Thursday, April 30

ဆက်ထုံး...

အကြင်နာ လွှမ်းနိုး
သစ္စာပျိုးနိုး မျှော်ကိုးသော်ငြား
ခွင့်လွှတ်ရတာများတော့
သံယောဇဉ်အမျှင်ကြိုးတွေလည်း
တစ်သက်အမုန်းပေးမယ့်
ဆက်ထုံးလေးတွေ
ဖြစ်ကုန်မှာစိုးတယ်....။

Sunday, April 5

ရေညှိတက်တဲ့ လမ်းကလေး

LITTL LANE

There a line of Khayay trees.
Blo0ming with flowers.
But, there no flower- pickers no walkers.
Empty it is, the poor lane.


ရေညှိတက်တဲ့ လမ်းကလေး

ပန်းတွေနဲ့ဝေ
ခရေရိပ်ပင်တန်း...
လမ်းလျှောက်သူ...
ပန်းကောက်သူ.....
လူသူမဲ့ပါလား
အိုဘယ်သည်လမ်း....။ ။


ခုတော့လည်း လမ်းလျှောက်သူတွေ ပန်းကောက်သူတွေနဲ့ ဝေနေပြီပေါ့ ပန်းခရေရေ........ ဟဲဟဲ.....

သူငယ်ချင်း ဒီကောင်းလေးက မဂ္ဂဇင်းတစ်အုပ်မှာ ဖတ်လိုက်ရလို့ အမှတ်တရ သတိတရရေးပို့လိုက်တဲ့ ကဗျာလေးတစ်ပုဒ်ပါ..။ သူငယ်ချင်းရေ ကဗျာလေးအတွက်ရော စာလေးအတွက်ပါ ကျေးဇူးတင်ပါတယ်...။ လမ်းသရဲပလာတာလေးကိုတော့ သတိရမိသား ..။ မောင်စေတနာကတော့ ငါ့ကိုကျွေးတောင်မကျွေးဘူးသိလား..အိအိ ..း`(..။ ဟဲ ဘလော့ပေါ် မှာတိုင်နေတာ လာများကျွေးမလားလို့ ..ဟိဟိ


Creative Commons License
Related Posts Plugin for WordPress, Blogger...