အဲဒီနေ့က သူသာမလာဖြစ်ခဲ့ရင်
အဲဒီနေ့က တစ်ကိုယ်တည်း ၀မ်းနည်းအားငယ်မနေခဲ့ရင်
အဲဒီနေ့က တို့တွေမတွေ့ခဲ့ကြရင်
အဲဒီနေ့က သူ့ကို ယုံကြည်တိုင်တည်အားကိုးစရာလို့ မသတ်မှတ်မိခဲ့ရင်
အဲဒီနေ့က သူ့အကြည့်တစ်ချက်မှာ မနစ်မွန်းခဲ့ရင်
အဲဒီနေ့က မေတ္တာ၊စေတနာတွေ စိတ်ပူပန်ပေးမှုတွေ သူ့မှာမရှိခဲ့ရင်
အဲဒီနေ့က ကိုယ့်မျက်လုံးရဲ့ ရိုးသားမှုတွေကို သူသာသတိမထားမိခဲ့ရင်
အဲဒီနေ့က ၀မ်းနည်းကြေကွဲစွာ စိတ်ဓာတ်တွေအပြိုင်းပြိုင်းမကျခဲ့ရင်
အဲဒီနေ့က ကြင်နာယုယမှုများစွာနှင့် ဖေးမကူတဲ့လက်တစ်စုံရဲ့ ကမ်းလှမ်းချက်မှာ သာယာမနစ်မွန်းမိခဲ့ဘူးဆိုရင် …..
အဲဒီနေ့က ကိုယ့်စိတ်တွေ အမှောင်ဖုံးလွှမ်းမနေခဲ့ဘူးဆိုရင်..
အဲဒီနေ့က နှလုံးသားမှာ မျက်ရည်မိုးတွေ ရွာသွန်းမနေခဲ့ဘူးဆိုရင်…
အဲဒီနေ့က သူရဲ့ မေတ္တာဆိုတဲ့ ထီးကလေးတစ်ချောင်း အုပ်မိုးမနေခဲ့ဘူးဆိုရင်…
အဲဒီနေ့က သိစိတ်နဲ့ မသိစိတ်ရဲ့ လွန်ဆွဲပွဲမှာ ကိုယ့်သိက္ခာတရား၊ ကိုယ်ကျင့်တရား အားလုံး တန်ဆာခံဖြစ်မယ်ဆိုတာ သိခဲ့မိရင်….
အဲဒီနေ့က လောကရဲ့ ထူးခြားဆန်းပြားတဲ့ အဖြစ်အပျက်အားလုံးကို နားလည်မပေးခဲ့မိဘူးဆိုရင်…..
အဲဒီနေ့က ကံကြမ္မာရဲ့ လှည့်ကွက်တွေအလည်မှာ သင်္ခါရတရားကို မဆန့်ကျင်ခဲ့မိဘူးဆိုရင်
အဲဒီနေ့က သူဆောက်ခဲ့တဲ့ နားလည်မှုအိမ်လေးထဲမှာ ၀င်ရောက်နားမခိုမိခဲ့ဘူးဆိုရင်…
အဲဒီနေ့က တိုတောင်းလှတဲ့ လူ့ဘ၀ထဲက အချစ်စစ်ရဲ့ နေ့လေးတစ်နေ့ကို ရရှိပိုင်ဆိုင်လိုက်တယ်ဆိုတာ …….နှလုံးသားက နားလည်လက်ခံမပေးခဲ့ရင် ……..
အဲဒီနေ့က တို့နှစ်ယောက်ရဲ့ နားလည်ယုံကြည်ခြင်းတွေဟာ ဒီနေ့မှာ အိမ်မက်တစ်ပုဒ် ဖြစ်ခဲ့မယ်ဆိုတာကြိုသိခဲ့ရင်……..
ဒီနေ့ ဖြစ်ချင်မှုထက် ဖြစ်သင့်မှုကို ဦးစားပေးလျှောက်လှမ်းရတဲ့ ကိုယ့်ရဲ့ ဘ၀ခရီးလမ်းမှာ ရင်နာစွာ ချနင်းခဲ့ရတဲ့ သူ့နှလုံးသားလေးကို ခုလိုမတော် တဆခလုတ်တိုက်မိခဲ့မှာ မဟုတ်ပါဘူး…သူရယ်..။
အခြေအနေမပေးတဲ့ ချစ်သူနှစ်ဦးရဲ့ ခံစားချက်များကို မျှဝေခံစားရေးဖွဲ့သည်..။
16 comments:
ခလုတ်လဲတိုက်သေး တယ်
ချလဲနင်းသေးတယ် အတော်ဆိုးတဲ့ကောင်
ခုတော့
နလုံးသားဖိနပ်မှာကပ်ပါလာပီး သွားလေနင်းလေရာ လျေက်ပေကုန်တော့မှာဘဲနော်..
အဲ့ဒီနေ့ကလေ ခုလုပ်တိုက်ပြီးတော့ ချွေးချီးနင်းမသိသေးလားမသိဘူးနော်မပေခရမ်း..........ဟီးးးးးးးးးးး စတာဗျို့ ကောင်းတယ်ဗျာရေးထားတာလေး.............. အဆင်ပြေပါစေဗျာ...................။
Hi ,
I has been linked your blog in mine,too.
I like this post.
Go on!!!
Please take my sharing.
:)
အရင်တစ်ခါကတော့ ဗလာနတ္ထိလူသားတဲ့။ ခုတော့လည်း အလိမ်ပေါ်သွားပြီ။ အဲဒီနေ့က ခံစားချက်တွေကို ဖြေဖျောက်နိုင်ပြီး ဘ၀သစ်မှာ ပျော်ရွှင်ပါစေ..။
လေးစားစွာဖြင့်...
ပြည့်စုံအောင်
အရင်တစ်ခါကတော့ ဗလာနတ္ထိလူသားတဲ့။ ခုတော့လည်း အလိမ်ပေါ်သွားပြီ။ အဲဒီနေ့က ခံစားချက်တွေကို ဖြေဖျောက်နိုင်ပြီး ဘ၀သစ်မှာ ပျော်ရွှင်ပါစေ..။
လေးစားစွာဖြင့်...
ပြည့်စုံအောင်
တော်တော်ဖီးလ်ဖြစ်သွားတယ်...ကဗျာလေးက
ဆွဲဆောင်သွားတာ ကဗျာထဲကိုပါသွားတယ်...
ကောင်းတယ်ကွာ ကဗျာလေးကကြိုက်တယ်...
အောက်ဆုံးကြောင်းလေးမှာ ရင်နင့်သွားတယ်...
. . . . ဆိုရင်...
အိပ်မက်ဆိုတာ အချစ်ဆိုတာတွေ မရှိခဲ့ရင်.. ဖြစ်မလာခဲ့ရင်.. တို့တွေလည်း ဒီမှာ ရှိမနေလောက်ဘူးထင်တယ်.. ။
ခရေ မျှဝေခံစားပုံလေး မိုက်တယ်..
ပျော်ရွှင်ပါစေ ပန်းခရေ..
:-)
တွေ့ဆုံမှုတိုင်းမှာ အဓိပ္ပာယ်ရှိတယ်လို့တော့
ထင်တယ်မမရ ... တွေ့ဆုံမှုတိုင်းမှာလဲ
ရေစက်ပါမယ်လေ ... ၀မ်းနည်းဖို့အတွက်တွေ့
ဆုံမှုဆိုရင်တော့ ... ကိုယ့်ဘက်ကသူကိုအရင်ဘ၀ ကအကြွေးကျန်ခဲ့
လို့ ဒီဘ၀မှာပြန်ပေးဆပ်ရမှာပေါ့ ...
လျောက်ပြောကြည့်နေတာပါမမ
ဘာပဲဖြစ်ဖြစ်ကဗျာလေးကတော့တမျိုးကောင်းနေ
ပါတယ်.... အပိုဒ်တိုင်းလာပြီဝေဖန်မှာနော်
ဒီနေ့ကစပြီ ... :)
နေ့တိုင်းလာပြီဝေဖန်မှာနော်မမ
အခုတော့မဝေဖန်သေးပါဘူး
ကဗျာကဖြစ်ရပ်မှန်လား
သိချင်လို့ ..........:)
ကဗျာကဖြစ်ရပ်မှန်လားသိချင်ပါတယ်ဗျို့
အဲဒီနေ့ကဘယ်နေ့လဲဗျ။
မင်္ဂလာပါရှင်...
ညီမက အခုမှ အလည်တခေါက်လာရောက်သူပါ..။ ပန်းခရေဘလော့လေးကို အရမ်းနှစ်သက်မိပါတယ်..။ ကဗျာလေးတွေလည်း အကုန်လုံး ဖတ်သွားပါတယ်..။ နောက်ဆို အမြဲပဲ လာလည်မယ်နော်...။ ပန်းခရေ ဘလော့နဲ့ တွေ့ခွင့်ရတဲ့အတွက် အရမ်းကျေးဇူးတင် မိတယ်..။ ကဗျာလေးတွေကို အရမ်းကြိုက်တယ်...။ အပေါ်ဆုံးက ကဗျာလည်း ကောင်းသလို နောက်က ကဗျာလေးတွေလည်း အရမ်းကောင်းတယ်.။ ကိုယ့်ခံစားချက်နဲ့ပဲ တိုက်ဆိုင်နေသလိုမျိုးပဲလေ..။
အဲနေ့က ... အခုကဗျာလေးကို မဖတ်မိခဲ့ရင်
ဒီနေ့ ရင်ထဲမှာ အမည်ဖော်မပြနိုင်တဲ့ ခံစားမှုတစ်ခုကို ခံစားမိမှာ မဟုတ်ဘူး ... ။
ကဗျာလေး သိပ်ကောင်းတယ် ညီမငယ် ပန်းခရေ ... ရေ ... ။
အချစ်ဆိုတာမှာ ပေးဆပ်ခြင်း၊ ရယူခြင်း၊ ပိုင်ဆိုင်ခြင်း၊ ဆုံးရှုံးခြင်းနဲ့ အခြား လူသားတွေ နားမလည်နိုင်သေးတဲ့ အစိတ်အပိုင်းတွေ အများကြီးပါပဲ ...
နားလည်အောင် ကြိုးစားရင်းနဲ့ ဘ၀ရဲ့ နေ၀င်ချိန်တွေ တိုင်သွားခဲ့ကြရတာ ...
ရင်ထဲကို လှစ်ကနဲ မဟုတ်ပဲ ဒိုင်းကနဲ ခုန်ဝင်သွားတဲ့ ကဗျာတစ်ပုဒ်ပါလေ ... ။
နှစ်ခြိုက်မိပါရဲ့ ... ဗျာ ... ဆက်လက်အားပေးနေပါတယ်နော် ...။
ခင်မင်လေးစားစွာဖြင့် အကိုကြီး
ဖတ်ရင်းဖတ်ရင်းကြေကွဲလာတယ်....
ကောင်းလိုက်တာ...ကဗျာရယ်....
တယ်ဟုတ်နေပါလားကွ..ဟေ
သူများကိုတောင်ခံစားပေးနေတယ်..
ချိန်မနော်.. ပြောချင်ဘူး...ဟဟဟ :D
တယ်ဟုတ်နေပါလားကွ..ဟေ
သူများကိုတောင်ခံစားပေးနေတယ်..
ချိန်မနော်.. ပြောချင်ဘူး...ဟဟဟ :D
Post a Comment