Thursday, June 26

သဘောတရားတွေကြားက အရူးတယောက်အကြောင်း

ငါ့အတွေးတွေ အားလုံးမမြင့်မားဘူး
ဒါပေမဲ့ ………………
မနိမ့်ကျဘူး
နိယာမသဘောတရားတွေ
နားမလည်ဘူး
ခံယူချက် သည်းခံမှု စိတ်နေစိတ်ထား
တည့်မှန်အောင် မထားနိုင်သေးဘူး………
အဲဒီအချိန်
ယုံကြည်မှုကောင်းကင်းကြီးက
တဖြည်းဖြည်း ပြိုလဲလာလိုက်တာ
သစ္စာရှိတဲ့
သဘာဝတရားက
ငါ့ကို မဲ့ပြုံးနဲ့ ကြည့်လို့………….
တကယ်တော့
ထောင့်မကျိုးတဲ့ ဒုလုံးရှည်
လောကကြီးရဲ့ သဘောတရားနဲ့
လူတွေရဲ့ အတ္တမာန
သဘာဝတရားကိုနားမလည်ဘဲ
နားလည်ချင်ယောင်ဆောင်နေတဲ့
လူသားတယောက်……..
အဲဒါက ငါ
ဖြစ်မှန်းမသိ ဖြစ်လာတာ
သမုဒ္ဓယတွေကို
ဇွတ်အခါခါ ခေါင်းခါရင်း……………….
ဒီလိုနဲ့ ငါဟာ
မင်းနဲ့ ရင်ဘက်ချင်းကြိုးညှိရင်း
ရင်ခုန်သံချင်းထပ်တူကျဖို့
ကြိုးစားနေတဲ့
အရူးတကောင်ဖြစ်ခဲ့……….

ပန်းခရေ (ရင်တွင်းဖြစ်)

9 comments:

မင်းသက်ပိုင် said...

လူ့သဘာဝကို အချားလိုက်တွေးရေးထားတဲ့ကဗျာဖြစ်လို့ ကြို့်ပါတယ်


အဲဒီအတွက် ပန်းခရေကို ကျေးဇူးတင်ပါတယ်

အညာသား said...

“ယုံကြည်မှုကောင်းကင်းကြီးက
တဖြည်းဖြည်း ပြိုလဲလာလိုက်တာ
သစ္စာရှိတဲ့ သဘာဝတရားက
ငါ့ကို မဲ့ပြုံးနဲ့ ကြည့်လို့”
အရမ်းကောင်းတဲ့စာသားလေးပဲ။
ပေခရမ်း ကံကောင်းပါစေ။

မင်းကျန်စစ်။ said...

ယုံကြည်မှုကောင်းကင်းကြီးက အမြန်ဆုံး အရောင်တွေ တောက်ပလာပါစေ အမေရေ။
ရူးတော့မရူးလိုက်ပါနဲ့အုံး။ ကဗျာကောင်းလေးတွေ ဆက်မျှော်ခွင့်ရှိပါရစေအုံးဟာ။

Unknown said...

အရူးတစ်ယောက်ရေ ရင်ဘတ်ခြင်းကြိုးညှိမလို့လား
တော်ကြာ ကြိုးညှိမိုးလင်း ဆိုသလို ဖြစ်နေဦးမယ်
မြန်မြန်သာ ညှိလိုက်တော့

Tea said...

အဲဒါက ငါ
ဖြစ်မှန်းမသိ ဖြစ်လာတာ
သမုဒ္ဓယတွေကို
ဇွတ်အခါခါ ခေါင်းခါရင်း……………….
ဒီလိုနဲ့ ငါဟာ
မင်းနဲ့ ရင်ဘက်ချင်းကြိုးညှိရင်း
ရင်ခုန်သံချင်းထပ်တူကျဖို့
ကြိုးစားနေတဲ့
အရူးတကောင်ဖြစ်ခဲ့……….


အရူးဘာလို့ဖြစ်သွားတာလဲ.. မေမေကတော့နော်.. ဟီးး.. အချစ်ကြောင့်လား.. ဘာလဲတော့ မသိဘူး.. ၃ခေါက်တော့ ဖတ်ခဲ့သည်။ ဖတ်လို့ကောင်းသည်။ အားပေးလျှက်.. :)

RePublic said...

ရင်ခုန်သံခြင်းတထပ်တည်းကျပါစေဗျာ..ဆုတောင်းပေးပါတယ်..အားပေးလျက်ပါ..

ein said...

ငါလည်း မင်းနဲ့ထပ်တူထပ်မျှပါ စိန်ကြီးရား)

Anonymous said...

ရူးတယ်ဆို နာလည်းပါမယ်နော် ဟီဟီ

Anonymous said...

ငါပိုင်ဆိုင်ချင်သော.......
ခပ်ညံ့ညံ့ငတုံးကနေ
ရွက်ကျပင်လို ရှင်သန်ရင်း
အတွေးတစ အဓိကသစ္စာတစ်ပုဒ်ပေါ့
အခုတော့လည်း
သဘောတရားတွေကြား
သည်းခံမှုစွမ်းအား
နည်းပါးသေးတော့.....ဟိ
အရူးမလေးပေါ့.....

Related Posts Plugin for WordPress, Blogger...