Sunday, June 15

အဖေ



လွန်ခဲ့တဲ့လေးနှစ်တာ

ကာလကတည်းက

ငါ့လုပ်ရပ်တွေ.....

ဖြစ်တည်မှုတွေ...

ရှင်သန်ခြင်းတွေ...

ပိုင်ဆိုင်မှုတွေ...

ဝမ်းနည်းအားငယ်မှုတွေ..

စိတ်ပျက်ထိခိုက်မှုတွေ...

ငိုကြွေးနာကြည်းမှုတွေ....

ပူဆွေးလောင်မြိုက်ခြင်းတွေ...

လက်ဝယ်ပိုင်ဆိုင်ထားတဲ့

ထိခိုက်နာကျင်မှုတွေ...

အားအင်ချည့်နဲ့နေတဲ့

ရပ်တည်ခြင်းတွေ...

ယိုင်နဲ့ပြိုလဲချင်တဲ့ စိတ်ဓာတ်တွေ....

စိတ်ဖိစီးအားငယ်မှုတွေ...စတဲ့

ခံစားချက်တွေအားလုံး....

ရင်နင့်စွာခံစားရင်း .

အဓိပ္ပာယ်မဲ့နေခဲ့တာများ....

အဖေဆိုတဲ့

အေးမြတဲ့မေတ္တာရိပ်ရင်ခွင်က

ကင်းလွတ်နေရချိန်စပြီး

ခုချိန်ထိ မေတ္တာငတ်မွတ်ရင်း

အဓိပ္ပာယ်မဲ့နေဆဲပါ....။


ပန်းခရေ(ရင်တွင်းဖြစ်)

7 comments:

Black Dream said...

Good :)

U NU OF BURMA said...

မာတာပီတုဥပဌာနံ......
ပီတု..ဖခင်ဟူသော အနန္တော၏ ဂုဏ်ကျေဇူးသည်ကား..
ကုန်ပေလေစေ ဖေဖေ့ ငွေနဲ့ ထွေထွေတတ်ကောင်း
သင်တို့ ကျောင်းဝယ် တတ်အောင်သာကွယ် အားမငယ်နှင့် လောကဓံထဲတိုးဝင်နွဲဖို့  လေးမျှားပမာ
မြတ်ပညာပေးတဲ့အပြင် ...
နေရေး စားဝတ် မယွင်းချွတ်တမ်း
သူဆင်လွမ်းခဲ့...
လမ်းကန္တာနွေမှာ စမ်းတံတျာရေစီးသကဲ့သို့ 
တမ်းတရသည့်မေတ္တာ ရေကြည်ချမ်းမြ
အနန္ဒလျှင် ဆင်ခြင်မပြတ် ပွါးလတ်သောခါ
ဖခင်ကျေးဇူး အထူးဆပ်ရာ ကျလေပါ၏ “မယ်ခရေ”သိလော့။
သင်ပြုသမျှ လူ့ ဘ၀၀ယ် တင့်တယ်စေရန်
စိတ်ရည်သန်၍ ကိုယ်ကျင့်မျှတ ထိမ်းသိမ်းကလျှင်
ချစ်စွာဖခင်မေတ္တာရှင်သည် ရောက်ရာဘဝ
ပီတိလှ၍ သောမန နှလုံးသူရွင်ပြုံးလိမ့်...
အသိ သိက္ခာ ညဏ်ပညာနှင့် ယှဉ်ကာမပြတ်
မာန်မာနကင်း နေတတ်ခြင်းဖြင့် ဖခင်ဂုနောအနန္တောကို ဆပ်ခြင်းအရာ မြည်ပါလေ၏ “မယ်ခရေ”သိလော့။
ပညာလက်နက် သိက္ခာစွက်၍ အားမာန်အပြည့်
နှလုံးညှိက အားငယ်စရာ ဖယ်ခွါသွေတိမ်း ချမ်းအေးငြိမ်းလိမ့် ...
ပီတု မာတာ ဖ မိ နှစ်ဖျာ၏
မေတ္တာခြုံလွှမ်းသစ္စာပန်းကြောင့်
မျက်နှာပွင့်လန်းအေးမြချမ်းအံ့
ပန်းအလှ“မယ်ခရေ”သိပါလေ။ ။

နောင်ထွန်း said...

လာလည်ပါတယ်မပန်းရေ...စာမေးပွဲမပြီးတဲ့ကြားကပဲ
အဖေ ဆိုတာလေးကိုဖတ်သွားပါတယ်........တူနေပါ့လား
ကွယ်.........ပျော်ရွှင်ပါစေလို့ပဲဆုတောင်းပေးခဲ့ပါတယ်...
ိကိုယ်စိတ်တိုင်းကျဖြစ်မလာတဲ့အခါ....လုပ်သင့်တာတွေလုပ်
နေရင်း ပျော်ရွှင်ဖို့ကြိုးစားနိုင်ပါစေရောပေါ့

Tea said...

this poem is ....

incredible :D

Anonymous said...

ပေခရမ်းရေ အဖေကဗျာလေးကောင်းတယ်။
kabrmakyay ၇ဲ့comment ကဗျာလဲ ကြိုက်တယ်ဗျာ။

Synchro 305 ~ said...

ပီတု မာတာ ဖ မိ နှစ်ဖျာ၏
မေတ္တာခြုံလွှမ်းသစ္စာပန်းကြောင့်
မျက်နှာပွင့်လန်းအေးမြချမ်းအံ့
ပန်းအလှ“မယ်ခရေ”သိပါလေ။ ။


အင်းလက်စွမ်းပြသွားတယ်...
ကို kabarmakyay မိုက်တယ်

သယ်ရင်းငါလာသွားတယ်
မအားလို့ မလာဖြစ်တာပါဟာ

:)

Anonymous said...

ှTAT poem is cool!

Related Posts Plugin for WordPress, Blogger...