မိုးသည်းနေတဲ့အချိန်မှာ
ချစ်သူလက်ကလေးကိုတွဲပြီး
လမ်းလျှောက်ရတဲ့အဖြစ်ကိုလည်း
မက်မောမိသား..။
ချစ်သူရဲ့ အလေးထား
တန်ဖိုးထား ဂရုစိုက်မှုကိုလည်း
အပြည့်အ၀လိုချင်မိသား...။
အလုပ်နဲ့ချစ်သူ..
ချစ်သူကို ဦးစားမပေးရင်တောင်မှ
နားလည်မှုနဲ့ အလေးထားမှု
လိုချင်တောင့်တမိသား...။

မအားတဲ့ကြားက
ချစ်သူကိုအချိန်ပေးပြီး
ပြေးတွေ့တဲ့အဖြစ်မျိုးလည်း
လိုချင်မိသား..။
အလုပ်သိပ်များချိန်
အော်ထုတ်တဲ့ အသံလေးကို
နားလည်စွာ နှစ်ခြိုက်မိပေမယ့်.
မအားသေးလို့ပါကွာဆိုတဲ့
ဟန်ဆောင်နှစ်သိမ့်မှုမျိုးရင်နာစွာခံစားမိသား....။
ချစ်သူကိုခံစားချက်တွေဖွင့်ပြတော့...
ချစ်သူရဲ့ ဖြေရှင်းသံလေးတွေကိုနားထောင်ပြီး..
ထုံးစံအတိုင်း နားလည်သည်းခံပေးပြီးသား....။
ဒီလိုနဲ့...ကိုယ့်ခံစားချက်အားလုံးကို
ချစ်သူနားလည်ခြင်းနားမလည်ခြင်းထက်
ချစ်သူဖြေရှင်းသံပြုမူပြောဆိုဆက်ဆံမှုတွေကို
နားလည်ရင်း
ငါ့သံသရာကြီးးလည်ပတ်နေလိုက်တာလည်း..
အကြိမ်ပေါင်းမနည်းတော့ဘူး...။
နောက်ဆုံးတော့ကံကြမ္မာကို
နားပူနားဆာမလုပ်တတ်တဲ့
ကိုယ်ကဒီလို တိုင်တည်မိသတဲ့...။
ကံကြမ္မာကြီးရယ်..
နင့်ကိုငါ
အကောင်းဆုံး မိတ်ဆွေအဖြစ်သတ်မှတ်ပါတယ်..
ငါ့ကိုတစ်ကြိမ်တစ်ခါလောက်
ကံကောင်းခြင်းတွေ ပေးလိုက်ပါတော့လားကွာ...။.
ပန်းခရေ(ရင်တွင်းဖြစ်)