ငါ့အတွေးတွေ အားလုံးမမြင့်မားဘူး
ဒါပေမဲ့ ………………
မနိမ့်ကျဘူး
နိယာမသဘောတရားတွေ
နားမလည်ဘူး
ခံယူချက် သည်းခံမှု စိတ်နေစိတ်ထား
တည့်မှန်အောင် မထားနိုင်သေးဘူး………
အဲဒီအချိန်
ယုံကြည်မှုကောင်းကင်းကြီးက
တဖြည်းဖြည်း ပြိုလဲလာလိုက်တာ
သစ္စာရှိတဲ့
သဘာဝတရားက
ငါ့ကို မဲ့ပြုံးနဲ့ ကြည့်လို့………….
တကယ်တော့
ထောင့်မကျိုးတဲ့ ဒုလုံးရှည်
လောကကြီးရဲ့ သဘောတရားနဲ့
လူတွေရဲ့ အတ္တမာန
သဘာဝတရားကိုနားမလည်ဘဲ
နားလည်ချင်ယောင်ဆောင်နေတဲ့
လူသားတယောက်……..
အဲဒါက ငါ
ဖြစ်မှန်းမသိ ဖြစ်လာတာ
သမုဒ္ဓယတွေကို
ဇွတ်အခါခါ ခေါင်းခါရင်း……………….
ဒီလိုနဲ့ ငါဟာ
မင်းနဲ့ ရင်ဘက်ချင်းကြိုးညှိရင်း
ရင်ခုန်သံချင်းထပ်တူကျဖို့
ကြိုးစားနေတဲ့
အရူးတကောင်ဖြစ်ခဲ့……….
ပန်းခရေ (ရင်တွင်းဖြစ်)
Thursday, June 26
Friday, June 20
ရှင်သန်ခြင်း
တစ်ကယ်တော့ငါဟာ
ရှင်လျက်နဲ့သေနေတဲ့
ရွက်ကျပင်တစ်မျိုးပါ..
ငါ့နားမှာ
နင်ရှိလည်း ရှင်သန်မြဲ
မရှိနေလည်း ရှင်သန်မြဲပါ...
ဒါပေမယ့်
ငါ့ရှင်သန်ခြင်းတွေကတော့
အဓိပ္ပာယ်မရှိ..
ရှင်သန်မြဲပေါ့..
ငါ့အချစ်တွေရှင်သန်လာတာ
နင့်ကြင်နာခြင်းချစ်ခြင်းတွေ
ပေါင်းသင်မှုကြောင့် မှမဟုတ်တာ..
ရွက်ကျတို့သဘာဝနည်းတူ
ငါ့နှလုံးသားက
ယိုဖိတ်ကျတဲ့
ချစ်ခြင်းသံစဉ်တွေ ကြောင့်သာ
ရှင်သန်ရခြင်းပါ.......။
ပန်းခရေ(ရင်တွင်းဖြစ်)
Sunday, June 15
အဖေ

လွန်ခဲ့တဲ့လေးနှစ်တာ
ကာလကတည်းက
ငါ့လုပ်ရပ်တွေ.....
ဖြစ်တည်မှုတွေ...
ရှင်သန်ခြင်းတွေ...
ပိုင်ဆိုင်မှုတွေ...
ဝမ်းနည်းအားငယ်မှုတွေ..
စိတ်ပျက်ထိခိုက်မှုတွေ...
ငိုကြွေးနာကြည်းမှုတွေ....
ပူဆွေးလောင်မြိုက်ခြင်းတွေ...
လက်ဝယ်ပိုင်ဆိုင်ထားတဲ့
ထိခိုက်နာကျင်မှုတွေ...
အားအင်ချည့်နဲ့နေတဲ့
ရပ်တည်ခြင်းတွေ...
ယိုင်နဲ့ပြိုလဲချင်တဲ့ စိတ်ဓာတ်တွေ....
စိတ်ဖိစီးအားငယ်မှုတွေ...စတဲ့
ခံစားချက်တွေအားလုံး....
ရင်နင့်စွာခံစားရင်း .
အဓိပ္ပာယ်မဲ့နေခဲ့တာများ....
အဖေဆိုတဲ့
အေးမြတဲ့မေတ္တာရိပ်ရင်ခွင်က
ကင်းလွတ်နေရချိန်စပြီး
ခုချိန်ထိ မေတ္တာငတ်မွတ်ရင်း
အဓိပ္ပာယ်မဲ့နေဆဲပါ....။
ပန်းခရေ(ရင်တွင်းဖြစ်)
Wednesday, June 11
သစ္စာတစ်ပုဒ်
သစ္စာတရားဆိုတာ
မှားသည်ဖြစ်စေ
မှန်သည်ဖြစ်စေ
မှန်နေတဲ့ အမှန်တရားတစ်ခု
ဒါဆို...မင်းကို
မှန်ကန်တဲ့သစ္စာတစ်ပုဒ်
ပြောပြမယ်....ချစ်သူ...။
တစ်နေ့တစ်နေ့...
ဘယ်ချိန်မှ ဆုံဆည်းရမယ်မသိတဲ့
ချစ်သူကို မှန်းဆတမ်းတရင်း..
ငါ့မျှော်လင့်ချက်တွေရှင်သန်နေတာ...
သစ္စာတစ်ပုဒ်ပါချစ်သူ ..။
မျှော်လင့်ချက်တွေ..
သိပ်မရှင်သန်စေဖို့...
ပြောတတ်တဲ့ချစ်သူကို..
နားလည်းမျှော်လင့်ရင်း ချစ်နေမိတာလည်း
သစ္စာတစ်ပုဒ်ပါချစ်သူ.. ။
ပြန်ဆုံနိုင်မယ့်ကံကိုတမ်းတရင်း...
မျှော်လင့်ခြင်းကင်းမဲ့စွာ...
မျှော်လင့်စောင့်စားနေတာလည်း...
သစ္စာတစ်ပုဒ်ပါချစ်သူ.. ။
ဒီသစ္စာတွေနဲ့အတူ..
ရယူလိုခြင်းကင်းပြီး.
နားလည်ယုံကြည်ခြင်းများစွာဖြင့်
မျှော်လင့်ချက်မဲ့နေတဲ့
လေးနက်တဲ့ ချစ်ခြင်းတွေနဲ့..
သစ္စာက
အဓိကသစ္စာတစ်ပုဒ်ပါ..ချစ်သူရယ်...။
ပန်းခရေ(ရင်တွင်းဖြစ်)
Monday, June 9
မှာတမ်း
..မှာတမ်း..
၁...ချစ်သူ ..
ဆူးကိုမွေ့ယာ သစ်ငုတ်သင်ဖြူး
ခရောင်းကောဇောနဲ့ ပကာသနမဲ့တဲ့
ကိုယ့်ဘ၀ထဲ...
မင်းဝင်ရဲမှ ၀င်ခဲ့ပါ။ ။
၂...မရေရာ မသေချာ..
နေစရာမြေကြီးနဲ့ နားခိုဖို့ထီးမရှိတဲ့
မိုးသောက်ရင် ၀ိညာဉ်ဖျောက်မလား?
နေ၀င်ရင် အသက်ငင်မလား ?
တစ်စက္ကန့်တိုင်းမှာ ခန္ဓာကိုယ်အစိတ်အပိုင်း
တစ်ခုခုပေးဆပ်ရမလား ?
မနက်ဖြန်ဆိုတာ မရှိတဲ့
ကိုယ့်ဘ၀ထဲ........
မင်းဝင်ရဲမှ ၀င်ခဲ့ပါ။ ။
၃...ဒါပေမယ့်လည်း
ကိုယ့်အသက်ရှုတိုင်းမှာ
မင်းအတွက်အကြာင်နာပန်းပွင့်
သစ္စာတွေလွှမ်းရင်းနဲ့
အနမ်းပွင့်တွေ ငံ့လင့်နေတာ
နတ်ဘုရားတွေနဲ့အတူမင်းသိမှာပါ။ ။
၎...ချစ်သူရေ..
အကယ်၍ ကိုယ်ကြွေလင့်ခဲ့ရင်လည်း
အာဇာနည်တွေရဲ့ သုခဘုံ
ရှင်းသန့်တဲ့ ကျော်ဖြူတိုင်မှာ
ထာဝရစဉ်အမြဲ ကိုယ်အသက်ရှင်နေမယ်။ ။
၅..ချစ်သူရေ..
ဒီလိုအချိန်မှာ သောကတွေပွား
စိတ်အားမငယ်ပဲ ကိုယ့်အတွက်အမျှဝေ....
တာဝန်ကျေစေနော်။ ။
ဂရင်းစတား..
ကဗျာလေးကြိုက်လို့ ကူးယူဖော်ပြပေးခြင်းဖြစ်ပါသည်။
Friday, June 6
မေတ္တာကဗျာ.......

............သံဇဉ်တစ်ပုဒ်........
စက်တင်ဘာလ ဆောင်းအစမှာ
ချယ်ရီတွေဖူးတဲ့ မောရှမ်းအလှနဲ့အတူ
ဘ၀ရဲ့အဓိပ္ပာယ်အဖြစ်...
ရင်ခွင်ကို တိုးဝင်လာတဲ့..
ချစ်သမီးရေ....။
အမြဲတမ်း လင်းလက်နေတဲ့ ကြယ်စင်တွေ..
အမြဲတမ်း လှပနေတဲ့ ဆည်းဆာတွေ..သက်တန့်တွေ..
အမြဲတမ်း အဖိုးတန်နေတဲ့ ရတနာတွေ...
ချစ်သမီးရဲ့
အပြုံးတစ်ပွင့်နဲ့ လှမ်းကြည့်လိုက်ရင်
အသံချိုချို စကားတစ်ခွန်းဆိုလိုက်ရင်.....
ကြယ်စင်တွေ ဘယ်လောက်ပဲ လင်းလင်း..
ရတနာတွေ ဘယ်လောက်ပဲ အဖိုးတန်တန်
ရာသီတွေ ဘယ်လောက်ပဲ လှပလှပ
အဖေ့အတွက်တော့ အရာအားလုံးဟာ
ချစ်သမီးရဲ့ လက်ဖ၀ါးနုနုမှာ...။
ဂရင်းစတား
------------------------------------
.........မဲ့.........
လူသားဦးနှောက် နေလိုတောက်၍
အမှောင်ခွင်းထိ စွမ်းအားရှိ။
လူသားအတွေး မိုးကြိုးပြေးသို့
လေးနက်လွန်းဘိ ထက်မြတ်၏
လူသားသိမြင်နတ်မျက်ရှင်သို့
စွမ်းအင်ထူးဘိ စူးရှ၏..
သို့သော်ငြားလည်း ရင်တွင်းဖြစ်လာ
သမီးငယ်အား ကဗျာရေးမည်
ကာရန်ညှိလည်း
အမြင်မဲ့.........
အရောင်မဲ့.....
အသက်မဲ့.....
အတောင်မဲ့..
လက်မဲ့.......
ကျနော့အဖြစ်ကား...
အရာရာမဲ့.............။
(မှတ်ချက်)
အမြင်=ထိုးထွင်းသိမြင်ခြင်း ၊ အရောင်=ပြောင်းလဲခြင်း ၊ အသက်=ရင့်ရော်ခြင်း
အတောင်=စွန့်ခွာထွက်သွာခြင်း ၊ လက်=ဆုပ်ကိုင်ခြင်း...။
ဂရင်းစတား
ဤကဗျာလေးသည်..သမီးကိုသိပ်ချစ်သော ဖခင်တစ်ယောက်၏ မေတ္တာကို ဖော်ပြပေးသော ကဗျာလေးပဲ ဖြစ်ပါသည်။ အစ်ကိုတစ်ယောက်၏ ကဗျာလေးအား ဖော်ပြလိုက်ခြင်းဖြစ်ပါသည်..။
ဖခင်မေတ္တာကို တောင့်တမွတ်သိပ်နေတဲ့....ကျနော်..ဒီကဗျာလေးကိုသိပ်ကြိုက်မိပါတယ်..။ ဒါကြောင့် ကျနော်တင်ပေးလိုက်ပါတယ်...။
ပန်းခရေ...
Subscribe to:
Posts (Atom)