Friday, November 28

နှလုံးသားနှင့်ရင်း၍…

နှလုံးသားနှင့်ရင်း၍…

ရင်မှာထင်ကျန်ဆဲ

မင်းအချစ်တွေလည်း

မေ့လို့မရသေးပါ..


ဟိုတစ်ချိန်က

အမှတ်ရစရာများ

ကွယ်ပျောက်မသွားပါ…


ဝေဒနာများခါးသက်ခံစားရင်း

ငိုကြွေးမှုသံစဉ်များ

ထပ်ခါရွတ်ဆိုနေဆဲပါ…


ငါမျှော်လင့်ခဲ့မင်းအချစ်များ

နောက်တစ်ခေါက်

ရအုံးမလား

စိတ်ကူးယဉ်ဆန်စွာ

ငါပျံသန်း

အလွမ်းရက်များ

ရှည်ကြာဆဲပါ….


ချည်နှောင်နေတဲ့

သံယောစဉ်

အဆုံးသတ်မှာတော့

သားကောင်းရတနာ

တစ်ပါးဖြစ်ရေးအတွက်

စတေးမှုဟာ

ငါ့နှလုံးသားတဲ့လား…..?



Print this post (စာထုတ်ယူရန်)

Creative Commons License

Tuesday, November 4

ဆန္ဒတခြမ်းရဲ့ မျှော်လင့်ခြင်းတစုံ

သံသယတွေကို
အရည်ကျိုသောက်ရင်း
မွန်းကြပ်ခြင်း သံစဉ်တွေကို
နှစ်ခြိုက်စွာ သီဆိုနေတဲ့ငါ....

ထားပစ်မေ့ပျောက်
ခံရခြင်းစတဲ့
စိုးရွံ့မှုများစွာနှင့်
ပူပင်လောင်မြိုက်နေတဲ့ငါ....


အချစ်ကြောင့်
တက်ကြွမှုတွေ
ဆိတ်သုန်းရတယ်ဆိုတဲ့
ခပ်ညံ့ညံ့အတွေးအခေါ်တွေကို
လက်မခံချင်ပေမယ့်
လက်ခံကျင့်သုံးမိနေတဲ့ငါ....။

ဒီလိုနဲ့ .....

အတ္တတွေပြင်းထန်
မောဟတွေ လှိုင်းထန်
ဒေါသတွေ လွှမ်းမိုးနေတဲ့
အကြောင်းအရာအားလုံးဟာ
နင့်ကိုချစ်မိတဲ့ အချစ်....
သံသယ၀င် စိတ်ပူလောင်မိတဲ့ အချစ်...
သူ... ဒီလိုနဲ့
စတင်ပေါက်ဖွား ရှင်သန်လာတာပါ...။

ဒီရှင်သန်မှုတွေ သေဆုံးစေဖို့
နည်းလမ်းရှာဖွေရင်း ရှာဖွေရင်း
အချိန်တွေတိုက်စား နေ့တွေများခဲ့
နောက်ဆုံးတော့ ...
တစ်ကယ့်အချစ်စစ်မှန်ရင်
အလိုလို သစ္စာရှိသွားတတ်ကြတယ်ဆိုတဲ့...
သူတို့တွေ ပြောကြတတ်တဲ့ စကားတစ်ခွန်းဟာ
ငါ့အတွက်
သံသယကင်း ယုံကြည်ချက်ရှင်သန်ခြင်းဆိုတဲ့
အားဆေးတစ်ခွက် မြက်တပင်
ဖြစ်စေချင်တယ် ချစ်သူရယ်....။ ။
Print this post (စာထုတ်ယူရန်)

Creative Commons License

Related Posts Plugin for WordPress, Blogger...