ဒီနေ့ ရုံးကိုရောက်ချိန်မှာ အချိန်လေးလည်းပို လူလည်းအားနေတာနဲ့ ဘလော့တွေလိုက်ဖတ် မိတယ်..။ ဘလော့တွေဖတ်ရင်း မှတ်စရာရှိတာမှတ် ၊ လေ့လာစရာရှိတာတွေကို လေ့လာရင်း မိတ်ဆွေတစ်ယောက်က ဘလော့ Back Up လုပ်နည်းလေးကို ပို့ပေးလာပါတယ်..။ ဒီလုပ်နည်းလေးကို ဖတ်ရချိန်မှာ ကျနော်တွေးမိတာ လေးက ဒီနည်းလေးဟာ ဘလော့ဂါအားလုံးတိုင်းအတွက် ပိုအဆင်ပြေမယ် သင့်တော်မယ်..၊ အသုံးဝင်မယ်လို့ မျှော်လင့်မိတယ်..။ ဒီထက် ကျနော်တို့လို တမ်းပလိတ်ကလိတတ်တဲ့..အစ်ကိုတွေအစ်မတွေ အတွက်ပိုပြီးတော့ အဆင်ပြေမယ်လို့ လည်းတွေးမိတယ်..။ ပို့စ်လည်း မတင်ဖြစ်တာကြာပြီ..။ ကျနော်တင်သမျှရေးသမျှ ပို့စ်အားလုံးကလည်း.. အသဲကွဲပြီး အချစ်အတွက် ခံစားနေရတဲ့ ကဗျာတွေကခပ်များများ..။ ဒီတော့ စာဖတ်သူတွေလည်း ပျင်းရိငြီးငွေ့နေလောက်ပြီ...။ အပြောင်းအလဲလေးဖြစ်အောင် ကျနော်သိထားတာလေးကို ပြန်လည်မျှဝေလိုက်တာပါ..။
ဒီနည်းလမ်းလေးကို ရေးသားသူက ဘုရင့်နောင် ဆိုတာ သိရပါတယ်..။ သူ့ကိုတော့ တိုက်ရိုက်မသိပါဘူး..။ ခွင့်ပြုချက်မတောင်းပဲ တင်ပေးလိုက်တာဆိုတော့ ခုလို ဘလော့ပေါ်ကနေ ခွင့်တောင်းလိုက်ရတာပါ..။ ခွင့်ပြုမယ်လို့လည်း မျှော်လင့်ပါတယ်...။ ကျနော်သိထားတာလေးကို ပြန်မျှဝေပေးတဲ့သဘောပါ..။ သူရေးသားထားတဲ့ ရေးသားပုံ မူလအတိုင်းပဲ ပြန်လည်မျှဝေလိုက်ပါတယ်..။ အားလုံးပဲ အဆင်ပြေကြပါစေ...။
ဘလော့ကို Back Up လုပ်နည်း
အချိန်ကုန်ခံ၊ အပင်ပန်းခံ၊ ခါးညောင်းခံ တင်ထား ရေးထားတဲ့ မိမိရဲ့ ပို့စ်တွေကို backup အောက်ပါနည်းတွေအတိုင်း လုပ်လို့ ရကြောင်း http://blogname.blogspot.com/search?max-results=1000 blogname နေရာမှာ မိမိဘလောဂ့် နာမည်ကိုရိုက်ပါ။ ပို့စ် ၁၀၀၀ ထက်နည်းရင် save လုပ်လို့ ရတယ်လို့  ဆိုထားပါ တယ်။ တစ်ထောင်ထက် ကျော်ရင်တော့ မပြောတက်ဘူး။ အပေါ်က လိပ်စာအတိုင်း ရိုက်ထည့်လိုက်ရင် သင်ရေးခဲ့သမျှ ပို့စ်အားလုံး ပေါ်လာပါလိမ့်မယ်။ ပထမ ဦးစွာ ပုံတွေကို သီးသန့် save လုပ်ဖို့ firefox extension တခုဖြစ်တဲ့ DownThemAll ကိုသုံးပြီး ပုံတွေကို download လုပ်ယူနိုင်ပါတယ်။ မိမိဖတ်ချင်တဲ့ ဘလော့ဂါတစ်ယောက်ရဲ့ ရေးခဲ့သမျှ ပို့စ်တွေကို တစ်ခါတည်း ဖတ်ချင်ရင်လည်း အပေါ်က လင့်ခ်မှာ မိမိဖတ်မယ့် ဘလော့ဂါရဲ့ လိပ်စာကို ပြောင်းထည့်လိုက်ပါ။
နောက်တစ်ဆင့် က ရေးထားတဲ့ ပို့စ်တွေက စာတွေကို သီးသန့် save ဖို့  အောက်က လင့်ခ်ကို သွားပါ။
http://blogname.blogspot.com/feeds/posts/default?max-results=1000 XML feed ပါပဲ။ ပို့စ်က စာတွေပဲ သီးသန့် ပေါ်လာတာကို save page as (Ctrl+S) လုပ်လိုက်ရုံပါပဲ။ comments တွေကို သိမ်းဖို့ က -
http://blogname.blogspot.com/feeds/comments/default?max-results=1000 ဖြစ်ပါတယ်။
မူလရေးသားသူ - ဘုရင့်နောင်
Sunday, September 28
Monday, September 22
အတ္တတစ်ရပ်
မင်းကိုပိုင်ဆိုင်ချင်တဲ့
မင်းအချစ်တွေအားလုံးကို
တစ်ယောက်တည်းသိမ်းပိုက်ချင်တဲ့
မင်းဂရုစိုက်မှုကိုအပြည့်အ၀လိုချင်ခဲ့မိတဲ့
ငါသာလျင် မင်းအတွက်ဦးစားပေးဖြစ်ချင်တဲ့
စတဲ့...စတဲ့
အတ္တများစွာထဲက
အတ္တလေးတစ်ခုလွန်ကဲမိလိုက်တာ
အေးချမ်းနေတဲ့ငါ့ရင်လေး
အပူတွေဖုံးလွှမ်းအတ္တတွေလောင်မြိုက်
လောကကြီးကိုစိတ်ကုန်
အားလုံးနဲ့အဆင်မပြေ
လိုက်လျောညီထွေမှုမရှိ
အရာအားလုံးကပြောင်းကပြန်ဖြစ်ရင်း..
ငါ့ဘ၀လေးကိုအထာမကျစွာ
ဖြတ်သန်းလိုက်ရတဲ့အချိန်လေးကို
ငါတစ်ကယ်မလိုချင်တော့ပါဘူး..
တစ်ကယ်တော့
ငါလိုချင်တာဒီလိုအတ္တမဟုတ်ဘူး။
ငါပိုင်ဆိုင်ချင်တာ
ဒီလိုပူလောင်မှုမဟုတ်ဘူး။
တည်ငြိမ်အေးချမ်းတဲ့ဘ၀လေးထဲမှာ
အေးချမ်းတဲ့ အရာအားလုံးကိုပဲ
ငါပိုင်ဆိုင်ချင်တယ်..။

ငါ့ကို နင်မမေ့ဘူးဆိုတဲ့အသိတစ်ချက်
နင်ဟာ ငါ့ချစ်သူပါဆိုတဲ့
အသိတစ်ချက်နဲ့တင်
ငါ့အတ္တဒီဂရီတွေကိုလျှော့ချပစ်ခဲ့မိတာလည်း
ငါ့အတ္တ တစ်ရပ်ပဲထင်ပါရဲ့...။ ။
ပန်းခရေ(ရင်တွင်းဖြစ်)
Saturday, September 20
တစ်နေ့မှာ..
မှောင်တဲ့ညတွေ
အမြဲမရှိပါဘူး
ညတွေပြီးရင်
လေပြေညှင်းနဲ့
ရှင်းသန့်တဲ့မနက်ကို .......
ရောက်စမြဲပါချစ်သူ
မုန်တိုင်းတွေအမြဲမတိုက်ခိုက်ပါဘူး
မုန်တိုင်းပြီးရင်လေပြေညှင်းနဲ့
ရှင်းသန့်တဲ့ကောင်းကင်ပြာကို....
တွေ့စမြဲပါချစ်သူ
ဒါကြောင့်................
သံသရာ မိုင် တာရှည်ဝေး
ဘယ်လောက်ပဲဝေးပါစေချစ်သူရေ
မလွမ်းနဲ့ချစ်သူရေ
မဆွေးနဲ့ဝေးခဲ့ရတယ့်
အချိန်မှန်သမျှချစ်သူက
နားလည်ခွင့်လွတ်မှု..
ရှိနေသမျှတစ်နေ့မှာ...........
မင်းအနား
ကိုယ် ရောက်လာမှာပါ
( နဒီကညာ )
ကိုယ့်အတွက် အမှတ်တရများစွာထဲက အမှတ်တရ တစ်ပုဒ်....။
Thursday, September 18
မလွမ်းလောက်ပါဘူး..
သည်းခံလိုက်လျော
မာန်မာနကင်းစင်
အပြစ်မမြင်
ဖြူစင်စွာမြတ်နိုး
အေးမြမေတ္တာ
နွေးထွေးစွာဖြင့်
ပေးဆပ်နိုင်သလောက်
ရင်နဲ့ရင်း၍
နှစ်နှစ်ကာကာ
အချစ်စစ်ဖြင့်
ချစ်ခဲ့သော်ငြား
ငါ့မေတ္တာ
ငါ့စေတနာ
ငါ့အကြင်နာ
ငါ့သည်းခံခြင်းများကို
မငဲ့ညာ မသနား
ကိုယ့်အတွက်သာကြည့်တတ်ခဲ့တဲ့
မထင်မှတ်စွာ
လိမ်ညာဟန်ဆောင်တတ်ခဲ့တဲ့
မင်းရဲ့စိတ်ဓာတ်က
ငါ့အတွက်စာမဖွဲ့လောက်ပါဘူး..။
မင်းလိုလူ
ငါ့ဘေးက ဝေးသွားလည်း
မလွမ်းလောက်ပါဘူး..။
စိတ်ဆိုးစိတ်ကောက်အောင်လုပ်လို့ရတယ်
စိတ်နာ စိတ်ပျက်အောင် မလုပ်ပါနဲ့လို့
အကြိမ်ကြိမ်ပြောခဲ့မိတဲ့ကိုယ်..

ခုတော့
ကိုယ့်စိတ်ထဲမှာ
မင်းမရှိတော့ဘူးဆိုတဲ့
အသိက ကိုယ့်ကိုတုန်လှုပ်စေခဲ့သလို
ကိုယ့်ရင်ကိုပေါ့သွားစေခဲ့တယ်..။
တစ်ကယ်တမ်းတော့
မင်းနဲ့ပက်သက်သမျှအရာအားလုံးဟာ
မလွမ်းလောက်ပါဘူး..........။ ။
ပန်းခရေ(ရင်တွင်းဖြစ်)
Sunday, September 14
မျှော်လင့်ခြင်းဆန္ဒ
အချိန်တွေ
အဖြစ်အပျက်တွေ
နာကြည်းဝမ်းနည်းမှုတွေ
လိမ်လည်လှည့်ဖျားခံရမှုတွေ
ပြစ်ပယ်စိမ်းကားခံရမှုတွေ
လေသံလေးနဲ့တောင်မရရှိတဲ့
နူးညံ့ကြင်နာ ဂရုစိုက်မှုတွေ
ရင်နာစွာငိုကြွေးခဲ့ရတဲ့
င့ါမျက်ရည်တွေ
အားလုံး အားလုံးကို
ပြည်ဖုံးကားချ
မေ့ဖျောက်ကာထားရင်း
မမြင်နိုင်တဲ့
ကြိုးတစ်ချောင်းနဲ့
ချိတ်ဆက်မှန်းမသိ
တွယ်ရစ်မှန်းမသိ
ချည်နှောင်ခံရမှန်းမသိ
ရစ်ပတ်ခံရင်း
ငါ့ချစ်ခြင်းတွေ
ရှင်သန်နေလိုက်တာများ
အသိတွေကင်းစင်
အချစ်စိတ်တွေပြင်းထန်
သံယောဇဉ်တွေပွားသထက်ပွား
မေတ္တာတရားများသာတိုး

ဦးနှောက်နဲ့နှလုံးသား
မတူညီစွာ လွန်ဆွဲ
သူသာ
ကျမဘ၀ရဲ့ “လက်တွဲဖော်..” လို့ 
စိတ်ပျက်စွာမျော်လင့်ဆဲ။
ပန်းခရေ(ရင်တွင်းဖြစ်)
အလွဲများနဲ့ပေခရမ်း
ပေခရမ်းတစ်ယောက် ဘလော့ဌာနေလေးကနေ ပျောက်ချက်သားကောင်းနေတာ ကြာပါပြီ..။ ဘာလို့ပျောက်နေလဲဆိုရင် .... ပေခရမ်းတို့ ဌာနကလွှတ်တဲ့ သင်တန်းတစ်ခုကို တက်ရောက်ရပါတယ်..။ သင်တန်းသွားရမယ်ဆိုတော့ ဘာသင်တန်းလဲပေါ့ ..။ရွေးရင်း ရွေးရင်း FIBER TRANSMISSION COURSEကို စိတ်ဝင်စားတာနဲ့ ရွေးလိုက်မိတယ်..။ ဒီသင်တန်းကို ရန်ကုန်မှာသွားတက်ရတယ်။။ ရန်ကုန်ရောက်တော့ ပျော်နေလိုက်တာ ထုံးစံအတိုင်း ပေခရမ်းတို့က အလွဲပေါင်းမြောက်မြားစွာနဲ့ပေါ့...။
စတင်ခြေချကတည်းက လွဲတာ လာကြိုတဲ့သူနဲ့ ၅နာရီချိန်းထားတာ ၈နာရီမှ တွေ့...။ ပေခရမ်းဆက်တဲ့ဖုန်းတိုင်းလည်း ဆက်သွယ်မှု ဧရိယာပြင်ပ...။ ဒီလိုနဲ့ သင်တန်းကာလ သုံးပတ်ကိုဖြတ်ကျော်လာလိုက်တာ... သင်တန်းကိုလည်း ဂိမ်းကစားရင်း ဖြတ်ကျော်နေလိုက်တာ.. သင်တန်းမှာစာမေးပွဲ ၃ခါဖြေရတယ်..။ ဒီစာမေးပွဲကနေပြီး..အဆင့်နဲ့ဆုပေးတာရှိတယ်ပေါ့..။ ပထမ ဒုတိယ၀င်ရင် ရာထူးတိုးအတွက်စဉ်းစားပေးတယ်လို့ တော့ကြားတယ်..။ ဒါပေမယ့် ပေခရမ်းတို့က ထုံးစံအတိုင်း စာဆိုသိပ်ပျင်းတာ ကျက်ရမှာ ပျင်းတယ်..။ ဖတ်ရမှာ စိတ်မပါဘူးဆိုတဲ့ လူစားမျိုးလေ..။ ဆုလည်းမမှန်းပါဘူး..။ ယူလည်းမယူပါဘူးပေါ့..။ စာမေးပွဲလည်းပေါ့ပေါ့ပါးပါးပဲ ဖြေလိုက်တယ်..။ ဒီလိုနဲ့ ....
တတိယအပတ် ကြာသပတေးနေ့မှာ ဆုရသူနှစ်ယောက်ကို ကြေငြာတယ်..။ ပထမ ကိုယ့်နာမည်ဟုတ်ဘူး..။ အေးဆေးပဲ..။ ဒုတိယ ဒေါ်စိန်မမ....။ အိုးး လူများနားကြား လွဲသလားပေါ့..။ တစ်ခန်းလုံးကလည်း မြို့နယ်တိုင်းက အင်/ယာတွေကိုးး တော်လည်းတော်ကြတယ်..။ ပေခရမ်းထက်လုပ်သက်ရင့်တွေကြည့်ပဲလေ..။ ဘယ်ထင်ထားမလဲ ဖိုက်ဘာဆိုတာ ပါးကန်လောက်သိတဲ့ ပေခရမ်းက ဒုတိယ ရတယ်ဆိုတောာ့ အံ့သြစရာပဲ..။ ဆရာကိုပြန်မေး...။ ဟုတ်လို့လားပေါ့။ မယုံနိုင်တစ်ကယ်ကိုဖြစ်ခဲ့တာ..။ ထင်မှတ်မထားတော့ ပျော်လည်းပျော်သွားတယ်..။ ဘယ်လိုပျော်မှန်းလည်းမသိဘူး..။
အဲဒီလိုနဲ့ ရဟာဇယ်ကို ညနေပိုင်းမှာလုပ်ရတယ်..။ သောကြာနေ့က ဆုယူရတဲ့နေ့လေ..။ ရဟာဇယ်မှာ ပေခရမ်းတို့ထုံးစံအတိုင်း အလွဲလွဲအချော်ချော်တွေနဲ့ပဲ...။ ပြောပြပါအုံးမယ်..။ ဆုရရင်ထုံးစံအတိုင်း ဆုရသူနှစ်ယောက်က ကျွေးမွေးဧည့်ခံရတယ်..။ ပိုက်ဆံကလည်း ပြန်ခါနီးတော့ အိတ်ကပ်လေထန်ကုန်းဖြစ်နေချိန်..။ ကိုက ဆုထရတော့ ကျွေးရမယ်..။
အတန်းဖော်တွေကလည်း အမျိုးသားတွေလေ..။ မိန်းကလေးဆိုလို့ အစ်မတစ်ယောက်နဲ့ ကျနော်ပဲပါတယ်..။ အဲလိုဆိုတော့ သူတို့လည်းပျော်ချင် ကျနော့်ကိုလည်းအငယ်ဆုံးဆိုပြီး အနိုင်ကျင့်ချင်..။ လေထန်ကုန်းလေးထဲက လက်ကျန်လေထန်ကုန်းလေးနဲ့ ရှင်းလင်းလိုက်တာ.. အိမ်ပြန်စရာလမ်းစရိတ်မကျန်တော့လို့ သူငယ်ချင်းက တက်စီခ ပေးလိုက်ရသေးတဲ့အဖြစ်...။
အတန်းဖော်တွေကလည်း အမျိုးသားတွေလေ..။ မိန်းကလေးဆိုလို့ အစ်မတစ်ယောက်နဲ့ ကျနော်ပဲပါတယ်..။ အဲလိုဆိုတော့ သူတို့လည်းပျော်ချင် ကျနော့်ကိုလည်းအငယ်ဆုံးဆိုပြီး အနိုင်ကျင့်ချင်..။ လေထန်ကုန်းလေးထဲက လက်ကျန်လေထန်ကုန်းလေးနဲ့ ရှင်းလင်းလိုက်တာ.. အိမ်ပြန်စရာလမ်းစရိတ်မကျန်တော့လို့ သူငယ်ချင်းက တက်စီခ ပေးလိုက်ရသေးတဲ့အဖြစ်...။အဲဒါကနိဒါန်းပါ..။ ကျန်ပါသေးတယ်..။ ပြောပြချင်လွန်းလို့ဘလော့ပေါ်ရောက်လာတာ..။ ပေခရမ်းတို့က မလွဲချော်ရရင်ထမင်းစားမ၀င်ဘူး...။ သောကြာနေ့မနက်မှာ သင်တန်းဆင်းပွဲကျင်းပတယ်..။ မိုးလင်းတည်းက စလွဲတာက မိုးတွေအရမ်းကိုသည်းကြီးမည်းကြီးရွာချတာပါပဲ...။ မိုးရေကြားထဲက ၈နာရီအမီ သင်တန်းကျောင်းကိုပြေးရတယ်..။ မိုးတွေစိုစိစိုစိပေါ့...။ ၉နာရီအခန်းအနားစတင်မယ်..။ ကျောင်းကို ၈နာရီမီတဲ့အတွက် စိတ်အေးလက်အေးဖြစ်ပြီး... ကန်တင်းလေးထိုင်လိုက်တယ်..။ အစ်ကိုတော်တွေနဲ့ စကားပြောဆိုရင်းပေါ့..။ ကဲစပါပြီ အဲဒီမှာစတင်တာက သင်တန်းသား ကဒ်ပြား ဒီကဒ်ပြားလေး မပါရင် သင်တန်းထဲမ၀င်ရဘူး..။ ကိုယ်ကဆုထွက်ယူရမယ်..။ မိန်းဖြစ်တဲ့ ကဒ်ပြားပျောက်သွားခြင်း..။ အဲဒီအချိန်ကျမှ အစ်ကိုတွေကို ပြော စီမံရေးရာကိုပြေး လက်မှတ်ထိုးပြီး ဒဏ်ငွေဆောင်..အပြေးအလွှား ကဒ်တစ်ခုထပ်တောင်း.. ဟူးး မောလိုက်တာ....။ ကဒ်ပြားကိစ္စအဆင်ပြေသွားတယ်..။ အဲဒီအချိန်မှာ နောက်တစ်ခုစတင်တော့တာပါပဲ...။ ဘာကဒုက္ခထပေးသလဲဆိုတော့ာ ဖိနပ်ပါ...။
ကျနော့်ဖိနပ်ကလေးပါ..။ ယိုးဒယားဖိနပ်ကလေး ဘာဖြစ်သလဲ..။ ဒေါက်ပါးပါးလေးနဲ့ ကော်ကပ်ထားတဲ့နေရာက ဒေါက်တင်ပြုတ်တာမဟုတ်ပဲ နှစ်ခြမ်းကွာသွားတာပါ..။ မိုးစိုပြီး ကော်တွေ ကွာကုန်တာဖြစ်မယ်..။ဒီမှာတင်ပဲ ပေခရမ်းချွေးပြန်တော့ာတာပါပဲ..။ ပေခရမ်းတင်ဘယ်ကမလဲ တစ်ခန်းလုံး ဆရာတွေရော မျက်လုံးပြူးကုန်တာပဲ..။ ဖိနပ်ကလေးက အသစ်ကလေးး..လှည်းတန်းက နာမည်ကြီးဖိနပ်ဆိုင်က ၀ယ်လာတာပါ..။ စီးတာ ၃ရက်ပဲရှိပါသေးတယ်..။ အချပ်လိုက်ကလေးကို ကွာကျတောာ့တာပါပဲ..။ မိုးတွေကလည်းအရမ်းရွာ ... အချိန်ကလည်းကပ်နေပြီ..အခမ်းအနားကလည်းစတော့ မယ်..။ အားလုံးလည်းလူစုံနေပြီ..။ ဘာဆက်လုပ်ရမှန်းမသိ..။ မိုးတွေကြားမှာ လူကချွေးပြန်..။ အဲဒီအချိန်မှာ ဆရာက ဆင်ကော်လိုက်ရှာ ကံကောင်းချင်တော့ ဆင်ကော်ရခဲ့တယ်..။ အစ်ကိုတွေကလည်း ငါ့ဖိနပ်စီး ..။ မဖြစ်နိုင်ဘူးလေ..။ ကောင်လေးဖိနပ် ။ ၀တ်ထားတော့ရင်ဖုံး..။ အဲလိုကိုလွဲတာ..။ ငိုလည်းငိုချင်..။ ရီလည်းရီချင်။ ဆင်ကော်ရတော့ အစ်ကိုတွေက ဖိနပ်ကို ဆင်ကော်ကပ်ပေးတာ..။ လက်နဲ့ဆင်ကော်နဲ့ဖိနပ်နဲ့ ကပ်သွားလို့ ပြန်ခွာမရတော့ဘူး...။ အိုးး တိုက်ဆိုင်လိုက်တာများကွာပဲ အော်ရတော့မလား..။ ဘာလုပ်ရမှန်းကို မသိတော့ဘူး..။ သင်တန်းတစ်ခုလုံးလည်း ပေခရမ်းကို မသိသူမရှိတော့ဘူး..။ တခြားသင်တန်းသားတွေပါသိကုန်ရော..။ ရှက်လည်းရှက်..။ အစ်ကိုတစ်ယောက်လက်ကလည်း ခွာမရ..။ ဒုက္ခတွေများနေတာ ကံကောင်းချင်တော့ ဆရာမတစ်ယောက်က သူ့ဖိနပ်ပေးတယ်..။ ဖိနပ်က လေးလက်မလောက်ထူတယ.်...။ ဟူးး သေပြီဆရာပဲ..။ အရပ်ကကလန်ကလား ဖိနပ်လေးလက်မနဲ့ စဉ်းစားကြည့်ကြပါအုံး..။ မတတ်နိုင်တော့တဲ့ အဆုံးလေးလက်မကိုပဲစီးပြီး..ဆုယူရတော့တယ်...။ အမှတ်တရဓာတ်ပုံရိုက်တဲ့အချိန်မှာ ပေခရမ်းအရပ်ကြီးက ထိုးထောင်ထွက်နေပြီး နောက်က ကောင်လေးတွေ အားလုံး မမြင်ရတော့ပါဘူး...။ အအော်ခံရလေခြင်းပေါ့..။ ဖိနပ်ကလည်း အသားမကျတော့.. ဆုယူချိန်မှာ ဘာဖြစ်လဲဆိုတော့...လဲမလိုဖြစ်တာပါပဲ..။ ကံကြီးပေလို့ ကျောင်းအုပ်ကြီးရှေ့ဟပ်ထိုးမလဲတာပါ..။
အဲလိုလွဲနေတာ တစ်နေကုန်ကိုမပြီးတော့ပါဘူး..။ ကားမှားစီးမိပါသေးတယ်..။ တာမွေကနေ..မြေနီကုန်းသွားမှာကို ပါရမီကားတက်စီးမိလို့...ပါရမီ ရောက်သွားလို့...တက်ကက်စီလာနဲ့ ပြန်လာရပါတယ်..။ အားလုံးလွဲချော်မှုများနဲ့ ခုတော့ ဌာနေကိုပြန်ရောက်နေပါပြီ..။ ဘာတွေထပ်လွဲအုံးမလဲတော့ မသိတောပါဘူး..။
အလွဲများနဲ့ပေခရမ်းအကြောင်း သူငယ်ချင်းတို့ကို ပြန်လည်ဖောက်သည်ချလိုက်တာပါ..။ အားလုံးဆီကိုလည်း လိုက်မလည်ဖြစ်တာကြာပြီ..။ လိုက်လည်မယ်..။စာတွေလည်းပုံမှန်ပြန်ရေးပါတော့မယ်လို့... ထပ်ပြောပါရစေ..။အားလုံးကိုခင်တဲ့ ပေခရမ်း။
အလွဲများနဲ့ပေခရမ်းအကြောင်း သူငယ်ချင်းတို့ကို ပြန်လည်ဖောက်သည်ချလိုက်တာပါ..။ အားလုံးဆီကိုလည်း လိုက်မလည်ဖြစ်တာကြာပြီ..။ လိုက်လည်မယ်..။စာတွေလည်းပုံမှန်ပြန်ရေးပါတော့မယ်လို့... ထပ်ပြောပါရစေ..။အားလုံးကိုခင်တဲ့ ပေခရမ်း။
by is licensed under a Creative Commons Attribution 3.0 United States License.
Wednesday, September 3
မေးထားသမျှ
ကိုယ့်ရဲ့နာမည်…...... ပန်းခရေ
ကိုယ်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ်…...ပန်းခရေ၊ ပေခရမ်း၊ ခရေ( ဘလော့ပေါ်မှာဆို ကိုယ့်ကို အမေလို့ခေါ်တဲ့ သားတစ်ယောက်ရှိတယ်...။ ကြွားလိုက်တာ...။)
ကိုယ်ဒီမှာနေတယ်…......ပန်းခရေ ရင်တွင်းဖြစ်လေးထဲမှာ။
ကိုယ့်ဆီဖုန်းဆက်ချင်ရင်…..... 09-500R200 (ကျန်တာ ၁၀၀ ဖိုး စီ )(အနော့် ဟင်းဖုန်းနံပါတ်ပါ..အဟိ)။
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက.....ကြိုက်တာမှန်သမျှ။
အရောင်ဆိုရင်…........... မျက်စိအေးတာမှန်သမျှ။
အ၀တ်အစားဆိုရင်….. ရင်ဖုံး ၊ ရိုးရာလုံချည်လေးတွေ၊ တီရှပ်၊ စပို့ရှပ်။
အစားအစာဆိုရင်….....လဖ္ဘက်သုပ်။
ပစ္စည်းဆိုရင်…........ အသုံးဝင်တာမှန်သမျှ။
သီချင်းဆိုရင်…...... ၀ူးဝါးဗြူးဗြဲ....နဲ့ရန်ဖြစ်တဲ့ သီချင်းကလွဲရင် အကုန်ကြိုက်။
စာရေးစာဆရာ….အရေးအသားကောင်းသူမှန်သမျှ။
စာအုပ်…...........xxxxxxxxx။
Life style…...... မထူးဆန်းတဲ့ သာမာန် မြန်မာ မိန်းကလေးတစ်ယောက်ရဲ့ ဘ၀။
ကိုယ့်ရဲ့ဝါသနာ…...... အခန်းကျဉ်လေးထဲမှာ သီချင်းနားထောင်းရင်း စာရေးချင်တာ။
အလိုချင်ဆုံးလက်ဆောင်…..... မေတ္တာတရား။
ကိုယ့်ရဲ့ အချစ်ဆုံးသူက…........အမေ။
ကိုယ့်ရဲ့ အလေးစားဆုံးသူက…...... အမေ။
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက…..... အခင်ဆုံးသူ။
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက…...... ကိုယ့်အပေါ် နားအလည်နိုင်ဆုံးသူ ။
ကိုယ့်ရဲ့ အမုန်းဆုံးသူက …........... ကိုယ် ။
ရင်အခုန်ဆုံးအချိန်…........... ရင်အခုန်ဆုံးအချိန်။
အကြောက်ဆုံးအချိန်…..... တစ်ကိုယ်တည်းရပ်တည်ရချိန်။
အပျော်ဆုံးအချိန်…........အပျော်ဆုံးချိန်တွေ ရှိအုံးမယ်...။
အမှတ်တရနေ့…....... အမှတ်တရများစွာ။
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု…...... ဆုတောင်းတိုင်း ပြည့်ပါစေ။
အချစ်ဆိုတာ............. xxxxxxxx။
အမုန်းဆိုတာ….......... xxxxxxxx။
အလွမ်းဆိုတာ….............. လုံးဝမကောင်းတဲ့ ပြင်းရှတဲ့ ခံစားမှု ရသတစ်မျိုး။
သံယောဇဉ်ဆိုတာ…........ ဖြတ်တောက်မရတဲ့ ဆက်သွယ်မှု။
ဘ၀ဆိုတာ…....... ရေးဆွဲတုန်း။
သူငယ်ချင်းဆိုတာ…....... သူငယ်ချင်း
ချစ်သူဆိုတာ…...... တစ်ဦးကိုတစ်ဦး နားလည်ယုံကြည် အလေးထားတန်ဖိုးထားကြသူနှစ်ဦး။
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်…...... ဘာမှမသိသေးသောသူ။
ဒီဘလော့ပိုင်ရှင်ကိုယ့်ရဲ့လက်စွဲဆောင်ပုဒ်က…...... လောကမှာ စိတ်ထားမွန်မြတ်ဖို့ အရေးကြီးတယ်။
အပြောချင်ဆုံးစကားတစ်ခွန်း…....... လူသားတိုင်း စိတ်ချမ်းသာ အဆင်ပြေကြပါစေ။
မီရေ...ခရေတော့ အလျင်အမြန်ကိုရေးထားလိုက်ပြီ..။
နက်ကြောင့်ရယ်..လူကြောင့်ရယ်..အပြေးအလွှားကို
ရေးရတာ ..။ ဖတ်လိုက်တော့နော်...။
ထပ်မံဖြည့်စွက်ခြင်း ..
အာတိ...အိတာလေး က tag ထားတဲ့ ခေါင်းစဉ်လေးကလည်း ..ဒါလေးပဲဆိုတော့.. မီရောအာတိ လေးရော တူတူရေးပေးလိုက်ပီနော်..။ ပေါင်းဖတ်လိုက်ကြနော်..။ ကေတယ်ပြေတယ်မလား။ မကေလည်းကေလိုက်တော့နော်း)။
ပန်းခရေ(ရင်တွင်းဖြစ်)
ကိုယ်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ်…...ပန်းခရေ၊ ပေခရမ်း၊ ခရေ( ဘလော့ပေါ်မှာဆို ကိုယ့်ကို အမေလို့ခေါ်တဲ့ သားတစ်ယောက်ရှိတယ်...။ ကြွားလိုက်တာ...။)
ကိုယ်ဒီမှာနေတယ်…......ပန်းခရေ ရင်တွင်းဖြစ်လေးထဲမှာ။
ကိုယ့်ဆီဖုန်းဆက်ချင်ရင်…..... 09-500R200 (ကျန်တာ ၁၀၀ ဖိုး စီ )(အနော့် ဟင်းဖုန်းနံပါတ်ပါ..အဟိ)။
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက.....ကြိုက်တာမှန်သမျှ။
အရောင်ဆိုရင်…........... မျက်စိအေးတာမှန်သမျှ။
အ၀တ်အစားဆိုရင်….. ရင်ဖုံး ၊ ရိုးရာလုံချည်လေးတွေ၊ တီရှပ်၊ စပို့ရှပ်။
အစားအစာဆိုရင်….....လဖ္ဘက်သုပ်။
ပစ္စည်းဆိုရင်…........ အသုံးဝင်တာမှန်သမျှ။
သီချင်းဆိုရင်…...... ၀ူးဝါးဗြူးဗြဲ....နဲ့ရန်ဖြစ်တဲ့ သီချင်းကလွဲရင် အကုန်ကြိုက်။
စာရေးစာဆရာ….အရေးအသားကောင်းသူမှန်သမျှ။
စာအုပ်…...........xxxxxxxxx။
Life style…...... မထူးဆန်းတဲ့ သာမာန် မြန်မာ မိန်းကလေးတစ်ယောက်ရဲ့ ဘ၀။
ကိုယ့်ရဲ့ဝါသနာ…...... အခန်းကျဉ်လေးထဲမှာ သီချင်းနားထောင်းရင်း စာရေးချင်တာ။
အလိုချင်ဆုံးလက်ဆောင်…..... မေတ္တာတရား။
ကိုယ့်ရဲ့ အချစ်ဆုံးသူက…........အမေ။
ကိုယ့်ရဲ့ အလေးစားဆုံးသူက…...... အမေ။
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက…..... အခင်ဆုံးသူ။
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက…...... ကိုယ့်အပေါ် နားအလည်နိုင်ဆုံးသူ ။
ကိုယ့်ရဲ့ အမုန်းဆုံးသူက …........... ကိုယ် ။
ရင်အခုန်ဆုံးအချိန်…........... ရင်အခုန်ဆုံးအချိန်။
အကြောက်ဆုံးအချိန်…..... တစ်ကိုယ်တည်းရပ်တည်ရချိန်။
အပျော်ဆုံးအချိန်…........အပျော်ဆုံးချိန်တွေ ရှိအုံးမယ်...။
အမှတ်တရနေ့…....... အမှတ်တရများစွာ။
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု…...... ဆုတောင်းတိုင်း ပြည့်ပါစေ။
အချစ်ဆိုတာ............. xxxxxxxx။
အမုန်းဆိုတာ….......... xxxxxxxx။
အလွမ်းဆိုတာ….............. လုံးဝမကောင်းတဲ့ ပြင်းရှတဲ့ ခံစားမှု ရသတစ်မျိုး။
သံယောဇဉ်ဆိုတာ…........ ဖြတ်တောက်မရတဲ့ ဆက်သွယ်မှု။
ဘ၀ဆိုတာ…....... ရေးဆွဲတုန်း။
သူငယ်ချင်းဆိုတာ…....... သူငယ်ချင်း
ချစ်သူဆိုတာ…...... တစ်ဦးကိုတစ်ဦး နားလည်ယုံကြည် အလေးထားတန်ဖိုးထားကြသူနှစ်ဦး။
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်…...... ဘာမှမသိသေးသောသူ။
ဒီဘလော့ပိုင်ရှင်ကိုယ့်ရဲ့လက်စွဲဆောင်ပုဒ်က…...... လောကမှာ စိတ်ထားမွန်မြတ်ဖို့ အရေးကြီးတယ်။
အပြောချင်ဆုံးစကားတစ်ခွန်း…....... လူသားတိုင်း စိတ်ချမ်းသာ အဆင်ပြေကြပါစေ။
မီရေ...ခရေတော့ အလျင်အမြန်ကိုရေးထားလိုက်ပြီ..။
နက်ကြောင့်ရယ်..လူကြောင့်ရယ်..အပြေးအလွှားကို
ရေးရတာ ..။ ဖတ်လိုက်တော့နော်...။
ထပ်မံဖြည့်စွက်ခြင်း ..

အာတိ...အိတာလေး က tag ထားတဲ့ ခေါင်းစဉ်လေးကလည်း ..ဒါလေးပဲဆိုတော့.. မီရောအာတိ လေးရော တူတူရေးပေးလိုက်ပီနော်..။ ပေါင်းဖတ်လိုက်ကြနော်..။ ကေတယ်ပြေတယ်မလား။ မကေလည်းကေလိုက်တော့နော်း)။
ပန်းခရေ(ရင်တွင်းဖြစ်)
Subscribe to:
Posts (Atom)
