Friday, December 21

မွေးနေ့ဆုတောင်း

ဒီနေ့ ကျနော့သူငယ်ချင်း မွေးနေ့လေ..။မိုးလင်းကတည်းက ဘုရားမှာဆုမွန်ကောင်းတွေ
ချွေနေတာ...သူ့အတွက်ပေါ့...။ ဒီနေ့တစ်ခုမှအဆင်မပြေဘူး..။မနက်ကတည်းက သူ့ဆီဖုန်းခေါ်တာ..
မအားဘူး..။ ဟောရုံးရောက်တော့လည်း... မီးပျက်နေပ..။ အား ရေလည်လေတယ်....။
အခုချိန်ထိ BIRTHDAY WISHED မလုပ်ရသေးဘူး...။
သူလည်းကျနော့ဆီက ဖုန်းကိုမျှော်နေလောက်ပြီ...။
ကျနော့သူငယ်ချင်းလေး မွေးနေ့ကိုအတူတူမဆင်နွှဲရဘူးလေ.....။
ဘယ်ရမလဲ......သူမရှိလည်း ဘလော့ပေါ်က သူငယ်ချင်းတွေနဲ့ ဆင်နွှဲလိုက်ပြီ...။
မွေးနေ့ပွဲလေးကို တက်ရောက်အားပေးကျ သောသူငယ်ချင်းမိတ်ဆွေ အပေါင်းကို ကျေးဇူးအထူးပင်
တင်ရှိပါကြောင်း....။




မွေးနေ့ဆုတောင်း
မေသူ.........
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်း
မကျတဲ့လောကကြီးမှာ
ဆန္ဒနဲ့ဘဝ
တစ်ထပ်တည်းမကျရင်တောင်မှ
ဖြစ်လာတဲ့ အကြောင်းအရာ အားလုံး
စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်ပါစေ။


၂၂နှစ်မြောက်မွေးနေ့မှသည်
နောင်နှစ်ပေါင်းများစွာတိုင်
ပျော်ရွှင်မှုအပေါင်းနှင့်
ပြီးပြည့်စုံသောဘ၀ကို
ပိုင်ဆိုင်နိုင်ပါစေ။


စိန်မမ

No comments:

Related Posts Plugin for WordPress, Blogger...