Wednesday, January 30

ဆန်းကြယ်မှု



အချစ်ဆိုတာသိလား
နင်လည်းသိတယ်..
ငါလည်းသိတယ်..
နင့်ကိုငါ
ချစ်တယ်
ငါ့ကိုနင်
ချစ်တယ်....

နားလည်မှုဆိုတာသိလား
နင်လည်းသိတယ်
ငါလည်းသိတယ်
နင့်ကိုငါ
နားလည်တယ်..
ငါ့ကိုနင်
နားလည်တယ်...
လွမ်းဆွတ်မှုဆိုတာသိလား
နင်လည်းသိတယ်
ငါလည်းသိတယ်
နင့်ကိုငါ
လွမ်းတယ်
ငါ့ကိုနင်
လွမ်းတယ်...
ဆုံဆည်းမှုဆိုတာသိလား
နင်လည်းသိတယ်
ငါလည်းသိတယ်
ငါတို့တွေ့ဆုံခွင့်ရခဲ့တယ်....
ဆန်းကြယ်မှုဆိုတာသိလား
နင်လည်းသိတယ်
ငါလည်းသိတယ်
ငါတို့တွေ
ဆန်းကြယ်စွာချစ်မိကြတယ်...


အချစ်ရဲ့ဆန်းကြယ်မှုကိုရောသိလား
နင်လည်းသိတယ်
ငါလည်းသိတယ်
ဒါပေမယ့်
အချစ်ရဲ့ဆန်းကြယ်မှုထဲမှာ
ချစ်လျှက်နဲ့ပေါင်းစပ်ခွင့်မရှိတဲ့
အချစ်စစ်စစ်ရှိတယ်ဆိုတာ
နင်ရောငါရော
ဘာလို့လက်တွေ့သိခွင့်ရလိုက်ပါလိမ့်.......နော်။

ပန်းခရေ(ရင်တွင်းဖြစ်)
ချစ်လျှက်နဲ့မဆုံဆည်းကြတဲ့...သူငယ်ချင်း၂ယောက်ရဲ့အဖြစ်ကို
မြင်ရတာဝမ်းနည်းမိပါတယ်...။
စိတ်မကောင်းဘူး...သူတို့တစ်ကယ်ချစ်ကြတာသိလား..။
ဒါပေမယ့်..သူတို့ချစ်သူတွေမဟုတ်ကြဘူး...။
အငှားခံစားပြီးရေးလိုက်တယ်..။ကောင်းတော့ကောင်းဘူး...။
ကျနော်ကတော့..တစ်စုံတစ်ယောက်ကို နှစ်နှစ်ကာကာချစ်ပါတယ်...။
ကြေငြာပါ..ဟီးး.။


Tuesday, January 29

စားလိုက်ရအောင်







ကဲ...ကိတ်လေးတွေပါ..။ဟီးဘယ်လောက်ကောင်းတယ် ထင်လဲ...။သေချာမှာထားတာနော်...။ဟီး
ဘယ်ရမလဲ ကမ္ဘာကျော်ကိတ်မုန့်ဖုတ်သူဆီမှာ အော်ဒါမှာထားတာ...ကြိုက်တာအကုန်စားသွားနော်
ဟီး..သရေတောင်ကျလာပြီ..တစ်ကယ်...။ဒီပွဲကို တက်ရောက်အားပေးကြသော ပရိတ်သတ်အားလုံး
ကိုအထူးပဲကျေးဇုးတင်ရှိပါတယ်...။ဟီးး ၂၃နှစ်ပြည့်မွေးနေ့လေးကို ဘလော့ပေါ်က သူငယ်ချင်းအားလုံး
နဲ့အတူ ဆင်နွှဲခွင့်ရတဲ့ အတွက် ပျော်ရွှင်မိပါတယ်...။အားလုံးပဲပျော်ရွှင်ကြပါစေ..။
မွေးနေ့ဆုတောင်းပေးသော သူငယ်ချင်းအားလုံးကိုလည်း ကျေးဇူးအထူးပင်တင်ရှိပါတယ်...။
သမီးလေးနွေကဗျာကိုလည်း ကျေးဇူးတင်ပါတယ်...။ကိုဆိုးသွမ်း ကိုလည်းကျေးဇူးတင်ပါတယ်..။
ကိုမျိုးလေးကိုလည်းကျေးဇူးတင်ပါတယ်...။သတိတရပြောပေးကြတဲ့သူငယ်ချင်းအားလုံးကိုလည်း
ကျေးဇူးတင်ပါတယ်...။၁၂နာရီတိတိမှာဆုတောင်းပေးတဲ့ ကိုရွာသားကိုလည်းကျေးဇူးတင်ပါတယ်...။
သယ်ရင်းမလေး သဇင်ဏီကိုလည်းကျေးဇူးတင်ပါတယ်...။သတိတရဆုတောင်းပေးတဲ့ မျှားပြာကိုလည်း
ကျေးဇူးတင်ရှိပါတယ်...။အစ်ကိုချီရွန် ကိုလည်းကျေးဇူးအရမ်းတင်ပါတယ်...။
ဒီထဲမှာမပါသေးတဲ့ သူငယ်ချင်းအားလုံးကိုလည်း ကျေးဇူးအထူးပင်တင်ရှိပါတယ်...။
ကျနော်ချစ်ရတဲ့ တစ်စုံတစ်ယောက်ကိုလည်း ကျေးဇူးတင်ပါတယ်...။
ဟီး မွေးနေ့က ကျေးဇူးမွေးနေ့ဖြစ်နေပြီ.....။အားလုံးကို ခင်လည်းအရမ်းခင်တယ်...
ကျေးဇူးလည်းအရမ်းတင်ရှိပါတယ်....။
အားလုံးပဲပျော်ရွှင်ကြပါစေ.....။

Monday, January 28

HAPPY BIRTHDAY!!!!!!!!!!


ဒီနေ့က.......လူ့ကောကကြီးထဲကိုေ၇ာက်လာတဲ့.....ကျနော်...စိန်မမ...၂၃နှစ်ပြည့်မွေးနေ့ပါ...။ လူ့ကောကကြီးထဲမှာေ၇ာက်လာတာ...၂၃နှစ်၇ှိပြီသိလား....ဟီးးးဘာမှတော့မလုပ်ရသေးဘူး.. ဘယ်သူ့ကိုမှလည်းမကူညီရသေးဘူးဘယ်သူ့ကိုမှလည်းကောင်းကျိုးမပေးရသေးဘူး...။ မိဘကျေးဇူးလည်းမဆပ်ရသေးဘူး...။မိဘကိုလည်းဒုက္ခပေးဆဲပါလုံးဝကိုမကူညီနှိုင်သေးဘူး...။ ဘာအကူအညီမှမပေးနိုင်တဲ့အပြင်...မမွေးခင်ကတည်းက..အမေကိုဒုက္ခပေးလာ တာ..အခုချိန်ထိပဲ...။ကျနော်ကိုမွေးကာစက..ကျနော့ကိုအမေကိုယ်ဝန်ဆောင်စဉ်ကပေါ့.. ကျနော့်ကိုအမေပင်ပင်ပန်းပန်းကိုယ်ဝန်ဆောင်လာရတယ်သိလား...။ကျနော့ကို အမေကိုယ်ဝန်ဆောင်စဉ်ကဆိုနေရထိုင်ရတာတော်တော်ဆိုးတာသိလား ..။အယ်ထရာစောင်းရိုက်တဲ့အချိန်မှာ...ဘာလေးလဲသိချင်စိတ်ပြင်းပြနေတဲ့အမေနဲ့အဖေ ကိုဆရာဝန်ကြီးကပြောပြလိုက်တာ...ပေါင်မုန့်သန္ဓေပါတဲ့သိလား...အဲလိုပါကျနော်က
မိဘတွေကိုမမွေးခင်ကတည်းကဘာမှန်းညာမှန်းမသိအောင်ကို...ဒုက္ခစပေးတာ...။
သိလား..မွေးတော့လည်း၁၁ပေါင်ခွဲရှိတယ်..။စဉ်းစားသာကြည့်လေအမေဘယ်လောက်
ပင်ပန်းလိုက်မလဲ....။အမေလည်းပင်ပန်းအဖေလည်းအရမ်းပင်ပန်းခဲ့တာပေါ့...။
အဲလိုမျိုးတွေစတင်ပြီးဒုက္ခပေးတာပါ..။ ပြီးတော့ရှိပါသေးတယ်..။ငါးနှစ်သမီးကလည်းသွေးလွန်တုတ်ကွေးဖြစ်တယ်..။
ဆရာဝန်လည်းလက်လျှော့လိုက်တယ်...အမေလည်းငိုနေတယ်သမီးလေးကို ဆုံးရှုံးရပြီပေါ့...ဆိုပြီးငိုကျွေးမိတယ်လေ..။အရမ်းလည်းနှမြောတသဖြစ်မိတယ်..။
သေပြီထင်ထားခဲ့ကြတယ်အသက်ကလေးကရှည်ချင်တော့သေရွာပြန်လေးပါ...။
အမေ့မေတ္တာအောက်မှာပြန်လည်ရှင်သန်လာတယ်...။အမေ့ရဲ့အပူအပင်ကို မှန်းဆကြည့်မိတယ်..။အမေခံစားရတဲ့ခံစားမှုကဘယ်လောက်များမလဲ...။ကျနော်တွေးမိလာတယ်...။ စဉ်းစားမိတယ်ကျနော်ကောင်းအောင်မိဘကိုဘာလုပ်ပေးပြီးပြီလဲ..။
ကျနော်လုပ်ပေးနိုင်တာဘာမှမရှိသေးဘူး။သိလား...။အမေ..အဓိကကအမေပါ..
ကျနော့်ကိုဒီလိုဘ၀ရောက်အောင်မွေးဖွားပေးတာအမေပါ..ကျနော့်အမေပါကျနော်ဆိုလိုချင်တာ..
အမေ့ကျေးဇူးတွေကအများကြီးပါ..ဘယ်တော့မှဆပ်မကုန်နိုင်တဲ့...ကျေးဇူးတွေအများကြီးပါ...။
သိလားအမေ့ရဲ့မေတ္တာတွေကဘာနဲ့မှနှိုင်းယှဉ်လို့မရပါဘူး...။
ကျနော်ပြောချင်တာအများကြီးပဲအမေ့ကိုချစ်တဲ့အချစ်တွေက အမေကျနော့်အပေါ်ချစ်တဲ့အချစ်တွေလောက်လိုက်မမှီပါဘူး..။ဒီမွေးနေ့လေးမှာ ကျနော့်ရဲ့လေးစားရတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အမေ့ကိုဒီပို့စ်လေးကနေပြောပြချင်တယ်...။ အမေကကျနော့ကိုဒီလိုဘွဲ့တစ်ခုရအောင်လုပ်ပေးခဲ့တာပါ..။အမေ့မေတ္တာတွေကကြီးမားလွန်းပါတယ်..။ ကျနော်ဘီင်္တက်ခ်ျနဲ့ဘီအီးဘွဲ့ကိုအမေထားပေးတာ..အမေရဲ့ကျောင်းဆရာမလစာလေးနဲ့ကျနော့်ကို မပူမပင်အောင်ထားပေးခဲ့တယ်..။ဘာလိုချင်လဲ ၀ယ်ပေးခဲ့တယ်..။မပူမပင်ရဘူး...။မဖြစ်ဖြစ်အောင်ထားခဲ့တယ်...။မိဘကျေးဇူးဘယ်လောက်ကြီးမားလဲဆိုရင် ကျောင်းဆရာမလခလေး ၃၉၀၀၀-၄၄၀၀၀နဲ့ကျနော့ကိုကျောင်းထားနိုင်ခဲ့တယ်..။

အခုကျနော့ရဲ့ လခနဲ့အမေကိုဖူးလုံအောင်မထားနိုင်သေးဘူး...။အမေဆီကအခုချိန်ထိ
ပြန်တောင်းနေရတယ်..။ကျနော်ပြောချင်တာ...
ဒီ၂၃နှစ်မှာ အမေ့ကျေးဇူးကြီးမားကြောင်းကိုပေါ်လွင်အောင်ဖော်ပြတတ်ချင်တယ်..။
ကျနော်ဖော်ပြ တတ်ချင်ပါတယ်...။ကျနော်လူတိုင်းကိုကူညီချင်တယ်...။
အကျိုးမပြုရင်တောင်မှအနှောက်ယှက်မဖြစ်စေချင်ဘူး...။ဒါကျနော့ရဲ့စေတနာပါလူတိုင်းလည်း ဒီစေတနာမျိုးရှိကြတာပဲ...။ကျနော်လည်း မွေးနေ့မှာ ထူးထူးခြားခြား ဖြစ်စေချင်တယ်...။


၂၃နှစ်မြောက်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင်

အမေကျေးဇူးကိုဆပ်နိုင်တဲ့သူဖြစ်ရပါစေ......။

လူသားတိုင်းကို..ကောင်းကျိုးပြုနိုင်တဲ့သူဖြစ်ရပါစေ....။

အခုအချိန်မှစတင် ပြီးစိတ်ချမ်းသာမှုပေါင်းမြောက်များစွာနှင့် ပြည့်စုံရပါစေ...။



ကိုယ့်ဘာသာပဲ ဆုတောင်းလိုက်ပါတယ်...။ဟီး


Thursday, January 24

မျက်ကန်းအချစ်


အိုဘယ်လိုမျက်လုံးမျိုးကများ
ငါ့ခေါင်းထဲအချစ်တွေရောက်အောင် လုပ်ခဲ့ပါလိမ့်
မျက်မြင်အမှန်တရားနဲ့ လုံးဝမဆီလျော်တဲ့အရာကိုလေ
မျက်လုံးတွေက မှားယွင်းခဲ့မယ်ဆိုရင်တောင်
ဒါကိုပြစ်တင်ချင့်ချိန်တတ်တဲ့ ဆင်ခြင်တုံတရားကရော
ဘယ်များရောက်သွားပါလိမ့်
ဒါဟာအမှန်ဆိုရင်
ငါ့ရဲ့ မှားယွင်းတဲ့မျက်လုံးတွေကိုဘယ်နားသွားသုံးရပါ့
ဒါဟာ ငါမဟုတ်ပါဘူးလို့
ကမ္ဘာပေါ်မှာ ပြောဖို့ဘယ်လိုများဖြစ်နိုင်ပါ့
ဒါဟာ မဟုတ်ဘူးဆိုရင်
အချစ်ဆိုတဲ့အရာကို ဒီလိုသာသတ်မှတ်ပေရော့
အချစ်ရဲ့မျက်လုံးက လူသားအားလုံးရဲ့မျက်လုံးလောက်
အမှန်ကိုမမြင်နိုင်ဘူး
လုံးဝအမှန်ကိုမမြင်နိုင်ဘူးလို့။
ဒါ..ဘယ်လိုများဖြစ်နိုင်မှာပါလိမ့်
အို..အချစ်ရဲ့မျက်လုံးက ဘယ်လိုများအမှန်ကိုမြင်နိုင်ပါမလဲ
စောင့်ကြည့်ရမှုတွေ၊ မျက်ရည်တွေနဲ့
သိပ်ရှုပ်ထွေး ဖုံးလွှမ်းနေခဲ့တာကလား
ငါ့အမြင် မှားယွင်းနေပေမယ့် အံ့သြဖွယ်ရာမဟုတ်
မိုးကောင်းကင်ကြီး ကြည်လင်သွားသည့်တိုင်
နေဟာလည်းသူ့ကိုယ်သူမမြင်နိုင်ရှာဘူးလေ။
အို..လှည့်ဖြားတတ်တဲ့ အချစ်ဆိုတဲ့အရာရေ
ငါ့ကိုမျက်ရည်တွေနဲ့ ကန်းအောင်လုပ်နေပါပေါ့
မြင်တွေ့သွားမှာစိုးလို့လေ။

ဝီလျံရှိတ်စပီးယား၏ " Blind love" ကဗျာကို အနီးစပ်ဆုံးရသပေါ်လွင်အောင်
မြန်မာစကားလုံးဖြင့် အတတ်နိုင်ဆုံးဖလှယ်မျှဝေခံစားပါသည်။
အင်္ဂလိပ်လိုလည်းခံစားရအောင်တင်ပေးလိုက်ပါတယ်...။

BLIND LOVE
O me! what eyes health love put in my head
which have no correspondence with true sight.
Or if they have, where is my judgement fled
That censures falsely what they see aright?
If that be fair whereon my false eyes dote,
What means the world to say it is not so?
If it be not, then love doth well denote
Love's eye is not so true as all men's:No,
How can it? O how can love's eye be true,
That is so vex'd with watching and with tears?
No marvel then though I mistake my view.
The sun itself sees not till heaven clears.
O uenning love!
With tearsthou keep'st me blind.
Lest eyes well-seeing thy foul faults should find!
W.SHAKESPEARE.
ဝန်ခံချက်ဤကဗျာကို အနော်မရေးပါ..ဟိ
အထင်လွဲနေကြပါသည်..။ဟိအနော်ကလည်းမှားတာကိုး..။
အနော်ရေးဘူးနော်..မြန်မာလိုရောသိလား..။

Wednesday, January 23

မွေးနေ့လက်ဆောင်



သူငယ်ချင်းလေး...အိမ်လေး အတွက်မွေးနေ့လက်ဆောင်ပါ..။
အားကြိုးမန်တက်ကိုဝယ်ထား အဲ ဟုတ်ဘူး ရှာထားတာပါ...။
နာရီတွေ..အရုပ်တွေသိပ်ကြိုက်တတ်တဲ့ ကျနော်က သူ့အတွက် နာရီလေးလက်ဆောင်ပေး
ထားပါတယ်..။အိမ်လေးရေ...အဆင်ပြေတယ်ဟုတ်။
မွေးနေ့ဆုတောင်း ထပ်တောင်းပေးတော့ဘူးနော်....။
၂၃နှစ်မြောက်မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာတိုင်အောင် ငါတို့၂ယောက်
မခွဲကြေးနော်...။ငါလည်းမကြာမီလာမည်ပေါ့...။
ကျနော်လည်းနောက်ရက်အနည်းငယ်အတွင်းမှာ ၂၃နှစ်ပြည့်ပါတော့မယ်..။

Tuesday, January 22

ရှင်သန်ခြင်းချစ်ခြင်း





မင်းအတွက်ကျခဲ့ရတဲ့

ငါ့မျက်ရည်တွေ...

မင်းအတွက်လွမ်းဆွတ်မိတဲ့

ငါ့အလွမ်းတွေ...

မင်းအတွက်ပေးဆပ်မိတဲ့

ငါ့ပေးဆပ်ခြင်းတွေ....

မချစ်ဖူးတဲ့

အချစ်တစ်ခုနဲ့

မင်းကိုနင့်နင့်နဲနဲ

ချစ်ခဲ့မိတဲ့

ငါ့ချစ်ခြင်းတွေ...

မင်းသာငါ့ဘ၀တစ်ခု

ယူဆမိခဲ့တဲ့

ငါ့ယုံကြည့်မှုတွေ...

မင်းရပ်တည်မှု

ရှင်သန်မှုတွေ

အားလုံး ငါ့ရပ်တည်မှု

ရှင်သန်မှုတွေ..

ဒါတွေအားလုံးဟာ

ရူးသွပ်မှုမဟုတ်တဲ့

ငါရဲ့ရှင်သန်ခြင်း

ချစ်ခြင်းတွေပါ....ချစ်သူ..။



ပန်းခရေ(ရင်တွင်းဖြစ်)

အချစ်ကိုအရမ်းချစ်တတ်တဲ့အရမ်းကိုးကွယ်တဲ့ကောင်မလေး နွေကဗျာကိုယ်စား

ခံစားရေးထားတာပါ..သူရဲံ့ချစ်ခြင်းကဘာနဲ့မှမတူအောင်ကို..ပြင်းထန်ပါတယ်

ကျနော့်ရဲ့ ကဗျာရေးညံ့ဖျင်းမှုကြောင့်သာ အချစ်ရဲ့အင်အားတွေကို ဖော်ညွှန်းမပြသနိုင်တာကို

ခွင့်လွှတ်ပါ..အချစ်ကိုတော့..လူတိုင်းလေးနက်စွာ ခံစားဖူးကြမှာပဲ....။

ကျနော်လည်း ..တစ်စုံတစ်ယောက်ကို လေးနက်စွာချစ်တယ်...။

ဟီး ကြေငြာဝင်တာပါ...။

Friday, January 18

တွေ့မိသမျှ


လာပြန်ပြီ..စိန်မမတို့ကတော့...မျက်စိရှေ့မြင်လာတာကို ပြောပြအုံးမယ်...။
ကျနော်မျက်စိက မျက်မှန်သမားဆိုတော့ စက်ကြည့်တာများပြီး ပါဝါတိုးချင်သလိုဖြစ်လာတာနဲ့
မျက်စိကလည်းကိုက်နေတယ်...ကြာပြီလေ..။ဆေးမီးတိုနဲ့ကုနေတာ သက်သာမလားလို့ပေါ့..။
မသက်သာတာနဲ့ ဒီနေ့ဆေးခန်းသွားပြတယ်...။ ဆရာဝန်ကလည်း စနေနေ့ပြန်လာဖို့ ချိန်းလိုက်တယ်...။
သိပ်စိတ်မရှည်ချင်ဘူး ရောဂါကိုပြောလိုက်ပါလား ..။ပဟေဋိ အဖြေညှိလိုက်ပါတယ်...။ပါဝါတိုးတာလား
ဆိုတော့လည်း တိုးတယ်..ဒါပေမယ့်အသေအချာမပြောဘူး...။အီလည်လည်နဲ့
လူကိုရေရေလည်လည်လေတယ်...။ ဘာမှန်းမသိပဲ ..ပေးလိုက်တဲ့ဆေးရယ်....
မျက်စဉ်းခတ်ဖို့လည်း ပေးလိုက်သေး...ပိုက်ဆံတော့ကုန်ပ....။
စနေနေ့တစ်ခေါက်ပြန်သွားရအုံးမယ်...။ကျနော်တော့..ဆရာဝန်ဆီသွားတိုင်း...ဘယ်တော့မှတစ်ရက်တည်း
နဲ့ပြီးသွားတယ်လို့ကို ..မကြုံဖူးတာ...။ချိန်းလိုက်တာလွန်ပါရော..။ကျနော့်အကြောင်းပြောနေတာနဲ့ပဲ...
ကျနော်ပြောမှာပျေက်ပြန်ပြီ....။ဒီလို...ဒီနေ့ဆေးခန်းသွားတာ....ဆေးခန်းမှာမြင်တွေ့ခဲ့ရတာလေး...
ပြောပြချင်တာ...။အမှန်ကတော့..ကျနော့ရဲ့အတွေးနယ်ချဲ့မှုကို....တစ်ယောက်တည်းမတွေးပဲ...
ဘလော့ပေါ်တင်လိုက်တာ...မနိုင်တော့ဘူး ..ကူတွေးပေးပါအုံး...။
ဆေးခန်းကို မျက်စိလာပြတဲ့စုံတွဲ..တစ်တွဲ အင်း..အတိအကျပြောရရင် မိသားစုတစ်စုပေါ့...။
ကလေးလေးကအလွန်ဆူံးရှိ..တစ်နှစ်သမီးလေး....။အမျိုးသားကလည်းငယ်ငယ်...အမျိုးသမီးကလည်းငယ်ငယ်....။
၂၀ကျော်ပေါ့...ကျနော်တို့နဲ့ရွယ်တူလောက်ရှိမယ်....။ အမျိုးသမီးက..လက်ထဲမှာလည်း
အိပ်တွေအများကြီးကိုင်ထားတယ်..။ လက်တစ်ဖက်က..သမီးလေးကိုချီပိုးထားတယ်...။
သားသားနားနားသန့်သန့်ပြန့်ပြန့်ပဲ..နှစ်ယောက်စလုံးက...
အမျိုးသားကလည်း...နာမည်ကြီးတံဆိပ်..အမျိုးအစားတွေကိုဝတ်ထားတယ်...အမျိုးသမီးကလည်း ..ဖန်စီလေးပေါ့...။
အထက်တန်းစားအသိုင်းအ၀ိုင်းကဆိုတာ မပြောပဲသိလို့ရတဲ့ ..အနေအထားလေးတွေ...။ကျနော်လည်းပျင်းတာကိုး
ဆရာဝန်စောင့်ရတာ ..ပျင်းပျင်းနဲ့..သူတို့ကိုစိတ်ဝင်စားမိတယ်...အဓိကက သမီးလေး..ကျနော်ကကလေးသိပ်ချစ်တာ...။
သမီးလေးကို..လှမ်းစရင်းကျနော်လည်း သူတို့ကိုငေးမိနေတယ်...။ဆရာဝန်ကလည်းကြာပ...။
သမီးလေးက..ရယ်နေရာကနေထငိုပါလေရော...။မအေလုပ်တဲ့သူက ချော့တာပေါ့ ...ဘယ်လိုချော့ချော့မရဘူး...။
ကလေးကလည်းငိုမြဲပဲ...။အဖေလုပ်တဲ့..မင်းသားကလှည့်မကြည့်ဘူး..သိလား...။အဲဒါကလေးကအရမ်းငိုပြီး..ခဏတိတ်
သွားတယ်...ကလေးဘာလို့ငိုလဲ သိလား ရှုးရှုးပေါက်တာ...အဲဒီတော့..ကလေးကို ...ဘောင်းဘီလည်းပေးရတော့မယ်..။
အမကတစ်ယောက်တည်းလုပ်နေတာ...မနိုင်တော့ဘူးလေ...။အဲင်္ဒိတော့အဖေလုပ်သူကို...ပြောတာပေါ့...
“ ကလေးကို ခဏလောက်ချီထားပေးစမ်းပါ..”
ဘာပြန်ပြောလည်းသိလား
“ မင်းကွာ..အဲဒါပဲ ငါမကြိုက်တာ..ကလေးကိုငါမချီတတ်ဘူးဆိုတာ ..မင်းသိရဲ့သားနဲ့..”
အား..မျက်နှာကြီးကလည်း..ရဲလို့ဒေါနဲ့မောနဲ့ပြောတာသိလား...။ကျနော်နားကြားများလွဲသလားပေါ့....။
သူကဒေါသထွက်နေတယ်တဲ့...။ပြီးတော့ယောင်လို့တောင်ကလေးကို လှည့်မကြည့်ဘူး....။
ကျနော်တော်တော်အံ့သြမိတယ်...။ဒါဖြစ်သင့်သလား...။ကျနော်စဥ်းစားမိတာ..သူကဒိလောက်ဒေါသဖြစ်ပြီး...
စိတ်မရှည်တာ..သူ့ကလေးမဟုတ်ဘူးလား...။ကလေးမျက်နှာကလည်း...သူအသေးစားပဲသိလား...။
တော်တော်နားမလည်နိုင်ဖြစ်မိတယ်...။ဒါဒေါသထွက်စရာလား...။အမြင်မတော်တဲ့
ကျနော်ကတော့..သွားလုပ်ပေးမိသား...။ဒါပေမယ့် ခေါင်းထဲမှာ အတွေးတွေချာချာလည်နေတယ်...။
စဉ်းစားပေးကြပါ...။အဲဒီၤလူသားရဲ့စိတ္ဓာတ္ကဘယ္လိုလဲ...။သူဝတ်စားထားတဲ့..အ၀တ်အစားတွေကိုတော့...
အားနာသင့်ပါတယ်...။ဘာလဲ..ကိုယ့်သားသမီးရဲ့.. ကိစ္စကိုဘယ်မိဘကအဲလိုလုပ်ရက်မှာလဲ..။
သူမိဘမဟုတ်ဘူးလား...။လောကမှာ..အဲလိုစိတ်ထားရှိတဲ့မိဘတွေ့ဘူးလား...။
သူ့အစားကျနော်ရှက်မိတယ်...။တစ်ကယ်ပါ...လောကမှာရှိကြတဲ့ယောက်င်္ကျားသားတွေလည်း...။
သူ့ကြောင့်ဂုဏ်သိက္ခာကျဆင်းတယ်...။ကျနော်နားမလည်းတာလား....။သူကပဲနားမလည်တာလား...။
ကူစဉ်းစားပေးကြပါ...။ကျနော်..တွေ့မိတာလေးပါ..။လက်တွေ့ဖြစ်ရပ်မှန်ပါ...။
၁၀၀၀မှာတစ်ယောက်မလုပ်တာသေချာပါတယ်...။ဒါပေမယ့်..သူအဲလိုလုပ်သွားတယ်..။
လုံးဝမဖြစ်သင့်ဘူးလို့ကျနော်..ယုံကြည်ထားတယ်...။ပြောကြပါအုံး...၀ိုင်းပြီးဝေဖန်ပေးကြပါ...။
သုံသပ်သွားပေးပါ...ကျနော်တစ်ယောက်တည်းများမှားနေသလားလို့...။
ကျနော်လည်းမနေနိုင်ဘူး....ဘလော့ပေါ်ရောက်အောင်ကို...အတွေးမပြတ်လို့ပါ...။
လေရှည်လွန်းလို့လည်း...ပန်းလေရှည်ပြောင်းရမလိုဖြစ်နေပြီ....။
ကွန်းမန့်တွေ မျှော်နေမယ်...။ပြောသွားကြပါ..အမြင်လေးတွေကို...။

Wednesday, January 16

ကံကောင်း


ထိုင်နေတာပျင်းလွန်းလို့..ဘာလုပ်ရမလဲ..စဉ်းစားစမ်း...။ကံကောင်း..မင်းကိုမင်း..ဘာထင်လဲ..။
ဟဲလူထင်တာပေါ့ ...မှားသွားလားမသိ..အဲလိုပါကျနော်က..နာမည်ကတော့ကံကောင်းပဲ...။
လူကတော့ထင်သလောက်ကံမကောင်းဘူး...။ဘယ်လောက်ထိကံမကောင်းလဲဆိုရင်.....
သူငယ်ချင်းကိုင်ထားတဲ့ ဘောပင်လေးတစ်ချောင်း အရမ်းလှတယ်....ကျနော်လည်းသိပ်ကြိုက်တယ်ဗျာ ...လိုက်ဝယ်လိုက်တယ်..လိုချင်လွန်းလို့...။အရမ်းကြိုက်ရင်..ကျနော်ကလိုက်လုပ်တတ်တဲ့ ...အကျင့်ရှိတယ်..
သိလား...။လိုက်ဝယ်လိုက်တာ ..အားလုံးအဆင်ပြေတယ်..ဆိုင်မှာလည်းစမ်းခဲ့တာ...နစ်ထိပ်ကလည်းကောင်း..
ချောချက်ကတော့..ဘောပင်နစ်ပါ..မွှတ်ထွက်နေတယ်..။အားလုံးအဆင်ပြေတော့..၀ယ်ပြီးပြန်လာတယ်...။
ပြောလိုက်အုံးမယ် ..ထုံးစံအတိုင်း..ကံမကောင်းချင်တော့...အိမ်ရောက်လို့..ဘောပင်သစ်လေးနဲ့..စာရေးမယ်ကြံတုန်း
ရေးလိုက်တာ..နစ်ကြွေတယ်လေ...။ကြွေသွားတယ်ဗျာ..အသဲနှလုံးတွေ..ပြုတ်ကုန်တာ ..ရေရေလည်လည်ကို
ကြွေကုန်ပါင်္ပြီ...သေပါပြီဗျ..အဲလိုပါ..ကံကောင်းတို့ကံကောင်းချက်က...။
ဒီလိုနဲ့ဘ၀ကို ..ကံကောင်းလိုက်..ကံမကောင်းလိုက် ဖြတ်ကျော်လာတာ...ပေါ့ပေါ့ပါးပါ့းပါပဲ..ဂဲမဆွဲမိဘူးလေ...။
ပျော်ပျော်ပါးပါးပဲ...ကံကောင်းသယ်ရင်းများနဲ့..ဟေးလားဝါးလား..သစ်လားပဲ...။
တစ်နေ့..ကံကောင်းတို့ ..ကျောင်းကန်တင်းမှာထိုင်ရင်း..ပျော်ပါးနေတာ..ကစားရင်းပေါ့..မျက်စိပါ...
ကစားရင်းကောင်မလေး...အားပါးလှတယ်...လှလိုက်တာဗျာ..ရင်ကိုခုန်သွားတယ်...ရုပ်ရှင်တွေဝထ္ထုထဲမှာ..မင်းသားက..
မင်းသမီးကိုတွေ့ရင်..ရင်ခုန်မိတယ်..လို့ဖတ်ဖူးတယ်...ဒါပေမယ့်ကံကောင်းတို့လည်း..တစ်နေ့ဒ်ီလိုကြုံရမှာပါလားလို့...
မတွေးခဲ့မိဘူး..ဘယ်လိုမှန်းကို ပြောမပြတတ်လောက်အောင် ကံကောင်းခံစားသွားရတယ်ဗျာ...။
ကံကောင်းချစ်တယ်ဆိုတာ..အုန်းချစ်လားမေးရလောက်အောင်တော့ ကံကောင်းမညံ့သေးပါဘူး...။
ကံကောင်းချစ်ဘူးတယ်..ကံကောင်းရည်းစားတွေထားဖူးတယ်...ထည်လဲတော့မဟုတ်ဘူး...။
လျှော်ရတာပျင်းတယ်လေ....။ကဲကောင်းကောင်းပြောမယ်ဗျာ....။ကံကောင်းကောင်မလေးကိုစတွေ့တာ
ကန်တင်းမှာ..ကံကောင်းတို့ကျောင်းက..အစိုးရနည်းပညာကောလိပ်ပေါ့...။ကံကောင်းက...ဘီတက်ပါ...ဘီအီးရောက်သေးဘူး..။
ကံကောင်းကစာလည်းမလုပ်ဘူး...လိမ်မာတဲ့ထဲလည်းမပါဘူး....။ကံကောင်းသိတာ..ပျော်ပျော်ပါးပါးနေတယ်...။
ပေါ့ပေါ့ပါးပါး..ရည်းစားလေးထားပြီး...ဘ၀ကိုဖြတ်သန်းတယ်..ဒါပဲ...။ဒီလိုလူကံကောင်းက...
ကောင်မလေးကိုတွေ့တဲ့အချိန်မှာ..အရာရာဟာလေးနက်လိမ့်မယ်လို့....မထင်ခဲ့မိဘူး...ကောင်မလေးရဲ့ပုံစံလေးက
လှတယ်ဗျာ..လှတဲ့ကောင်မလေးတွေ..ဒီခေတ်ကြီးထဲမှာ အများကြီးပဲ..ကံကောင်းတို့တွေ့ဖူးတယ်...ရည်းစားလည်းတော်
ဖူးပါတယ်...။ဒါပေမယ့်ဒီကောင်မလေးရဲ့အလှကိုတော့ ကံကောင်းရေရေလည်လည်ခံစားမိသွားတယ်...။
ခင်ဗျားတို့သိမလား...။ဒီကောင့်ရင်မှာ..မိုးကြိုးတွေပစ်လို့...။လျှော့လိုက်နေတာများ...လားမသိ...။
ကောင်မလေးနဲ့ပက်သက်ပြီးပြောနေတာ..ကံကောင်းဒီနေ့ပြီးပမလား..။ကံကောင်းသူငယ်ချင်းကပြောတယ်...။
အဲဒါအသစ်ပြောင်းလာတဲ့....ကလေးကျောင်းက..ကောင်မလေး..ဘီအီးတန်းကို..အီးစီမေဂျာကတဲ့..။
ထုံးစံအတိုင်းသိတယ်မလား..ကောင်လေးဆိုတော့သတင်းစုံတယ်..မြန်တယ်လေ...။
ကောင်မလေးအကြောင်းသိပ်မစုံစမ်းရဘူး...။သိသွားတယ်..။သိတဲ့အချိန်ကစပြီး ကံကောင်းတို့ကောင်မလေး..
ဆီိကို..တစ်နေ့တစ်ခေါက်ပုံမှန်ရောက်အောင်သွားတယ်..။အတန်းရှေ့ကခိုးကြည့်တယ်....။ကန်တင်းကစောင့်တယ်...။
ပန်းလေးတွေ..ပို့ပေးတယ်..။ကောင်မလေးက ခရေပန်းသိပ်ကြိုက်တယ်လေ..။အမြဲပို့ပေးတယ်...။
ဒီလိုနဲ့ခင်မင်ခွင့်ရခဲ့တယ်...။ကံကောင်းကံကောင်းလာတာပေါ့...။သူလေးဈေးသွားမလား...အသင့်ပဲ..။
လိုက်ပို့မယ်..ဆိုင်ကယ်ရယ်ဒီ...။ဘာစားချင်လဲ အားလုံးအဆင်သင့်..၀ယ်ပေးပြီးသားပဲ..။
ဘယ်မိန်းကလေးကိုမှ အလိုမလိုက်တဲ့..ကံကောင်း..ကောင်မလေးနဲ့ကျမှကျွတ်တာပဲ...။ဒါလည်းပျော်နေဆဲပါ...။
ကံကောင်းသူငယ်ချင်းတွေ ကလည်းကံကောင်းကို အားကျလို့ဗျာ...။ကံကောင်မျက်နှာပွင့်နေတာ..ကောင်မလေးက
မာနအရမ်းကြီးတယ်...ကံကောင်းတစ်ယောက်ပဲ ကောင်လေးဆိုလို့စကားပြောလက်ခံသတဲ့ဗျာ.....။
ကံကောင်းတစ်ယောက်ကိုပဲ လက်ခံစကားပြောတဲ့ကောင်မလေးကို..တစ်နေ့တစ်ခြား ..သံယောဇဉ်တွေပိုလာပြီး...
ချစ်ချစ်လာတယ်ဗျာ...။အချစ်တွေတိုးလာတာနဲ့အမျှ ကံကောင်းကောင်မလေးကိုဖွင့်ပြောဖို့ အကြိမ်ကြိမ်ကြိုးစား...
ခဲ့တယ်...သူငယ်ချင်းသံယောဇဉ်လေး ပျောက်သွားမှာတောင်ကြောက်မိတယ်...။ဒီလိုနဲ့ကံကောင်းနဲ့ကောင်မလေးဟာ
ရင်ထဲမှာကိုယ်စီရှိကြပြီး...ကံကောင်းဘက်ကတော့အပြည့်ပဲ....။တိတ်တိတ်လေးချစ်ရင်း...နှစ်တစ်နှစ်ကိုကုန်ဆုံးခဲ့တယ်..။
ဒီနေ့ပြောမယ်..နောက်နေ့ပြောမယ်နဲ့.....ကံကောင်းမပြောဖြစ်ဘူး...။ကံကောင်းတို့..အချစ်တွေကို...မြိုသိပ်မရနိုင်တော့တဲ့
နောက်ဆုံးတစ်နေ့..သူ့ကိုဖွင့်ပြောခဲ့တယ်...။သူများတွေလိုတော့ ကဗျာမဆန်ခဲ့ဘူး...။
အချစ်ကိုအချစ်လိုပဲ..ရိုးရိုးရှင်းရှင်းလေးဖွင့်ဟ ပြခဲ့တယ်....။အချစ်ကိုကိုးကွယ်အားကိုးပြီး...ကောင်မလေးကို
ကံကောင်းဘယ်လောက်တောင် မြတ်နိုးတွယ်တာမိတယ် ဆိုတဲ့အကြောင်းကို..ဖွင့်ဟမိတယ်...။ကောင်မလေးလည်း
သိပါတယ်.....။သိပြီးသားပါ..။ခံစားမိပြီးသားပါ..။ကံကောင်းကိုတွယ်တာလို့သာ..ကံကောင်းကိုလက်ခံစကားပြောတာ..
ကံကောင်းအတွက်စိတ်ပူပေးတာပေါ့နော်...။ကံကောင်းလည်းအရဲစွန့်ပြီးပြောလိုက်တယ်...။
“နင့်ကိုငါချစ်တယ်ကောင်မလေးရယ်..............”
မျက်လုံးလေးတွေနဲ့အရည်လဲ့စွာပြန်မော့ကြည့်လာတဲ့ ..ကောင်မလေး...
နှုတ်ခမ်း၂လွှာကို အသာအယာဖွင့်ဟရင်း...
“ နင်ကငါ့ကိုချစ်တယ်..ဟုတ်လား..”
“ဟုတ်တယ်....ငါနင့်ကိုချစ်တယ်..”
ရယ်သံလွင့်လွင့်လေး....
“ သေချာရဲ့လားကံကောင်းရယ်...”
“ နင်ငါ့အကြောင်း ဘယ်လောက်သိလဲ....”
“ ငါ့ကိုချစ်တာလား..ငါ့အလှအပကိုချစ်တာလား...”
ကံကောင်းကိုပြန်မေးတယ်...ကောင်မလေးရယ်..နင့်ကိုငါချစ်တာဘာကိုပြောရမလဲ..။
“ ငါနင့်ကိုစတွေ့စကတည်းကချစ်ခဲ့တာ...ကောင်မလေး..နင့်ရဲ့အလှအပက..ငါ့အတွက်အချစ်နဲ့မသက်ဆိုင်တဲ့
အကြောင်းအရာပါ...”
“ အချစ်ကအချစ်ပဲ..အလှအပနဲ့တခြားစီ..သီးသန့်ရပ်တည်နေတယ်...ရောမထားဘူး...
အဲဒါနင်သိလား...”
“ ငါသိတာပေါ့..ငါသိပ်သိတာပေါ့..နင်ကငါ့ကိုချစ်လို့ချစ်တာမှန်ရင်...
ငါဘာဖြစ်ဖြစ်နင်ချစ်နိုင်လား...ပြောငါ့ကိုမှန်မှန်ပြော..”
“ ဟ..ကတိတောင်ပေးတယ်သိလား..ချစ်ပါတယ်ဆိုမှ..နင်ဘာပဲဖြစ်နေနေချစ်မှာပဲ..”
“ အဲဒါယုံ...”
“ ကောင်းပြီလေ..ငါစောင့်ကြည့်မယ်...”
“အင်း”
ကံကောင်းတို့..ဒီလိုနဲ့ရက်တွေကြာလာတယ်...။ကောင်မလေးကိုလည်းချစ်ရင်း....
လောကကြီးကိုကျေနပ်လာတယ်...ကောင်မလေးကလည်း...ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကလွဲရင်...
ကံကောင်းကိုဂရုစိုက်တယ်....ချစ်သူကောင်းတစ်ယောက်လို..အားပေးတယ်..။
တစ်နေ့..ကောင်မလေးကျောင်းမတတ်လို့...အဆောင်ကိုလိုက်သွားတယ်...။
အဆောင်ရောက်တော့ ကောင်မလေးသူငယ်ချင်းတွေအားလုံး မျက်နှာမကောင်ဘူး....။
“ ကောင်မလေးရော..”
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း...
“ ကံကောင်းနင်မလာခင်လေးတင်..အပြင်ထွက်သွားတယ်..”
ကံကောင်းစိတ်ထဲမှာတစ်မျိုးပဲ....အလိုလိုခံစားမိတာက..တစ်ခုခုကိုဆုံးရှုံးရတော့မှာလား....။
“ ဘယ်ထွက်သွားတာလဲ..သူနေမကောင်းတာလားလို့..ကျောင်းလည်းမတတ်ဘူးလေ..”
“နေကောင်းပါတယ်..”
“အေးဟာ..ငါလိုက်သွားလိုက်မယ်....သူပြန်လာရင်ဘယ်မှမသွားနဲ့လို့...
ငါပြန်လာမယ်ပြောလိုက်ဟာ....”
“အေးပါ..”
ကံကောင်းကျောင်းဘက်က ဘုရားဘက်များရှိမလားလို့ လိုက်ကြည့်တယ်မတွေ့ဘူး..။
မြို့ထဲလား...ဟုတ်ပြီကံကောင်းမြို့ထဲလိုက်ရှာမိတယ်.....။
ရှေ့မှာ..ပျော်မြူးနေတဲ့အတွဲတစ်တွဲ..ချစ်သူစုံတွဲဗျာ...သိပ်ကြည့်ကောင်းတာပဲ...ဘယ်သူဘယ်ဝါမသဲကွဲသေးပါဘူး..။
ကောင်မလေးက ကံကောင်းကောင်မလေးနဲ့တူလိုက်တာ....။ပျော်နေလိုက်တာများ....မိုးမမြင်လေမမြင်ထင်ပ...။
ကံကောင်းလည်းကောင်မလေးနဲ့ဒီလိုလေးတော့ ပျော်ချင်သားလို့တွေးမိသေးတယ်...။
ကောင်မလေးဘယ်ေ၇ာက်နေလဲ..စိတ်ပူပန်ရင်း...ရှေ့အတွဲကကောင်မလေးနောက်ကိုလှည့်အကြည့်မှာ...
ကံကောင်းနဲ့မျက်လုံးချင်းဆုံလိုက်မိတယ်....။အားကံကောင်း...မူးထွက်သွားတယ်...။ချာချာလည်သွားတယ်...
ခေါင်းတွေချာချာလည်သွားတယ်ဗျာ..။ကောင်မလေး..ကံကောင်းကောင်မလေး....။
အားပျော်နေလိုက်ကြတာ...ကံကောင်းကိုမမြင်ဘူး...။ကောင်မလေးမင်းမျက်ဝန်းတွေ...
ငါ့ကိုမသိသလိုမျက်ဝန်းတွေ ..တစ်စိမ်းတစ်ယောက်ရဲ့မျက်ဝန်းတွေ....။စိမ်းကားရက်စက်လွန်းတဲ့မျက်ဝန်းတွေ...
ကံကောင်းသွားပြီ...သေပြီ...ကံကောင်းဘာလုပ်ရမလဲ...နှုတ်ဆက်ရမလား..သွားခေါ်ရမလား.....။
ကံကောင်းဘာလုပ်ရမလဲ....ကံကောင်းအဆောင်ပြန်လာတယ်...။အဆောင်ကနေကောင်မလေးကိုစောင့်မယ်...။
ဒီအတိုင်းမေးရင်...ကောင်မလေးရှက်မှာပေါ့...။
ကံကောင်းအဆောင်ရောက်တော့...အဆောင်ပိုင်ရှင်အဒေါ်ကြီးက..
“ ဟဲ့..ကံကောင်း..မိုးမိုးတော့..အပြင်သွားတယ်တွေ့လား..”
“ ဟုတ်..”ကံကောင်းစိတ်တွေ..မလန်းဆန်းတော့ဘူး....။ကံကောင်းပြန်ဖြေသံဟာ..တိုးတိတ်နေတယ်...။
“ အေးကွယ်...မိုးမိုးလည်းသူ့ကောင်လေးလာတော့ပျော်သွားတယ်...”
“ သူ့ခင်ပွန်းကသူ့ကို သိပ်ချစ်ပြီးအလိုအရမ်းလိုက်တာ...”
ဘာတွေလည်းဒေါ်ကြီးဘာတွေလာပြောတာလည်း.....ကံကောင်းနားကြားလွဲတာလား
“ အဒေါ်..ဘယ်လိုပြောတယ်..”
“ အော်..မိုးမိုးလေ..မိုးမိုးအကြောင်းပြောတာ..မိုးမိုးခင်ပွန်းလေ နိုင်ငံခြားရောက်နေတာ...အခုပြန်ရောက်ေ၇ာက်ချင်း
မိုးမိုးဆီလာတာ...မိုးမိုးကိုသိပ်ချစ်တာ..မိုးမိုးကလည်း သိပ်ချစ်တာပဲ..မင်းမသိဘူုးလား..”
“ သူ့မှာ ခင်ပွန်းရှိတာကို လေ..”
သွားပြီ..နားကြားလွဲတာလား.ဟေ့ကောင်ကံကောင်းမင်းနားကြားလွဲတာ...
ကံကောင်း ကံကောင်းဘာလုပ်ရမလဲ..ကံကောင်းဘာလုပ်ရမလဲ..ကံကောင်းကအချစ်ကိုညာတာလား...။
အချစ်ကကံကောင်းကို လှည့်စားသွားတာလား...။
ကံကောင်းခေါင်းငိုက်စိုက်ကျစွာ...ပြန်ထွက်လာခဲ့တယ်....။ကံကောင်းဘာဖြစ်သွားတာလဲ....
ကောင်မလေးကို ကံကောင်းဘာလို့အပြစ်မမြင်တာလဲ...ဆက်ချစ်သွားရင်လည်း...
ကံကောင်းမြန်မာအမျိုးသားလေ..ဒုသနသော မြောက်မှာပေါ့...။
ကံကောင်းဘာဆက်လုပ်ရမလဲ..ကံကောင်းဘာလုပ်သင့်သလဲ.....အပြစ်မြင်ကြည့်လို့မရဘူးဗျာ...။
ချစ်တာချစ်တာပဲလေ...ကောင်မလေးကမေးဖူးတယ်...ကံကောင်းဘာလို့ချစ်တာလဲ...
ကံကောင်းချစ်လို့ချစ်တာပါ...။ကံကောင်းကိုစောင့်ကြည့်မယ်တဲ့...ကံကောင်းအခုချိန်မှာသူ့အနားကပျောက်သွားရင်...
ကံကောင်းအချစ်ကပြောင်လဲတယ်လို့ ကောင်မလေးထင်မှာလား..။
ကံကောင်းမပြောင်းလဲပါဘူး...။ကံကောင်းချစ်နေပါတယ်...။ချစ်နေဆဲပါ...ချစ်နေအုံးမှာပါ...။
ဒါပေမယ့်ကောင်မလေးနားကိုတော့ နောက်တစ်ကြိမ်ဆိုတာ ဘယ်တော့မှမရှိတော့ဘူး..။
ပြန်မသွားတော့ဘူး...။ကံကောင်းကိုနားမလည်လည်းကံကောင်း ပြန်မသွားတော့ဘူး..။ဒါဟာ
ကောင်မလေးကို ကံကောင်းတစ်ကယ်ချစ်တာပါ...။ချစ်လို့ကို ဝေးဝေးပြေးမိတာပါ...။
အဲဒီအချိန်ကစပြီး....။ကံကောင်းတို့ကျောင်းမှာ...ကံကောင်းဆိုတဲ့ကောင်လေးကို...
မတွေ့ရတော့ဘူး...ကံကောင်းကျောင်းပြောင်းသွားတယ်....။
“ အေးကွာ..ကံကောင်းသနားပါတယ်...အလိမ်ခံရတာကွ..ကောင်မလေးကသူ့ကို လိမ်ထားတယ်လေ...”

“ကံကောင်းသနားပါတယ်.ဟယ်...မိုးမိုးကလည်းနော်..ဆိုးပ”
“ကံကောင်းကိုက..ကံမကောင်းတာပါ..”
ပဲ့တင်သံတွေ..ကံကောင်းပြန်ကြားမိတာတွေ...အဲဒီထဲကကောင်မလေးရဲ့ ပဲ့တင်သံက
“ အလကားပါကွာ...ကောင်လေးတွေ..အချစ်ဆိုတာကို အော်ပြီး နောက်ဆုံးတော့လည်း...ငါ့မှာခင်ပွန်းရှိတယ်ဆိုတော့
မရတော့မှန်းသိလို့ထွက်ပြေးသွားတယ်လေ...ဟဟရှင်းနေတာပဲ”
အား သွားတာပဲ အဲဒါအဆိုးဆုံးပဲ့တင်သံပါ..မင်းမသိတာလား...မိုက်ရူးရဲဆန်တာလား...။
နားမလည်တာလား...ဒီလိုတွေးရမယ်လို့မင်းကိုဘယ်သူသင်ပေးလဲ..မင်းနှလုံးသားလား...
မင်းအသိဥာဏ်လား..တစ်ခုမှသုံးစားမရတဲ့အကြောင်းအရာတွေ....မင်းရူးနေတာပါ..
“ကောင်မလေးမင်းရဲ့..ရူးသွပ်တဲ့အတွေးတွေကို ဖယ်ထုတ်ပြီးလောကကြီးကို မြင်လှည့်စမ်းပါ...။
အချစ်ကို..ဘ၀ရဲ့လက်တွေ့နိယာမတရားနဲ့ ရောပြီးမစော်ကားနဲ့...အချစ်မှာဘာမှမပါဘူး...။
ဘ၀ရဲ့လက်တွေ့နိယာမတွေကသာ...လူတွေကိုလှည့်စားနေတာ..မင်းသိလား..”
ကံကောင်းရဲ့ပဲ့တင်သံပါ...ကောင်မလေးကြားသည်ဖြစ်စေ မကြားသည်ဖြစ်စေ..
ကံကောင်းရဲ့ပဲ့တင်သံလေးကတော့ ပြောနေမိမှာပါ...။နောက်တစ်ခုက..ကောင်မလေးကိုချစ်ခဲ့တဲ့
အချစ်တွေအားလုံးလည်း တည်မြဲနေမှာပါ....။


Tuesday, January 15

အလွမ်း


မလွမ်းဘူးလားရယ်လို့
မတမ်းဘူးလားရယ်လို့
အရည်လည်မျက်ရည်စတွေနဲ့
ဘ၀င်ဝယ်သည်းကြွေခ, လေအောင်
မေးမပြပါနဲ့ ချစ်သူရယ် ။
တကယ်ချစ်ရသူမို့
ရင်ဝယ်ဘယ်ခါမမေ့နိုင်ပါဘု
သခင်ရယ် ထွေးကာထားပါ့မယ်
ဆွေးစရာ့စကားတွေ မပြောလေနဲ့တော့
နွေးစရာ့ရင်ခွင်မှာ
ခေါင်းမော့ကာ ပြုံးပြပါဦး ....။....။
လင်းဦးဆီကကဗျာလေးပါ...။ကြိုက်လို့တင်ထားတာ...။
သူငယ်ချင်းတွေ လည်းကြိုက်မယ်ထင်ပါတယ်..။အိုကေတယ်ဟုတ်...။

စပိန်ဘာသာ အခြေခံသင်တန်းဖွင့်လှစ်


စပိန်စာတတ်လို့တော့မဟုတ်ဘူး ...။
စိတ်ဝင်စားတာပါ..ကိုယ်မတတ်တဲ့ဘာသာစကားတွေကို ..စိတ်ဝင်စားမိတာ.....။
ကျနော်က မြန်မာစကားလည်းသိပ်တတ်တာမဟုတ်..။မြန်မာတွေကို ..မြန်မာလိုပြောပြီး..
လည်ထွက်သွားအောင်ပြောနိုင်တယ်လေ...အဲလောက်ကိုအရည်အချင်းက များပါတယ်...။
ဒီလိုအရည်အချင်းများတဲ့..ကျနော်က ...တခြားဘာသာစကားများကိုလည်း ..
စိတ်ဝင်စားသေးတယ်....။EDUCATION စာဆောင် ဖတ်ရင်းဒီသတင်းလေးဖတ်လိုက်ရတယ်...။
ဖတ်မိတာလေးကို ..တင်ပေးလိုက်တယ်..ကျနော့်လိုပဲစိတ်ဝင်းစားကြရင်...ဖတ်လို့ရတာပေါ့နော်..။

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ၊ ခရီးသွား လုပ်ငန်းဆိုင်ရာသင်တန်းကျောင်းက
စပိန်ဘာသာအခြေခံသင်တန်းကို ဇန်န၀ါရီလ(၁)ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်းသိရပါတယ်...။
သင်တန်းကာလ တစ်လခွဲခန့်ကြာမြင့်မှာဖြစ်ပြီး စပိန်ဘာသာအခြေခံ သင်တန်းတက်ရောက်ပြီးဆုံး
တဲ့သူတွေဟာ စပိန်ဘာသာကျွမ်းကျင်မှု အဆင့်မြင့်တန်းတွေကို ဆက်လက်တက်ရောက်နိုင်ကြပြီး
စပိန်ဘာသာကျွမ်းကျင်မှုရရှိပါက ဧည့်လမ်းညွှန်လိုင်စင်ရယူ နိုင်ကြကြောင်းသိရပါတယ်...။
ဧည့်လမ်းညွှန်လိုင်စင်ရရှိပြီးသူတွေက ခရီးသွားလုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်...။
အဆင်ပြေတယ်နော်...။ကျနော်အားကျမိသား..။

Monday, January 14

သားတူဖအေ


ဆယ်ကျော်သက်သားငယ်က အိမ်မှာနေရတာ စိတ်ပျက်လွန်း၍ ထွက်သွားရန်ပြင်၏။
“ ဒီအိမ်မှာ နေရတဲ့ ငြီးငွေ့စရာဘ၀ကြီးကို ကျွန်တော်မုန်းတီးစက်ဆုပ် လှပြီ။
ကျွန်တော်အလုပ်လုပ်ချင်တယ်။ ဖောဖောသီသီ သုံးချင်တယ်။ မိန်းမချောချောလေးတွေနဲ့
နေချင်တယ်။ ဒီအိမ်မှာ ကျွန်တော်လိုချင်တာဘာ တစ်ခုမှမရဘူး။ သွားမယ်ဗျာ ”
သားကဘ၀င်မကျတာတွေ အံထုတ်ပြီးထွက်သွား၏။ သူခြံတံခါးနားအရောက်မှာ
သူ့အဖေက......
“ ဟေ့..သားနေစမ်းပါဦးကွာ..”
“ မတားနဲ့တော့အဖေ ”
“ တားတာမဟုတ်ပါဘူး ကွာ ၊ အဖေလည်းမင်းနဲ့ အတူလိုက်ချင်လို့ပါ ”

Saturday, January 12

ချစ်သူ

ချစ်သူ...သီချင်းလေးကို အယ်လ်လွန်းဝါဆိုထားတာပါ ...။ကျနော်သိပ်ကြိုက်တဲ့ ..သီချင်းလေးပါ..။
ချစ်သူသီချင်းလေးကို နားထောင်ရတာ ..ရင်ထဲမှာအလိုလို..ပျော်ရွှင်ကြည်းနူးမိတယ်...။
ကျနော်လည်း ဒီလိုချစ်သူတစ်ယောက်ကို ပိုင်ဆိုင်ချင်တယ်...။ပိုင်ဆိုင်ခွင့်ရချင်တယ်...။
ချစ်သူကောင်းတစ်ယောက်လည်း ဖြစ်ချင်တယ်...။ကျနော်ကချစ်သူကောင်းတစ်ယောက်ကို ပိုင်ဆိုင်ချင်မိတာအပြစ်လား..။
သီချင်းလေးနားထောင်ရတာ ...စိတ်ထဲကနေ..တစ်ကယ့်ခံစားချက်အတိုင်းတောင့် တမိတယ်...။
အိမ်ဝေးသူဆီမှာရေးထားတာ တွေ့လို့ ကူးလာပြီင်္းပြန်တင်ပေးလိုက်တယ်....။
ကျနော့်လိုပဲ အ
ကြိုက်ချင်းတူသူများ..ခံစားချက်ချင်းတူသူများကို မျှဝေလိုက်ပါတယ်...။

သီချင်းစာသားလေး ကတော့…….

ဘယ်အချိန်ခါမဆို….ထာဝစဉ်အပြုံးရွှင်…နေတတ်တဲ့ ကိုယ့်ချစ်သူ…

တခါါတခါ သူ.....စိတ်တိုင်းမကျတောင် အစဉ်..အားပေးတတ်တဲ့သူ…

ကိုယ်ပျော်ရင်…သူလည်းပျော်တယ်…ကိုယ်ငိုရင် သူလည်းငိုမယ်…....

တခါတလေများ…………အပြင်..... ပြဿနာတွေ...ယူလာမိ...သူစိတ်မချမ်းသာအောင် .....

ပန်လည်တွေးတိုင်း…သနားလို့လာတယ်…ဘယ်သူနဲ့မှမတူဘူး …. …......

အနိုင်ယူတတ်တဲ့.....ကိုယ့် တစ်ယောက်ကိုကွယ်…..ခွင့်လွှတ်ရင်း ..အမြဲဂရုစိုက်တတ်တဲ့....ကိုယ့်ချစ်သူ…..

ဘယ်အချိန်ခါမဆို……ကိုယ့်အနားမှာ အစဉ်ရှိ တဲ့ ကိုယ့်ချစ်သူ..... ကြာလာလေလေ..... ပိုချစ်လာလေ

တကယ်ပြည့်ဝလွန်းတဲ့သူရယ်……..သူပျော်ဖို့……ရှေ့တန်းတင်မယ်...ဒီသီချင်းလေး နဲ့ ကိုယ်တောင်းပန်မယ်…

သူနေချင်တဲ့ဘ၀မျိုးမှာ…..အတူနေနိုင်ဖို့ ကိုယ်လေ ..ကြိုးစားမယ်……..

ဒီသီချင်းလေး….သူ့အတွက်ဆိုမယ် …ကြင်နာတတ်တဲ့သူ့အကြောင်းတွေ........

ပြန်လည်တွေးတိုင်းသနားလို့လာတယ် …..ဘယ်သူနဲ့မှ မတူဘူး……

အနိုင်ယူမိတဲ့ ကိုယ့်တယောက်ကိုကွယ်….. ………..ခွင့်လွှတ်ရင်း…… အမြဲဂရုစိုက်တတ်တဲ့…… ကိုယ့်ချစ်သူ

ဘယ်အချိန်ခါမဆို…… ထာဝစဉ်ပြုံးရွှင် နေ တတ်တဲ့ကိုယ့်ချစ်သူ

တခါတခါ သူစိတ်တိုင်းမကျတောင် အစဉ် အားပေးတတ်တဲ့ .....သူ……….

ကိုယ်ပျော်ရင်သူလည်းပျော်တယ်…ကိုယ်ငိုရင် သူလည်းငိုမယ်…

တခါတလေများ အပြင် ပြဿနာတွေ ယူလာမိ……… သူစိတ်မချမ်းသာအောင်

ပန်လည်တွေးတိုင်း…သနားလို့လာတယ်…ဘယ်သူနဲ့မှမတူ ဘူး........ ၀ူး …

အနိုင်ယူတတ်တဲ့ ကိုယ်တစ်ယောက်ကိုကွယ်…..ကြင်နာတတ်တဲ့သူအကြောင်းလေး...ရေး

ဒီသီချင်းလေး......မင်းအတွက်ဆိုမယ်.....ခွင့်လွှတ်ရင်း အမြဲ ဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ..

ပန်လည်တွေးတိုင်း…သနားလို့လာတယ်…ဘယ်သူနဲ့မှမတူဘူး …...

အနိုင်ယူမိတဲ့ …ကိုယ်တယောက်ကိုကွယ် …..ကြင်နာတတ်တဲ့သူ့အကြောင်းလေး......

အစားအစာနှင့် ပန်းနာရောဂါ


အစားအစာနှင့် ပန်းနာရောဂါ

ပန်းနာရောဂါသမားတွေ အတွက်ရော...ဆေးဗဟုသုတ အနေနဲ့ရော အသုံးဝင်တယ်ထင်လို့ တင်ပေးလိုက်ပါတယ်..။
ဖတ်မိသလောက်လေးကို သူငယ်ချင်းအားလုံးကို မျှဝေတာပါ ..။နောက်လည်း သိတာလေးတွေ ပြောပြမယ်နော်...။
အဆင်ပြေတယ်ဟုတ်...။

အစားအစာက ပန်းနာရောဂါကို ကာကွယ်ကုသနိုင်တယ်ဆိုတဲ့ ခံယူချက်ဟာ သမိုင်းရှည်ကြာခဲ့ပါပြီ။ ခရစ်မပေါ်မီနှစ်ပေါင်း ၁၆၀၀ လောက်ကတည်းက ရှေးအီဂျစ်ဆေးပညာစာအုပ်တွေထဲမှာ "သင်္ဘောသဖန်းသီး ၊ စပျစ်သီး ၊ လောဗန် (Frankincense မွှေးတဲ့သစ်ဆေး) ၊ စမုံစပါး ၊ ဂျင်အရက် ၊ ၀ိုင်အရက် " တို့ဟာ ပန်းနာရောဂါ ကာကွယ်ကုသနိုင်တယ်လို့ ယူဆခဲ့ပါတယ်။
အဲဒီရှေးဟောင်းကုထုံးတွေအနက် ယနေ့ထက်တိုင် သိပ္ပနည်းကျနေသေးတဲ့ အစားအသောက်တွေကတော့ ဘ၀င်ကြွစေတဲ့ အစား အသောက်များ ဖြစ်ကြတဲ့ သစ်သီးများနဲ့ ဟင်းသီးဟင်းရွက်များ ၊ ငါးများ ဖြစ်ကြပါတယ်။
၁။ ပန်းနာရောဂါရဲ့ခံစားရမှုများ
ပန်းနာရောဂါ ထလာရတဲ့ယန္တရားသဘောဟာ ရှေးကအတိုင်း ရှုပ်ထွေးပွေလီဆဲ၊ ရှေးကအတိုင်း အံ့သြစရာကောင်းဆဲဖြစ်ပေမယ့် ပန်းနာရောဂါရဲ့ အခြေခံအကြောင်းအရင်းနဲ့ ပန်းနာရောဂါရဲ့ ယန္တရားသဘောအပေါ် အစားအစာတွေရဲ့ သြဇာသက်ရောက်မှုတွေကို အရင်ကထက် အများကြီးရှင်းလင်းလာပါပြီ။
ပန်းနာရောဂါရဲ့ အဓိကခံစားမှုက အဆက်မပြတ်မောဟိုက်ဆို့ကျပ်မယ်။ ချောင်းဆိုးမယ်။ အသက်ရှူတိုတောင်းမယ်။ အသက်ရှူတိုတောင်းတာမှာ ခပ်ပေါ့ပေါ့ဖြစ်နိုင်သလို ၊ အသက်ပါပါသွားလောက်အောင် ပြင်းထန်တာလည်းရှိတတ်တယ်။ အဲဒီလက္ခဏာတွေထဲမှာ အဆုတ်ထဲက လေ၀င်လေထွက် အပေါက်ငယ်လေးတွေ ရုတ်တရက် ချွဲကျိ ရည်နဲ့ တခြား ယိုစိမ့်ထွက် ပစ္စည်းတွေနဲ့ ပိတ်ဆို့သွားတတ်သေးတယ်။ အဲဒါကို ချက်ချင်းမထုတ်နိုင်ဘူးဆိုရင်တော့ လူနာဟာ မွန်းပြီးသေဆုံးစေနိုင်ပါတယ်။
ပန်းနာရောဂါရဲ့ ငုပ်နေတဲ့ ကာလကြာရောဂါ ဇစ်မြစ်ကို ပါရဂူတွေသိရှိလာခဲ့ပါပြီ။ အဲဒါကတော့ " အဆုတ်လေပြွန်နံရံ နဲ့ နှာခေါင်းချွဲမြှေး" တို့ရဲ့ နာတာရှည်ရောင်ရမ်းမှု နဲ့ ပိုထူထဲလာမှုတို့ ကြောင့် ကြွက်သားကိုကြွက်တက်စေတယ်။ လေလမ်းကြောင်း ကျဉ်းကျုံ့သွားတယ်။အဲဒီကနေ အသက်ရှူရခက်ခဲသွားစေတယ်။ ဒါ့ကြောင့် ပန်းနာရောဂါကို ကုသတဲ့ ကုထုံးနည်းသစ်က ပထမဆုံးအနေနဲ့ ကြာရှည်ကြာမြောတည်ရှိ တိမ်မြုပ်နေတဲ့ ရောင်ရမ်းရောဂါရဲ့ တုန့်ပြန်မှုကို အလျင်ဆုံး ကုသရပါတယ်။
၂။ ကြက်သွန်နီ
အရေးအကြီးဆုံးအချက်ကတော့ ကြက်သွန်နီအမြဲတမ်းစားပေးပါ။ ကြက်သွန်နီထဲမှာ ရောင်ရမ်းမှု ခုခံတိုက်ဖျက်နိုင်တဲ့ သဘာဝဆေး အနည်းဆုံး သုံးမျိုးပါဝင်နေတယ်။ ပန်းနာရောဂါကို အမြစ်ပြတ်ပျောက်ကင်းသွားစေနိုင်တယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး နာမည်ကျော်ကြားတဲ့ သုတေသီဂျာမန်လူမျိုး ဒေါက်တာဒို့(လ်ခ်) က ကြက်သွန်နီကို သုတေသနပြုတွေ့ရှိ တာကတော့ ကြက်သွန်နီရဲ့သတ္ထုရည်ပဲဖြစ်ဖြစ်၊ ထူးခြားတဲ့ကြက်သွန်နီဒြပ်ပေါင်းပဲဖြစ်ဖြစ်၊ ရောင်ရမ်းမှုကို ခုခံတိုက်ဖျက်အားကောင်းတဲ့ အာနိသင်မျိုးရှိတာချည်းပါပဲလို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒေါက်တာဒို့ (လ်ခ်)တွေ့ရှိသေးတာက ကြက်သွန်နီမှာ ပန်းနာရောဂါကို တိုက်ရိုက်ခုခံတိုက်ဖျက်နိုင်တဲ့ အာနိသင်မျိုးလည်း ပါဝင်သေးတယ်လို့ ဆိုပါတယ်။
စမ်းသပ်မှုတစ်ခုမှာ ပန်းနာရောဂါထစေတဲ့ ဟစ္စတာမင်း (histamine)တွေကို ပူးသတ္တ၀ါလေးတွေကို စားစေလိုက်တယ်။ ဟစ္စတာမင်း တုန့်ပြန်မှု (၃၀၀%) အထိတက်လာတယ်။ ဒါပေမယ့် ဒေါက်တာ ဒို့(လ်ခ်)က ပူးတွေကို ကြက်သွန်နီသတ္ထုရည်တွေ တိုက်ကျွေးလိုက်တော့ ဟစ္စတာမင်း တုန့်ပြန်မှုနှုန်းတွေ ကျဆင်းသွားပြီး ပန်းနာရောဂါ ထတာလည်း ကျဆင်းသွားပါတော့တယ်........။

Wednesday, January 9

မိတ်ဆိုးမိတ်တု(၄ ယောက်)

မိတ်ဆိုးမိတ်တု(၄ ယောက်)

၁။ အညဒတ္ထုဟရမိတ်

မိမိကိုပေးကမ်းထောက်ပံ့မည့်သူမဟုတ်ယူမည့်သူသက်သက်ဖြစ်သောစိတ်။

၂။ပစိပရမမိတ်

ပေးကမ်းမှု၌လက်မပါ၊ပါးစပ်ပြောသက်သက်မိတ်(ပလီပလာမိတ်)။

၃။အနပိယဘာဏီမိတ်

ရှေ့မျက်မှောက်တွင်သာချစ်ယောင်ခင်ယောင်ဆောင်၍ကွယ်ရာတွင်

တစ်မျိုးပြောသောစိတ်။

၎။အပါသဟာယမိတ်

အပြစ်မကင်းသော အမှုတို့၌ အဖေါ်သဟဲရသော မိတ်တို့ဖြစ်သည်။

ယူမိတ်၊နှုတ်မိတ်၊ချစ်ယောင်မိတ်၊ယုတ်မိတ်၊မိတ်တုလေးရန်သူမိတ်ဆွေ

လေးတွေရှောင်လေကင်းစင်ဝေး။


@တစ်ကယ်တော့အောင်မြင်မှုဆိုတာ ကျွန်တော်တို့နဲ့အဝေးဆုံးထွက်ပြေးနေတဲ့

အနီးဆုံးမိတ်ဆွေတစ်ယောက်ပါပဲ။သူ့ကိုပေါင်းသင်းတက်ပါမှ ပြန်ကြည့်တာပါ။

အပေါင်းအသင်းမတက်ရင်တော့သူကအမြဲရှောင်နေမှာဖြစ်တယ်။

@တစ်ကယ်တော့ နေပျော်တဲ့ဘ၀ဆိုတာ ကိုယ့်စိတ်ကို ထိန်းသိမ်းတာပါ။

ပေးလာတဲ့အခြေအနေပေါ်မှာ လိုက်လျောညီထွေစွာ နေတတ်တာပါ။

@ပြုပြင်မှုက အသစ်တစ်ဖန်ကောင်းလာနိုင်ပါ့မလားဆိုတာကိုပေါ့။

ကောင်းရင်တော့ ခိုင်မြဲမှုရှိနိုင်မလားဆိုတာကိုပေါ့။

ဒီလိုပါပဲ ဘ၀မှာအတွေးနဲ့လူလုပ်ခဲ့ရတာဆိုတော့ အတွေးများက

တစ်ခုမဟုတ် တစ်ခုတွေးနေ ရတာပါပဲ။

မအားတာနဲ့ပို့စ်တွေလည်း မတင်ဖြစ်ဘူး ။ အားလုံးဆီကိုလည်းလိုက် မလည်ဖြစ်ဘူး..။
ဒီကနေလည်တယ်နော်...။တောင်းပန်ပါတယ် ..။သူငယ်ချင်းတို့ရယ်..။
ကိုယ်အားတာနဲ့ အားလုံးကို ကောင်းကောင်းလိုက်နှောက်ယှက် အဲ..ဟုတ်ဘူး..
လိုက်နှုတ်ဆက်မယ်နော်...ဟီးးးးးးးးးးး..။
အားလုံးအဆင်ပြေပါစေ...။







Sunday, January 6

အဆင်မပြေမှုများ


ဒီနေ့တွတ်ပီတို့ကံမကောင်းဘူးဝေ့....စိန်မမတို့ဒီနေ့ရေလည် ကံဆိုးတယ် ...မွှတ်ထွက်နေတာပဲ....
မိုးလင်းဖို့အစမပျိုးခင်...မနေ့ညကပါစရမယ်...အကြောင်းအရာကိစ္စတစ်ခုနဲ့..ပက်သက်ပြီးသူငယ်ချင်း ၃ယောက်ရဲ့ လှလှပပရစ်မှုအောက်မှာ...စပါယ်ရှယ်ဇွန်းတပ်ပြီးကို ...အကြပ်ခံရင်း...
ကျနော်လေနေခဲ့ပါတယ်...
အမှားလုပ်မိတယ်လို့တော့ကိုယ့်ကိုကိုယ် မထင်ဘူး...ဒါပေမယ့်သူတို့က...
အမှားလို့ယူဆကြတယ်လေ....
မနေ့ကစပြီးး...အခုချိန်ထိပါ..
တစ်ညလုံးတစ်ရေးမှမအိပ်ရသေးဘူး...။မျက်လုံးမှိတ်ဖို့ဝေးလို့.....

အိပ်စက်မှုကိုတောင်စိတ်မကူးဝံ့ဘူး....သူငယ်ချင်း၃ယောက်ရဲ့..ရေလည်ရစ်မှုအောက်မှာ....
ပက်ပက်စက်စက်
လူးလွန့်ခံစားရင်း..မနက်မိုးလင်းခဲ့ရပါတယ်....။
ဝေလီဝေလင်း...အချိန်အခါသမယမှာတော့...၃ယောက်သား...လည်ပတ်ချင်မှုပြင်းထန်စွာဖြင့်.....
အေးအေးစီးစီးဖြင့်..ဘောင်းဘောင်းလက်ရှည်များ....ဂျာကင်များကိုယ်စီဝတ်ဆင်ကာ.. ဈေးသို့ဆိုင်ကယ်ဖြင့်
ထွက်လာပြီး...လမ်းသလားပါသည်။
ပျော်တော့နေလိုက်ကြတာ...၃ယောက်သားမိုးမမြင်လေမမြင်ပေါ့.....မတွေ့တာကြာတော့လည်း...
ရေရေလည်လည်အတိုးချပြီး...မြူးကြွနေကြတယ်......။ပျော်ချက်ကတော့..လန်ထွက်နေတယ်....
ဟီးးးးးး...လို့မရီနိုင်ပါဘူး...။မိုးမမြင်လေမမြင်..ဈေးဝယ်ထွက်ရင်း...ဆိုင်ကယ်ကို၃ယောက်စီးပြီးး...
လမ်းမပေါ်ပျော်မြူးနေတာ...ဟော...မောင်တော်ပီကယ်...အဲ..မော်တော်ပီကယ်....
ကိုကိုများကို...ထုံးစံအတိုင်း...ကန်းနေကြထုံးစံအတိုင်း...စိန်မမတို့..မျက်မှန်းကြီးတပ်ပြီး.. ကန်းနေတာ
တည့်ကိုဝင်တိုးတာပါပဲ.......။
ဟားးးးးးး.....သေပြီဆရာ....အနဂ္ဂနှင့် စိုင်းစိုင်းမဟုတ်ဘူး...မင်းသားကြီး..ရေလည်လန်းတယ်.....။
တပ်လိုက်တဲ့အမှုတွေ....ဦးထုပ်မဆောင်း၊ လိုင်စင်မိတ္တူဖြစ်မှု ၊ ၃ယောက်စီးမှု ၊ ထပ်ပြောရင်...
အသက်ထွက်တော့မယ်.....
“ ကျမ၀န်ထမ်းပါရှင့် ”
ဟီးးး....လေမတိုးသံလေး....ဆယ်ရက်ထမင်းမစားရသေသလိုပေါ့.....
“ မရပါဘူး...ဆရာမ..ဒါတာဝန်ပါ..”
ကျမ၀န်ထမ်းကဒ်မပြနိုင်ပါဘူး...။ဝန်ထမ်းကဒ်ကလေးက....မိုးလင်းအစောအိမ်မှာ....
အိပ်တုန်းပါ........ကျနော်ဘီလိုမှရှင်းပြလို့..မရပါဘူး...
“ ဆရာမ...ကျနော်တို့က..တာဝန်အရမို့ပါ..ဆရာမကိုလွှတ်လိုက်ရင်... တခြားလူတွေအတွက်..
မကောင်းပါဘူး...။ ”
ကဲ..သမီးစိန်မမ....
“ ဆောင်လိုက်ရပါသည်....ဒဏ်ငွေ..၂၂၀၀၀ကျပ်..ချလန်လေးပါ...”
ရတဲ့လခ..တစ်လ..၃၉၀၀၀ကျပ်...
ဒီလကုန်ပြီ...သေပြီဆရာပါ...ငတ်ပါပြီ..အနော့ကိုတနားဘူးလား...။
ဒီလိုအဆင်မပြေတာကို...ကျနော်အကြိုက်ဆုံး...အရုပ်ကလေး....ပိုက်ဆံအိပ်မှာ..အမြဲတွဲလွဲခိုခဲ့တဲ့...
ခွေးရုပ်ကလေး....ဘယ်ကျပျောက်မှန်းမသိခြင်းပါ....။သေသင့်နေပြီ.....။
ဟောပို့စ်တင်မယ်....လုပ်လိုက်တယ်...မီးမလာပါ....အချိန်မမီတော့ပါ......။
သေသင့်ပြန်ပြီ............။ကျနော်ထီပေါက်ထားပါတယ်......။လာရောက်ထုတ်ယူပါ....။
မည်သူကိုမဆို...မျက်နှာမလိုက်...ပေးဝေနေပါပြီင်္....။
နောက်ကျမယ်နော်.....
“ ၂၂၀၀၀ တန်ချလန်လေးတစ်ရွက်...”
လက်မလွတ်စေနဲ့နော်...နည်းတဲ့အခွင့်အေ၇းမဟုတ်ဘူး....။ဟီးးးးးးးးးး
၅ရက်အတွင်းသွားဆောင်ရမည်......။ဟီးးးးးးးးးးးးး
ကိုယ့်ရဲ့...အမှန်အကန်ဖြစ်ရပ်ပါ......။

Saturday, January 5

အချစ်



အချစ်ဆိုတာအတော် ထူးဆန်းလွန်းတယ်....။ခံစားမှုပေါင်းစုံကိုလည်း ဖြစ်စေနိုင်တယ်..။
ရင်ခုန်စေတယ်...။ပျှော်ရွှင်စေတယ်...။ ခံစားချက်တွေကို ..ပေးစွမ်းနိုင်မှုက ဘာနဲ့မှ လိုက်မမီဘူး..။
အချစ်တဲ့ တွေ့လိုက်တာနဲ့ကို လူကိုပင်ပန်းစေတယ်...။အချစ်မှာ...သ၀န်တိုမှုရှိလား...။
သ၀န်တိုတာမဟုတ်ဘူး...။မနာလိုတာမဟုတ်ဘူး...။ကိုယ့ိကိုမချစ်ပဲ...တခြားသူတစ်ယောက်ကို
ချစ်သွားခဲ့ရင်ဆိုပြီး တွေးမိတာ ..။ဝမ်းနည်းမိတာ..။ချစ်သူရဲ့အသံက..ကိုယ့်အတွက်အားဆေးတစ်ခွက်.....
ချစ်သူရဲ့စကားတစ်ခွန်းသာလျှင် ..ကိုယ့်အတွက်အမှန်တရား...။ချစ်သူကိုစချစ်မိတဲ့အချိန်က
စပြီး...လောကကြီးမှာ ..ကိုယ်လောက်လေးနက်တဲ့သူ..မရှိတော့ဘူး...။
အချစ်မှာကံကောင်းချင်တယ်...အမြဲတမ်းလည်းပျော်ရွှင်ချင်တယ်...။ပေးဆပ်ချင်တယ်....။ ကိုယ့်ချစ်သူရဲ့
အလေးထားမှုကို...အပြည့်အ၀လိုချင်တယ်...။ကိုယ့်ချစ်သူရဲ့ ..ဂရုစိုက်မှုကိုခံယူချင်တယ်..။
ကိုယ့်ချစ်သူနဲ့ ဘ၀တစ်ခုကိုထူထောင်ချင်တယ်...။ချစ်သူသာလျှင်ကိုယ့်အတွက်.....
ကိုယ့်ဘ၀အတွက်အဓိကစာမျက်နှာတစ်ရွက်ဖြစ်လာတယ်.....။ချစ်သူကိုစတင်ပြီး....
ချစ်တတ်လာတဲ့အချိန်ကစပြီး....ဘာမှမလိုအပ်တော့လောက်အောင်..ပြည့်စုံလာတယ်..။
ကိုယ့်အနာဂတ်ဟာ...ချစ်သူရဲ့အနာဂတ်ဖြစ်သလို ချစ်သူရဲ့အနာဂတ်ဟာ.. .. ကိုယ့်အနာဂတ် ဖြစ်ချင်တယ်...။
ချစ်ရင်သ၀န်တိုတတ်လား...။ကိုယ်သ၀န်တိုတာတော့မဟုတ်ဘူး...။ သ၀န်တိုမိတယ်ဆိုရင်တောင်..
ချစ်လို့ပါ...ချစ်မိသွားလို့ပါ....။အချစ်ကြောင့်ဖြစ်လာတာတွေ..အများကြီးပဲ....။
ကိုယ့်ကိုနားလည်ပေးပါ....။ချစ်သူ အပေါ်မှာ..မယုံတာမဟုတ်ဘူး...။ကံကြမ္မာကိုမယုံတာ...။
ကိုယ့်ကိုကိုယ် ကံမကောင်းတတ်သူဆိုတော့..ကိုယ့်ကံကြမ္မာကိုမယုံတာပါ....။
ချစ်သူတိုင်းဒီလို..အကြောင်းတရားလေးတွေရှိတတ်ကြတယ်နော်....။
ကိုယ်ချစ်သူ့အပေါ်ကို ..စချစ်မိတဲ့အချိန်ကစပြီး........ကိုယ်ဆိုတာမရှိတော့ဘူး...။
ချစ်သူရဲ့ပျော်ရွှင်မှုကိုပဲ မြင်ချင်တယ်..။ချစ်သူပျော်ရင်..ကိုယ်လည်းပျော်တယ်...။
ချစ်သူရယ်..ဘာစကားကိုမှအလှမဆင်တတ်တဲ့ကိုက...ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းကိုတော့...
နှလုံးသားနဲ့ရင်းပြီးပြောပါရစေ...။စကားလုံးတွေက အစီစဉ်ကျချင်မှကျမယ်....လှပချင်မှလှပမယ်...
ဒါပေမယ့်....ချစ်တယ်...ချစ်သူရယ်...။

ဘာရယ်မဟုတ်ပါဘူး..ခံစားကြည့်တာပါ...။အချစ်ကိုတော့လူတိုင်းချစ်ဖူးမှာပေါ့...။
အချစ်တဲ့..ချစ်တယ်ဗျာ။


Thursday, January 3

့အကုန်ကြိုက်တယ်


အလှအပမျိုးစုံ..ရောင်းတဲ့ ...ကုန်တိုက်တစ်ခု..ပိုင်တဲ့သူဌေးကြီးတစ်ယောက်ရှိတယ်..။
င်္ဒီကုန်တိုက်ကအသစ်ပေါ့.....။ဒီကုန်တိုက်ကိုဖွင့်ဖို့ ..အရောင်းစာရေးတွေကို ..လိုအပ်နေတယ်...။
အဲဒီကုန်တိုက်ကို ဖွင့်ဖို့သူဌေးက သူ့လက်အောက်က မာန်နေဂျာတွေကို အရောင်းစာရေး တွေကိုသေချာခန့်အပ်ဖို့ပြောတယ်.....။သူက..သူ့တပည့်တွေကို..ဒီလိုမှာတယ်...။
မင်းတို့တွေ ...အရောင်းစာရေးမလေးတွေကို...စိုက်စုံ...အရွယ်စားစုံ... အမျိုးစုံ..
ခန့်ကွ...တစ်ချို့က..ပိန်ပိန်ပါးပါး..ကိုကြိုက်တယ်..တစ်ချို့ကပုပု၀၀...ကိုကြိုက်တယ်...။
တစ်ချို့က..အသားဖြူဖြူလေးတွေကိုကြိုက်တယ်...။တစ်ချို့က..အသားမည်းမည်းကြိုကုက်တယ်...။
အဲဒီတော့....မင်းတို့တွေ..customersတွေရဲ့ ..စိတ်ကြိုက်..အမျိုးစုံထားပေးပါ...။
ဒါမှတို့ကုန်တိုက်ကို လူစည်ကားမယ်....ရောင်းကောင်းမယ်။”
လို့ သူ့တပည့်တွေကိုသေချာမှာကြားတယ်....။သူ့တပည့်တစ်ယောက်က...
ဆရာကိုပြန်မေးတယ်....။
ဆရာ့...အကြိုက်လေးတွေကို ..ရွေးခန့်ပေးမယ်....ဆရာ”
“ ဆရာကရော..ဘယ်လိုပုံစံမျိုးကို..ကြိုက်လဲ...ဆရာ..။”
ပြန်ဖြေလိုက်တာက
အေး....ငါကတော့အကုန်ကြိုက်တယ်ကွ...။”

ကဲရေးတတ်သလောက်ပေါ့...။နောက်များများရေးပေးမယ်...။အခုတော့ဒီလောက်ပေါ့..။
ဟီးးးးးးးးးးး

Wednesday, January 2

ကိုယ်ဟာစိတ်ပျက်စရာကောင်းနေသူဟုတ်မဟုတ်ဆိုတာ စီစစ်ကြဆို့

ဒီတစ်ခါတော့ ကိုယ့်အပေါ် ကိုယ့်ရဲ့ အနီးဆုံး လက်တွဲဖော် ၊ ချစ်သူတွေက ဆက်ဆံပြုမူပုံကို ကြည့်ပြီး ကိုယ်ဘယ်အခြေအနေဆိုက်ပြီလဲဆိုတာ အကဲခက်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ် ။ အကြိုးရှိနိုင်ပါစေ လို့ စာရေးဆရာမ မော် ကမြင်ကွင်းမဂ္ဂဇင်းမှာ ဒီလိုရေးသားလိုက်ပါတယ်. . . . . . . .။

( ၁ ) သင်အလေးအနက်တန်ဖိုးထားသူက သင်နဲ့ ခပ်ခွာခွာမှာနေဖို့ အမူအရာတွေလုပ်နေရင်တော့ သတိသာထားပေတော့ ။ သင့်ဆီမှာသင်သတိမထားမိတဲ့ အသေးအမွှား ပြဿနာ ၊ အကျင့်ဆိုးရှိနေပြီ ။
ဥပမာ ။ ။သင်က အတူတူထိုင်မလို့ လာတဲ့အခါ သူက အဲဒီနားမှာနေနော် နင်က အပုပ်စော်လဲနံတယ် တံတွေးလဲစင်တယ်ဆိုရင်တော့ သွားပြီ. . . . .. . . .။

( ၂ ) သင်စကားပြောသမျှကို နားမ၀င်တော့ဘူးဆိုရင်တော့ ဒါလဲ သင့်ကို စိတ်ပျက်နေတဲ့လက္ခဏာပဲ ။
“ သင်ကသာ ကိုယ်တစ်ကယ်ပြောတာပါ ” စသည်ဖြင့် စကားတွေ အလေးအနက် ချီနေပေမယ့် သူကတုတ်တုတ်မျှမလှုပ်ဘူးဆိုရင် သင်နားလည်ပေးလိုက်ပါတော့ သူတစ်ကယ်သင့်ကို ညစ်နေပါပြီ .. . . .. ။

( ၃ ) အလုပ်တွေရှုပ်ပြနေတက်တာ ။ အချိန်းတိုင်းအလုပ်တွေများနေတက်တာ။ ဒါဟာလဲသင့်အပေါ် အလေးအနက်ထားမူ့လျော့နဲတာကိုပြနေတာပဲ။ သူသာတစ်ကယ်အလေးနက်ထားရင် သင့်အတွက်အချိန်ဆိုတာ ရှိကို ရှိနေပါတယ် .. . .။

( ၄ ) လိမ်ညာတာ ၊ တစ်ခုခု သေးသေးမွှားမွှားလေးပဲဖြစ်ဖြစ် ညာပြောတ ဒါဆိုရင်တော့ သူဟာသင့်ကွယ်ရာမှာ သင်မသိစေချင်တာကို လုပ်ဖို့ အစပျိုးနေပါပြီ ။ အမုန်မပြောဘူးဆိုမှတော့ သင်ဟာ သင့်အတွက်အရေးပါတော့မလဲ........။

( ၅ ) အရာရာကိုသင်က စောင့်ဆိုင်းပေးသလောက် သူအလှည့်မှာ သင်ကို ဂရုမဆိုက်မစောင့်တာ ဒါတွေကပေါ့ပေါ့လေးဆိုပေမယ့် တကယ့်တကယ် အရေးကြီးတိုင်ပင် ညှိနှိုင်းလုပ်ကိုင်စရာတွေမှာ ဒီလို မစောင့်တာ ဂရုမစိုက်တာတွေဟာ လက်တွဲဖော် ၂ ဦးအနေနဲ့ တစ်ကွေ့ကွေ့မှာ လက်တွဲဖြုတ်တဲ့ အနေအထားရှိတယ် ။

( ၆ ) သင်က သူ့ကိုရှေ့ခရီးအကြောင်းတိုင်ပင်တာမျိုး လုပ်မရတော့တာတွေ ။ ဥပမာ ။ ။ သင်နဲ့ သူ့ရဲ့အနာဂတ်ခရီးမပြောနဲ့ နက်ဖြန်ညနေ ဘယ်ရုပ်ရှင်ကြည့်မလဲ ၊ ဘယ်ဆိုင်မှာ ဘာစားမလဲ ဆိုသလောက်ကိုပဲညှိလို့မရတာမျိုး ဒါဆိုသေချာပြီ သင့်မှာ သူမကြိုက်တာရှိသွားပြီ. . . .။

( ၇ ) “ ရှင်နဲ့ ကျွန်မ သေသေချာချာ ပြောရမယ့် စကားရှိနေပြီတို့ ” ၊ “ ဒီကိစ္စမင်းနဲ့ မဆိုင်ပါဘူး ၊ ကျွန်မကိစ္စ ကျွန်မ ကိုယ်ရေးကိုယ်တာပါ ” ဆိုတဲ့စကားတွေ စလာပြီဆိုရင်တော့ သင့်အနေနဲ့ ခွဲခွာဖို့ အထုပ်သာပြင်ထားလိုက်တော့ ။

ဒီလောက်ဆိုရင် ၂ ဦးသား မခွဲမခွာရအောင် ဘယ်လိုနေထိုင်ရင် ကောင်းမယ် ၊ ဘာတွေကိုသတိထားရမယ် ဆိုတာတွေကို စဉ်းစားမိတယ် ထင်ပါတယ် . . .. ။
နောက်တစ်ခါ ကြရင်တော့ “ မိန်းကလေးတွေရှေ့မှာ သိပ်မှားကြတဲ့ ယောက်ျားလေးတွေရဲ့ အမူအရာလေးတွေ ” ကိုပြောပြသွားပါ့မယ် . . . . .အားပေးပေါ့. . . .။

Mysuboo ဝင်ရင်းနဲ့ ကိုစိုးမိုးအောင်ရဲ့ ဘလော့ပို့လေးတစ်ခုဖတ်မိရာကနေ ဒီပို့စ်လေးကို ပြန်ရေးထားတာပါ
Related Posts Plugin for WordPress, Blogger...