမတူဘူး။ ကျနော့်အပေါ်အရမ်း ချစ်ကြတယ်။ ကျနော်လည်းချစ်တယ်။
သူတို့၂ယောကက်မိန်းမမဆန်ကြဘူးလေ။ မိန်းမမဆန်ဘူးဆိုတာ နေပုံထိုင်ပုံမဟုတ်ပါဘူး။
စိတ်ဓာတ်ကိုပြောတာပါ။ အတင်းမတုတ်ဘူး။ ဂျီးမများဘူး။ ပဲမများဘူး။ ပီစီကလီမဟုတ်ဘူး။
ပြတ်သားတယ်။ သူများအပေါ် မနာလိုတရားမရှိဘူး။ ကြင်နာတယ်။ ဒီလိုအလှပတရားလေးတွေကို ပိုင်ဆိုင်
ထားကြတယ်။ ကိုယ့်ငချဉ်ကို အပြတ်အသတ်ချဉ် နေတာတော့မဟုတ်ပါဘူး။ သူတို့၂ယောက်မှာ
ကိုယ်ချစ်ရတဲ့ အကျင့်ရှိသေးတယ်။ အဲဒါက ၁ယောက်နဲ့ ၁ယောက် ကျနော့ကို လုကြတာလေ။
ဟားဟား ပျော်စရာကောင်းတယ်။ ကျေနပ်စ၇ာကြီးပေါ့။ ကျနော်နဲ့သူတို့ ၂ယောက်က ညီအစ်မတွေထက်ကို
ချစ်ကြသေးတယ်။ ပျော်ရွှင်ခဲ့တဲ့ နေ့ရက်တွေကလည်း အများကြီးပဲ။ ကျနော့်ကို ကျန်းမာရေးလူမှုရေး
အစအဆုံးကို စိတ်ပူပန်ပေးကြ၊ တွေးတောပေးခဲ့ကြတယ်။ ကျနော်ဘာဖြစ်နေလဲ မျက်နှာတစ်ချက်အညှိုး မခံဘူး။ ကျနော်တို့ ၃ယောက်မှာ ကျနော်က အကြီးဆုံးလေ။ ဒါပေမယ့် သူတို့နဲ့တွေ့ရင် ကျနော်က အငယ်
ဆုံးဖြစ်နေပြန်ရော။ ကျနော်နေမကောင်းတိုင်း ပြုစုခဲ့ကြတယ်။ စိုးရိမ်ပူပန်ပေးခဲ့ကြတယ်။ ကျနော်အိမ်ပြန်ရင်
ကားဂိတ်လာကြိုပြီး မုန့်တွေအမျိုးမျိုးလုပ်ကျွေးတယ်။ အတူတူထိုင်ခဲ့ကြတဲ့ Unison tea center လေးက
ကျနော်တို့အားလုံးရဲ့ ခင်မင်မှုတွေကို သက်သေခံအဖြစ်အမြဲ ရပ်တည်ပေးတယ်။ မိုးကိုသိပ်ကြိုက်တဲ့ ကျနော် တို့၃ယောက်ဟာ မိုးရေထဲမှာလည်း အတူတူလျှောက်လည်ခဲ့ဘူးတယ်။ ပြောပြရတာ ကျနော်တို့ရဲ့ခင်မင်မှုကို
ချစ်ခင်မှုကို ပေါ်လွင်အောင်ဖော်မပြနိုင်ဘူး။ ကျနော့်ကို အရမ်းအလိုလိုက်ပြီး ဘာမဆိုဖြည့်ဆည်းပေးခဲ့တဲ့
သူငယ်ချင်းကောင်း ၂ ယောက်ပါ။ ကျနော်ကမကောင်းဘူး။ သူတို့ပေးသလို ခင်မင်မှုကို ပြန်မေပေးခဲ့ဘူး။
မေသူစာမေးပွဲလာဖြေတယ်။ ကိုယ့်မှာတာဝန်ရှိတယ်။ ကိုယ်ကူညီရမယ်။ ဖေးမရမယ်။ အားပေးရမယ်။
ကိုယ်စာမေးပွဲမအောင်တုန်းက သူတို့အားလုံးငိုကျွေးခဲ့ ကြတယ်။ ကိုယ့်အတွက်စိတ်ထိခိုက်ခဲ့ကြတယ်။
ဝမ်းနည်းမဆုံးဖြစ်ခဲ့ကြတယ်။ ဒါတွေကို ကိုယ်သိရဲ့နဲ့။ ကိုယ်တာဝန်မကျေခဲ့ဘူး။
မေသူလာကတည်းက မအားလပ်တဲ့ ကိုယ့်အလုပ်တွေကြားမှာ နစ်မြောရင်း လစ်လျုရှုခဲ့တယ်။
ကိုယ်ကသွားတွေ့ရမှာကို မသွားတတ်မလာတတ်တဲ့ မေသူကပဲ ကိုယ့်ဆီလာလာတွှေ့ရတယ်။
အချိန်တွေသာ ကုန်သွားတယ်။ သူ့ဆီကိုယ်ရောက်တာထက် ကိုယ့်ဆီပဲ သူရောက်ရောက်လာရတဲ့ အကြိမ်ရေတွက် ကများနေတယ်။ မနေ့ကသူစာမေးပွဲပြီးသွားတယ်။ တစ်ချက်ကလေးကိုယ် အားမပေးလိုက်
ရဘူး။ အားငယ်နေမှာပဲလို့လည်းတွေး မပူမိခဲ့ဘူး။ကိုယ်က ဒီလောက်မကောင်းတဲ့သူငယ်ချင်းပါ။
ကိုယ့်တုန်းက ဘုရားမှာဆုတောင်းပေး။ ကိုယ်viva ၀င်ချိန်ကို ဘုရားမှာကုသိုလ်ပွားများပြီး ဆုတောင်းပေးခဲ့
တဲ့ သူပါ။ ဒါတွေကျနော့် အလှည့်မှာပြန် လုပ်မပေးနိုင်ဘူး။ လိုက်ပို့ပေးဖို့ဝေးလို့ ဖုန်လေးနဲ့တောင်အား
မပေးခဲ့ရဘူး။ မနေ့ကသူပြန်ရမယ်လို့ ဖုန်းဆက်တယ်။ ကိုယ့်ကိုလာခဲ့ဖို့ သူ့ဆီလာတွေ့ဖို့ ပြောတယ်။
သူဈေးကစောင့်နေမယ် ဆိုပြီးကိုယ့်ကိုပြောတယ်။ ညနေ၃နာရီမှာ ဖုန်းဆက်လာတယ်။
ထုံးစံအတိုင်းလေ စိန်မမ တို့ကတော့မအားလပ်ဘူးဆိုပြီး ကွန်ပျူတာရှေ့က ခွာမရဘူး။ ကိုယ်မစဉ်းမိဘူး။
သူတစ်ယောက်လည်းပါလားဆိုတာကို။ ကိုယ့်ရဲ့အလုပ်ဆင်းချိန်က ညနေ ၄ နာရီခွဲမှ ဆိုပြီး
သှူုဆီကို ညနေ၅နာရီမှ ရောက်သွားခဲ့တယ်။ ပုံမှန်အတိုင်းတွေ့ရတယ် ဆိုကျနော်ဘာမှမဖြစ်ဘူး။
အခုဟာက ကိုယ်ရောက်သွားချိန်မှာ သူ့ကိုရှာမတွေ့တာပဲ။ ကိုယ်အဲဒီင်္အချိန်ရောက်မှ မျက်လုံးတွေပျူးလာ
တယ်။ အပြင်းအထန်စိတ်ပူလာတယ်။ “အစ်မညီမလေးမှာ ပိုက်ဆံမကျန်တော့ဘူး။ အိမ်ကဒီနေ့ပြန်ရမှာ”
ဆိုတဲ့အသံလေး.. အားကိုးသံလေး။ ၀မ်းနည်းသံလေး။ အာအခုမှ ကျနော့်ရဲ့ စိုးရိမ်ပူပန်မှုတွေဟာ
ငယ်ထိပ်ကို စောင့်တိုးလာတယ်။ လူတွေအများကြီးအလည်မှာ ကိုယ်သူ့ကိုလိုက်ရှာတယ်။ ဘယ်လိုမှမတွေ့ ဘူး။ ခေါင်းတွေမူးလာပြီ ..စိုးရိမ်စိတ်တွေ ရင်ထဲကအပူမီးတွေ အရမ်းကိုများပြားလာပြီ။
ကိုယ်မှားတာ ..မတွေ့ဘူးဘယ်မှာမှ ရှာမရဘူး။ ကိုယ့်မျက်လုံးတွေပြာလာတယ်.။ ငိုချင်လာတယ်။ ဒီလောက်
များပြားတဲ့လူတွေကြားမှာ သူဘယ်ရောက်နေလဲ။ ဘယ်လောက်များအားငယ်နေလိုက် မလဲ။
ဘာတွေဖြစ်ကုန်လည်း။ သူအဆင်ပြေလား။ အား..မောလာတယ်။. ရင်ထဲမှာအရမ်းကို တင်းကျပ်လာတယ်။
ညနေမှောင်ချိန်ထိ ကိုယ်လိုက်ရှာတယ်။ အတွေ့ရဘူး။ အိမ်ပြန်လာချိန်ထိ ကိုယ့်ရင်တွေပူလောင်နေတယ်။
ဒီလိုနဲ့ ကိုယ့်မှာစိုးရိမ်ပုပန်နေခဲ့ရတယ်။ ဒါတွေအားလုံးကိုယ့်အမှားပါ။
ကိုယ့်ရဲ့လစ်လျူရှုမှုတွေပါ။ သူပြန်ရောက်ပြီလားမသိသေးဘူး။ သူချောချောမောမောရောက်ရဲ့လား။
တစ်စုံတစ်ခုဖြစ်လာရင် ကိုယ်လောက်မုန်းစရာကောင်းတဲ့သူ ကိုယ်လောက်မကောင်းတဲ့သူ
မရှိတော့ဘူး။ ဒါတွေအားလုံးဟာကိုယ့်ရဲ့ ရက်စက်မှုတွေပါ။
သူဖုန်းဆက်လာတယ်။
“အစ်မ..ညီမလေးပြန်ရောက်ပြီ ...လုံးဝစိတ်မပူနဲ့နော်..
ညီမလေးအစ်မကို အရမ်းလွမ်းတာပဲ.... တစ်ညပဲအတူတူအိပ်ရတယ်။ အစ်မကိုကောင်းကောင်း ဂရုမစိုက်
ခဲ့ရဘူး။ ပြုစုရအောင်လည်းး အချိန်မအားခဲ့ဘူး။ ညီမလေး..စိတ်မကောင်းဘူး။ အစ်မပိန်သွားတယ်။
ညီမလေးရဲ့လက် ရာလေးတွေကို သိပ်ကြိုက်တဲ့ အစ်မကို ချက်မကျွေးခဲ့ရလို့ စိတ်မကောင်းဘူး။
အစ်မကျန်းမာရေးဂရုစိုက်နော်။ အလုပ်တွေအရမ်းပိနေတဲ့ အစ်မကို သနားတယ်။
မနေ့ကညီမလေး စိတ်ပူနေတာ အစ်မတော့ ယောင်လည်လည် ဖြစ်နေပြီလို့။
ညီမကိုစိတ်ပူရတာ တော်တော်များနေလောက်ပြီလို့။ ညီမဖုန်းဆက်သေးတယ်။
အစ်မကို အရမ်းလွမ်းတယ်။”
အား ကိုယ့်ကိုအပြစ်မတင်ပဲ သူကစိတ်ပူနေတယ်လေ။
ကဲကိုယ်မမှားဘူးလား.
ကိုယ့်အမှားတွေအတွက်တောင်းပန်ချင်တယ်။ သူမသိဘူး။
ကိုယ်ပဲသိတယ်။ ကိုယ်နောက်ဒီလိုမဖြစ်စေရဘူး။
ကိုယ့်ကိုကတိတွေအထပ်ထပ်ပေးနေမိတယ်။

1 comment:

မိုးအိမ် said...

ခုမှဘဲ ဖတ်မိတော့တယ်....ဘယ်တုန်းကမှန်းလဲ မမှတ်မိတော့ဘူး

Related Posts Plugin for WordPress, Blogger...