ဝက်ဝံလေးသို့ပေးစာ……..၀က်ဝံလေးရေ…မိုးလင်းမိုးချုပ် ၀က်ဝံလေးရဲ့ အသံနဲ့နိုးထအိပ်စက်ရတဲ့ ရက်တွေ များလာတော့ ၀က်ဝံလေးအသံမကြားရတဲ့နေ့ဟာ မျောက်ကလေးအတွက် တစ်ကယ်ကို အထီးကျန်ဆန်ပြီး ပူလောင်ရတယ်…။ ၀က်ဝံလေးရဲ့ တားတားအိပ်ချင်ပီ ဒါပဲနော် ဘလိုင်ဘလိုင်ဆိုတဲ့ ကလေးဆန်တဲ့ စကားသံကိုလည်း နှစ်သက်မက်မောမိသား..။ “ ၀က်ဝံလေးဗိုက်ချာတယ်…” ဆိုတဲ့ ကလေးသံလေးနဲ့ပြောတိုင်းလည်း ရူးမိုက်စွာ ရင်ခုန်ခဲ့တယ်…။ ကလင် …ကလင် သံကြားတိုင်း မျောက်ကလေးရဲ့ ရင်တွေခုန်တတ်ခဲ့ပြီ…။ ဖုန်းထူးချိန်တိုင်း တခြားချစ်သူစုံတွဲများနဲ့မတူ မျောက်ကလေးလို့ ခေါ်တတ်တဲ့ ၀က်ဝံလေးရဲ့ နှုတ်ဆက်သံနဲ့အတူ …….ဂျ လို့ အမြဲတမ်းထူးတတ်တဲ့ မျောက်ကလေးရဲ့ ထူးသံကိုလည်း နှစ်သက်စွာ မက်မောတတ်သေးသတဲ့…။ မျောက်ကလေးစိတ်ကောက် တိုင်း ဂျ လို့ပြန်မထူးမခြင်း မျောက်ကလေးကို အော်ခေါ်တတ်တဲ့ ၀က်ဝံလေးရဲ့ အကျင့်ကိုလည်း စိတ်ဆိုးစိတ်ကောက်ရင်း သဘောကျနှစ်သက်မိသား…။ ၀က်ဝံလေးက မျောက်ကလေးကို ဘယ်တော့မှ အလိုမလိုက်ဘူးနော်လို့ ၀မ်းနည်းစွာ ပြောတတ်တိုင်း မျောက်ကလေးကို အလိုလိုက်တာ မျောက်ကလေးမှ မသိတာတဲ့…။ မျောက်ကလေးဆိုးတိုင်း လက်ခံပေးတာထက် ၀က်ဝံလေးဆိုးသွမ်းတိုင်းကိုပဲ လက်ခံပေးရတာ များတဲ့အချိန်တွေမှာ မျောက်ကလေးဘယ်လောက်ထိ ပူပင်ရလဲ…။ ၀က်ဝံလေးဆီကို လာတဲ့ဖုန်းတိုင်းမှာ ကိုယ်ကလွဲရင် တခြားမိန်းကလေးတွေကို ပြန်မပြောစေချင်တာလဲ မျောက်ကလေးရဲ့ အတ္တတွေပဲထင်ပါရဲ့…။ ၀က်ဝံလေးက အရမ်းလိမ်မာတာပါပဲဆိုပြီး….ချော့ချည်တစ်လှည့် ……၀က်ဝံလေးနော် အဲလိုဆိုးနေတာ မျောက်ကလေးတစ်ကယ်ကို စိတ်ဆိုးတယ်ဆိုပြီး ခြောက်ချည်တစ်ခါ…ပြောလည်း ဘာမှမသိတဲ့ ကလေးသံနဲ့ ချွဲတတ်တဲ့ ၀က်ဝံလေးကိုလည်း စိတ်ပျက်စွာ ချစ်နေဆဲပဲဆိုတာလည်း …အမှန်တရားကြီးကိုဖြစ်လို့…။ဝက်ဝံလေးရဲ့ အပြုအမူတိုင်း လှုပ်ရှားမှုတိုင်းကို မမြင်တွေ့ရပေမယ့်…ဖုန်းထဲက အသံလေးနဲ့တင် ပုံဖော် မြင်တွေ့ရတာလည်း မျောက်ကလေးအတွက် ကြည်နှုးစရာတစ်ခုကိုဖြစ်လို့…။ မိုးလင်းအစော ဖုန်းဆက်မနှိုးတဲ့ရက်တွေမှာ မျောက်ကလေး အတွက်တစ်ကယ်ကို မရွှင်လန်းဘူး…။ မိုးချုပ် အိပ်တော့မယ်နော် ဘလိုင်ဘလိုင် အသံလေးမကြားရတိုင်း မျောက်ကလေး အိပ်စက်လို့မရဘူး….။ ၀က်ဝံလေးအပြင်သွားခါင်္နီးတိုင်း ဖုန်းဆက်အသိပေးတတ်တဲ့ အကျင့် အပြင်ကပြန်လာတိုင်း ဖုန်းဆက်အသိပေးတဲ့ အကျင့်လေး တစ်ရံတစ်ခါလောက် ပျက်ကွက်ရင်ကို မျောက်ကလေးမှာ အတွေးများစွာနဲ့ … ပူလောင်ရတယ်…။ ဘယ်လောက်လိမ်ညာလိမ်ညာ မျောက်ကလေးကို ပိရိအောင် မလိမ်တတ်တဲ့ ၀က်ဝံလေးရဲ့ အကျင့်အတိုင်း….မျောက်ကလေးအလိမ်ခံရ တဲ့အချိန်မှာလည်း သိသိကြီးနဲ့ ရင်နာစွာ ခွင့်လွှတ်ရစမြဲပဲ…။ စိုင်းစိုင်းရဲ့ အထီးကျန်သီချင်းအတိုင်း သိမ်ငယ်မှုများစွာနဲ့ မင်းမရှိတဲ့နေ့တွေတိုင်း တစ်ယောက်တည်းအားငယ်စွာ အချစ်ကို ယုံကြည်ကိုးကွယ်ခဲ့တာလည်း မျောက်ကလေးရဲ့ ရူးသွပ်မှုဖြစ်မယ်ထင်ပ…။ ၀က်ဝံလေး ဆိုးသွမ်းတိုင်း နာကြည်းတတ်တဲ့စိတ်…ခွင့်မလွှတ်တတ်တဲ့စိတ်ကို အပြင်းအထန်ပိုင်ဆိုင်ချင်ပေမယ့် ခွင့်လွှတ်မြဲ…သည်းခံမြဲ… မျောက်ကလေးရဲ့စိတ်ကိုလည်း အံ့သြမိပါရဲ့….။ မျောက်ကလေးက စိတ်ကောက်နေတာလား ဆိုပြီး မေးသံက သိပ်ကိုအူလည်လည်နိုင်လွန်းတယ် ထင်ပေမယ့် … တစ်ဖက်သတ် စိတ်ကောက် အလိုလိုပြေရခဲ့တဲ့ အချိန်တွေလည်း များခဲ့ပြီ…။
ဝက်ဝံလေးကိုချစ်လား…ဘယ်လောက်ချစ်…ဘယ်ထဲကချစ်….ဆိုပြီး မေးတိုင်း….မျောက်ကလေးကိုချစ်လား ဘယ်လောက်ချစ်…ဘယ်ထဲကချစ်ဆိုတဲ့ ကလေးဆန်မေးခွန်းကို ရှက်ရွံ့မှုတွေကို ခ၀ါချလို့ မေးပေမယ့်…ချစ်ဘူးးးးးးးးးး ဆိုပြီး…စလိုက်တဲ့ဝက်ဝံလေး ရဲ့ဖြေကြားသံကြောင့် မျောက်ကလေးရဲ့ ရင်ကိုနာကျင်စေတာ ၀က်ဝံလေးမှ မသိပဲ…။
ဝက်ဝံလေးရဲ့ ချစ်စနိုးနဲ့ ချစ်ဘူးးးး ဆိုတဲ့ အသံကိုတောင် မကြားဝံ့တာ မျောက်ကလေးလွန် တာလား…? ချစ်လို့စတာကိုကွာ ……ဆိုပြီး စိတ်မရှည်သံနဲ့ပြန်ပြောပေမယ့်…
မျောက်ကလေးက ၀မ်းနည်းမိတာကို…။
ယုံပါသက်ထား လွမ်းလှချည်ရဲ့ ကြွေအောင် လိုက်ပြီးပြောတတ်တဲ့ သူတိုင်းကိုလည်း မျောက်ကလေးအထင်မကြီးပါဘူး…။ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး လုပ်တတ်တဲ့ သူကိုလည်း အထင်မကြီးပါဘူး…။ လိမ်ညာဟန်ဆောင်တတ်တဲ့ သူကိုလည်း အထင်မကြီးပါဘူး…။ ညာဖြီးအာရွှီးတတ်တဲ့ ယောက်ကျားသားတွေကိုလည်း အထင်မကြီးဘူး…။ ကိုယ်ကျင့်တရား အောက်တန်းကျတဲ့ သူတွေကိုလည်း အထင်မကြီးပါဘူး…။ စိတ်ဓာတ်နိမ့်ကျတဲ့သူတိုင်းကိုလည်း အထင်မကြီးပါဘူး…။ ဘာဂုဏ်ဒြပ်မှလည်း အထင်မကြီးပါဘူး..။ဝက်ဝံလေးကို ချစ်ခဲ့တာ ချစ်မိသွားတာ…လိမ်ညာခြင်းကင်း၊ ဟန်ဆောင်မှုကင်း၊ စိတ်ဓာတ်မြင့်မားပြီး ကိုယ်ကျင့်တရားမြင့်မြတ်သူမို့ နှလုံးသားတစ်ခုလုံး ပုံအပ်ချစ်ခဲ့မိတာပါ..။ မျောက်ကလေးကို ဘာမှမလိမ်ပါနဲ့..။ မျောက်ကလေးဘ၀မှာ လိမ်တာ အမုန်းဆုံးပဲဆိုတာ ၀က်ဝံလေးကို အမြဲပြောပြဖြစ်ခဲ့တယ်…။ ၀က်ဝံလေးဘာပဲဖြစ်ဖြစ်…ဘယ်ဘ၀ပဲရောက်ရောက်…ဘာမှမပိုင်ဆိုင်တဲ့ သုညပဲ ဖြစ်ပါစေ.. မျောက်ကလေး ချစ်နေမှာပါ..။ ၀က်ဝံလေး စိတ်ညစ်ချိန်တိုင်း အားငယ်ချိန်တိုင်း အားပေးမယ့် မျောက်ကလေးပါ…။ ၀က်ဝံလေးဆိုးချင်တိုင်းဆိုးလို့ရတယ်…။ တစ်ခုကလေးပဲ…လုံးဝမလိမ်ညာပါနဲ့..။ လိမ်ညာခံရမှန်းမသိခံရနေတဲ့ သူတစ်ယောက်ရဲ့ နာကျင်မှုက ဘာနဲ့မှ ကုစားလို့မရအောင် နာကျင်ရတယ်ဆိုတာ…၀က်ဝံလေးလည်းသိမှာပါ…။ တော်ရုံစိတ်မကောက်တတ်၊ စိတ်မဆိုးတတ် အကြောင်းအရာတိုင်းကို ခွင့်လွှတ်နိုင် နားလည်ပေးနိုင်၊ မြတ်နိုးကြည်ဖြူနိုင်ခဲ့ပေမယ့် မျောက်ကလေးကို လိမ်ညာနေတယ်ဆိုတာ သိတဲ့အချိန်ကစပြီး…. ၀က်ဝံလေးဟာ မျောက်ကလေးဘ၀ထဲက ထာဝရပျောက်ဆုံးသွားမှာ…ဘယ်အရာနဲ့မှ ပြန်လည်ကုစားမရအောင် နာကြည်းသွားနိုင်မယ်ဆိုတာ …အသေအချာပဲ ၀က်ဝံလေးရယ်…။ ၀က်ဝံလေးဆီက ဘာဆိုဘာမှ မတောင်းဆိုချင်ပါဘူး…။ မျောက်ကလေးပေးဆပ်နိုင်သလောက် ပေးဆပ်ချစ်သွားမှာ….တစ်ခုလေးပဲ တောင်းဆိုပါရစေ…ဘယ်သောအခါမှ မလိမ်ညာပါနဲ့….၀က်ဝံလေးရယ်……………….။







