တစ်ရက် ကိုအိမ်မက်နဲ့ စကားပြောဖြစ်ရင်း...အစ်ကို့ဆီအသစ်ရှိသေးလား မေးမိတော့ တက်ခ် ထားတဲ့ပို့စ်လေးတွေရှိတယ်လို့ပြန်ပြောတဲ့အစ်ကိုကို အနော်ကတော့ တက်ခ်တွေသိပ်မလုပ်ဖြစ်ဘူး ဘယ်သူမှလည်း မတက်ခ်ကြဘူးလို့ပြောလိုက်မိတာနဲ့ပဲ ငါ့အစ်ကိုတော်ကြီးက ချက်ချင်းကို ထတက်ခ်တော့တာပါပဲ...း).... ဒီလိုနဲ့ အစ်ကိုတော်တက်ခ်ထားတဲ့ ခေါင်းစဉ်လေးက
ရင်ဘတ်နွံထဲ နစ်ဝင်နေတဲ့ ကဗျာလေးများ........
အစ်ကိုရေးထားတဲ့ ပို့စ်ထဲက ကဗျာအားလုံးကိုလည်း သဘောကျနှစ်ခြိုက်မိတယ်...။ ဒီခေါင်းစဉ်လေးကို အရမ်းသဘောကျမိတယ်...။ ဘာလို့လဲဆိုတော့ အနော့်ရင်ထဲမှာ နစ်ဝင်နေတဲ့ ကဗျာလေး တွေရှိပါတယ်..။ ကဗျာတိုင်းကိုလည်းချစ်တယ်...။ ဒါပေမယ့် ရင်ထဲစွဲနေတဲ့ ကဗျာလေး တွေထဲက အနစ်ဝင်ဆုံးကဗျာလေး ၂ပုဒ်ကို ရေးပေးခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်မိပါတယ်...။ အဲဒီကဗျာလေးတွေက လူတိုင်းလည်း ရကြသလို ကဗျာကိုမဖန်တီးတတ်ပါဘူး မခံစားတတ်ပါဘူးဆိုတဲ့ လူသားတိုင်းလည်း ဒီကဗျာလေးတွေကိုတော့ အမှုမဲ့အမှတ်မဲ့ပေမယ့် ရင်ထဲမှာ ကိန်းအောင်းနေမယ်ဆိုတာ ယုံကြည်ထားပါတယ်...။ အနော့်ကဗျာတွေဖတ် ဖြစ်တဲ့သူငယ်ချင်းတစ်ချို့က ပြောကြတယ်...။ ငါက ကဗျာကို မခံစားတတ်ဘူးတဲ့...။ ရေးလည်းမရေးဘူးလို့ ပြောပါတယ်...။ ဒါကို အနော်လက်မခံချင်ပါဘူး........။ လူတိုင်းမှာ မမြင်နိုင်တဲ့ ကဗျာချစ်တဲ့စိတ်ဆိုတာ ရှိကြပါတယ်...။ အနော်ခုရေးပြမယ့် ကဗျာလေးတွေကခေါင်းစဉ်မဲ့လေးတွေပါ....ဖတ်ရှုခံစားပေးပါအုံးနော်...။
ရင်ဘတ်နွံထဲ နစ်ဝင်နေတဲ့ ကဗျာလေးများ
(၁)
မမ ၀၀ ထထ က
အက ပထမ
ကပါ ကပါ မမရာ
ညည လသာသာ
ညအခါ ငါစာရ
မမ ၀၀ ထထ က....။
ဒီကဗျာလေးကို အနော်တို့ငယ်ငယ်က သူငယ်တန်း သင်ပုန်းကြီးဖတ်စာမြန်မာစာမှာ သင်ရပါတယ်..။ ဒါပေမယ့် များသောအားဖြင့် မူကြိုမှာ စသင်ရပါတယ်..။ ဒီကဗျာလေးကို စရွတ်တတ်စက အရမ်းကြည်နူးမိသလို စိတ်ပျော်ရွှင်မှုလည်း ရခဲ့တယ်လို့ ထင်မိပါတယ်..။ အဲဒီကလေးအရွယ်တုန်းကတော့ ဒီခံစားမှုကို ဖော်မပြတတ်ခဲ့ပါဘူး...။ နားလည်းနားမလည်ခဲ့ပါဘူး..။ ဒါပေမယ့် အဲဒီအရွယ်ကာလက ဒီကဗျာလေးစသင်ရချိန် မှာ ဘယ်လောက်ထိ အသည်းစွဲခဲ့လဲဆိုရင် ခုချိန်မှာ ဘယ်သူ့ကိုထမေးထမေး ဒီကဗျာကို မရတဲ့သူဆိုတာ မရှိပါဘူး ...။ ဒီကဗျာလေးဟာ အလွန်တရာမှ ရိုးရှင်းပြီး ကာရံညီတဲ့ ကဗျာလေးပါ..။ ထပ်ခါပြောရရင် အနော့်အသဲထဲမှာ ရင်ဘတ်ထဲမှာ နွံနစ်နေတဲ့ ကဗျာလေးပါ...။ ဒီကဗျာလေးမှာ ပထမဆုံးစတဲ့ စာကြောင်းလေးနဲ့ နောက်ဆုံးဆုံးတဲ့ စာကြောင်းလေး အတူတူဖြစ်နေတဲ့ ထူးခြားချက်ကိုလည်း တွေ့မြင်ရပါတယ်..။ စာဖတ်သူတို့ရဲ့ အမြင်မှာ ပိုမိုဆန်းသစ်မယ်လို့ ထင်မိတယ်..။ နောက်တစ်ပုဒ်ကတော့
(၂)
ယုန်ကလေးက နားရွက်ထောင်
ပညာရှိယောင်ဆောင်၊
ကြောင်ကလေးက လက်သည်းဝှက်
ချောင်းလိုက်ရတဲ့ ကြွက်၊
ရွှေဇီးကွက်တို့ အိနြေ္ဒ
ဘုရင်ကြီးလိုနေ၊
မိုးလေ၀သ ဗေဒင်ဟော
တောက်တဲ့ ကိုလူချော၊
ပြောတိုင်းယုံတဲ့ ပုတ်သင်ညို
ခေါင်းညိတ်တတ်တယ်ဆို
ရွှေကျီးညိုသာပါက
ဧည့်သည်လာပါခင်ဗျ။
ဒီတစ်ပုဒ်လေးကလည်း ရင်ထဲမှာ နစ်ဝင်နေတဲ့ကဗျာလေးတစ်ပုဒ်ပါ..။ ဒီကဗျာလေးကတော့ အောက်အဆုံးပိုဒ်လေးမှာ နည်းနည်းလိုနေတာမျိုး စာလုံးလွဲနေတာမျိုးဖြစ်ပါလိမ့်မယ်..။ စာသားတွေလိုနေမယ် ဆိုရင် သည်းခံပြီးဖြည့်ဖတ်ပေးဖို့ ပြောချင်ပါတယ်...။ ဒီကဗျာလေးရဲ့ စကားလုံးများရဲ့ သိုဝှက်မှုကို အရမ်းနှစ်ခြိုက်မိပါတယ်..။ ပညာရှိယောင်ဆောင်တတ်တဲ့သူရယ်...ဘုရင်ကြီးလို အိနြေ္ဒဆည်တဲ့သူရယ်..စတဲ့ သဘာဝလေးတွေကို ဖော်ပြထားတဲ့ တစ်နည်းအားဖြင့် ငယ်စဉ်ဘ၀ကတည်းက ဆုံးမပြသပေးတဲ့ ကဗျာလို့လည်း ခံယူမိပါတယ်...။ ခုလို အနော့်ရင်ဘတ်ထဲက ကဗျာတွေက သူငယ်ချင်းတို့အားလုံးရဲ့ ရင်ဘတ်ထဲက ကဗျာနဲ့မကိုက်ညီပေမယ့် အနော့်ကဗျာတွေကို လက်ခံပေးတယ်ဆိုရင်ပဲ ကျေးဇူးတင်ပါတယ်..။
အနော်ရေးသားမှု ၊ ဆိုလိုရင်းညံ့ဖျင်းမှုကြောင့် နားလည်မှုလွဲသွားမယ်ဆိုရင် တောင်းပန်ပါတယ်..။ အနော့် ရေးသားခြင်းများကို ခံစားပေးနိုင်ပါစေလို့ ဆုတောင်းရင်း ကိုကြီးအိမ်မက်ရေ...အနော် ရေးလိုက်ပီနော်...။ နားလည်ပေးပါဂျ..း)။
Print this post (စာထုတ်ယူရန်)