Saturday, July 5

လောင်းရိပ်အောက်က ကဗျာ

လောင်းရိပ်ကဗျာတစ်ပုဒ်
အနှစ်ချုပ်ကို ထုတ်နှုတ်ရွတ်ဆို
ခံစားချက်အပိုမပါတဲ့
နေ့နဲ့ညတွေ ဆွေးနေတယ်...။

အတွေးမြစ်ပြင်ကျယ်မှာ
လေသာယာ ယိမ်းတဲ့လှိုင်းကို
ဘ၀ရိုင်းပမာ မခိုင်းနှိုင်းလိုပါဘူး
ကမ်းကပ်တဲ့ လှိုင်းအယက်မှာ
ဗေဒါလိုဘဲ မျောခွင့်ရရ...။

မျောပါရင်းက တေးသီ
ရနဲ့သည်ပင် သင်းပျံ့မျှရုံ
ကုမုဒ္ဒြာ ဘယ်လိုပုံနှိုင်းရ
ရိုင်းပျမှုသာ ထင်အပ်လိမ့်မယ်
ရနံ့မကြွယ်တဲ့ လှိုင်းပျော်ငယ်...။

လှိုင်းပေါ်မှာပျော် လှိုင်းကိုကျော်
လှိုင်းမာန်ကိုတင်း လှိုင်းချက်ပြင်းဒဏ်
လှိုင်းထိပ်မှာမွေး လှိုင်းနဲ့ပြေးတဲ့
လှိုင်းထဲကခရီး ဘ၀မီးကို
ရုန်းရင်းတန်ပြန် အားမာန်ခံတက်
ပန်းပန်လျှက်ပါ...။ ။

ဒီကဗျာလေးက သူငယ်ချင်းတစ်ယောက်က ကျနော့ကိုလက်ဆောင်ပေးထားတဲ့ကဗျာလေးပါ..။

6 comments:

U NU OF BURMA said...

ရုန်းရင်းတန်ပြန် အားမာန်ခံတက် ပန်းပန်လျှက်--ဗရာဘိုး
..ဘန်းတောင်ကိုခွကျော် access denied ကိုအတင်းတိုးဝင်ခဲ့ရ သောကြောင့် လားတော့မသိ အားရှိ၏..ကောင်း၏

Anonymous said...

လှိုင်းပေါ်မှာပျော် လှိုင်းကိုကျော်
လှိုင်းမာန်ကိုတင်း လှိုင်းချက်ပြင်းဒဏ်
လှိုင်းထိပ်မှာမွေး လှိုင်းနဲ့ပြေးတဲ့
လှိုင်းထဲကခရီး ဘ၀မီးကို
ရုန်းရင်းတန်ပြန် အားမာန်ခံတက်
ပန်းပန်လျှက်ပါ...။ ။


လောင်းရိပ်အောက်မှာဆိုပေမယ့်ပန်းပန်ဆဲ...:D

ကိုသူ said...

မဗေဒါ..အံကိုခဲ....ပန်းပန်လျက်ပဲ ဆိုတဲ့ကဗျာလေးလိုပဲ
လောကဓံကို ကြံကြံခံရင်း ဘ၀အမောတွေပြေပျောက်ပါစေဗျာ.. :)

၀ဿန်ဦး said...

စိတ်အားဖြည့်ကဗျာလေးပဲကွ.. ကြိုက်တယ်ကွာ..

အညာသား said...

“ပန်းပန်လျှက်ပါ” ....။
အဲလိုပဲဖြစ်ရမှာပေါ့ အဒေါ်ရယ်...။ :)

Anonymous said...

ဘယ်သူငယ်ချင်း လက်ဆောင်ပေးထားတာလဲကွ တော်တော် ကောင်းတယ် ဘာပဲဖြစ်ဖြစ် အားပေးစကား ပြောပေးတဲ့ သူငယ်ချင်းရှိတော့ အားတက်တာပေါ့ မဟုတ်ဘူးလား ပန်းခရေ မဟုတ်တော့တဲ့ မဗေဒါရေ့ ပျော်ရွှင်ပါစေဗျာ။

Related Posts Plugin for WordPress, Blogger...