Friday, February 29

တောင်းပန်ခြင်း


သူငယ်ချင်းများအားလုံးကို တောင်းပန်ပါတယ်..။အထူးတောင်းပန်ပါတယ်..။
ကျနော့လက်ကလိမှုကြောင့်တမ်းပလိတ်လေးပျက်သွားတဲ့ အပြင်ပြန်ရတော့လည်း လင့်လေး တွေပါမလာတော့ဘူး..။ဘယ်လိုလုပ်ရမှန်းကိုမသိတော့ဘူး..။လူလည်းမူးနေတာပဲ..။ တမ်းပလိတ်ကလည်း စိတ်တိုင်းကျမဖြစ်သေးဘူး..။တွေ့တာလေးတွေထဲက ကောင်းမယ်ထင် တဲ့တမ်းပလိတ်လေးကို ရွေးပြီး တင်တော့လည်း..။မကြိုက်တစ်ကြိုက်..။ ဘာဆက်လုပ်ရမှန်းမ သိတာနဲ့ တင်ထားတဲ့ တမ်းပလိတ်လေးကို ပြင်ရင်း လင့်လေးတွေပြန်ချိတ်တယ်..။စိန်မမလေ ဘယ်နေမလဲ တစ်ခါတည်းအဆင်မပြေဘူး ။လင့်ကချိတ်ထားတာ တော်တော်များနေပြီ..။ ဘယ်လိုဖြစ်သည်မသိဘူး..။လင့်သမျှပြန်ပျက်ရော..။အခုလည်းထပ်လင့်နေပါတယ်..။ ခေတ္တခဏ သည်းခံပြီးစောင့်ပေးကြပါနော်..။လာမည်ကြာမည် ..။စောင့်ကြနော်..။ဟဲ ..။ ပန်းခရေတို့ကတော့ဆောင်ပုဒ်ထုတ်သင့်ပြီ..။
တစ်ခုမှအဆင်မပြေ.....
ပန်းခရေ....
ပြေးပြေးလွှားလွှား....
ဘ၀ကခါး...။။

ဟုတ်တယ်ဟုတ်...။ ပန်းခရေကတော့လုပ်ပြီနော်..။ဒီလိုကြည့်ပဲ..ဟဲ..။

Tuesday, February 26

အဆင်မပြေမှုများ



အဆင်မပြေတာလေးတွေကို ပြောပြချင်လို့ပါ..။ ရန်ကုန်ရောက်ကတည်းက အဆင်မပြေတာ. အခုချိန်ထိပါပဲ..။ဘယ်လောက်ထိလဲ ဆိုရင် လာတက်တဲ့ သင်တန်းက အီးမေးလ်တဲ့ ...။ ထင်လိုက်တာက ဆာဗာ များထိုင်ရမလား ဘာကြီးပဲ လုပ်ရမလဲပေါ့..။ရောက်တော့ ဘာမှမဟုတ်ဘူး အီးမေးလ်သင်တန်းကို တစ်လလောက် အချိန်ကုန်ခံပြီး လာတက်ရတဲ့ ကျနော့ဘ၀က ဆိုးပါတယ် ..။ဘာတွေမှန်းကိုမသိတာ..။ ကိုယ့်ဘာသာ ရုံးမှာအေးဆေး နေရင် အကောင်းကို စိန်မမတို့များလုပ်လိုက်ရင် ဒီလိုပဲ ဘာပညာမှမရတဲ့ အပြင် ကိုယ့် အတွက် အကျိုးလည်းမရှိဘူး..။ အဓိပ္ပာယ်လည်းမရှိဘူး..။ပြောပြအုံးမယ်..ဒီရောက်တော့ သင်တဲ့ဆရာက ကိုယ်နဲ့ အလုပ်တူတူလုပ်တဲ့သူ..။သိလား သူလည်းဘလော့ရေးတယ်လေ..။ ပြီးတော့ ဆရာတစ်ယောက်ဆို ကိုယ့်ကို ဆရာမဆိုပြီးလေးစားတာ ကိုယ်ကအီးမေးလ်သင် တန်းလာတက်တယ်ဆိုရော ရီလိုက်တာများ ဟားတိုက်ပဲ ..။ ကျနော်သေသင့်တာပေါ့..။ ကျနော့်ကိုအီးမေးလ်မသုံးတတ်ဘူးလား ဆိုပြီးရီလိုက်တာ..။ ကျနော့ဘ၀ကအဲလိုဆိုးတာပါ..။ သင်တန်းခေါင်းစဉ်အစကတော့ ဒါပေါ့နော်..။
ပြောပြပါအုံးမယ်..။သင်တန်းအတွေ့အကြုံလေး..။သင်တန်းမှာ အဆောင်နေရတယ် ..။ အဆောင်ကအမျိုးသမီးဆောင်ပေါ့..။ များလိုက်တဲ့လူတွေ အားပါး မူးနေတာပဲ..။ အစုံပဲလေ..။ ပျော်တယ်မထင်ပါနဲ့..အစကတည်းကမကောင်းတဲ့ ခရီးကဘယ်လိုပျော်ပမလဲ
နော်..။အဆောင်က ည၈နာရီပိတ်တယ်..။သန့်ရှင်းရေးကို အလှည့်ကျလုပ်ရတယ်..။ စိတ်ဆင်းရဲလိုက်တာ .။ဘယ်နေရာရောက်ရောက် ပျော်ပျော်နေတတ်တယ်ဆိုတဲ့ စိန်မမတို့ ဒီတစ်ခါတော့ သေချင်တယ်..။စိတ်ညစ်သလားမမေးပါနဲ့ ငိုချင်လိုက်တာလည်းလွန်ရော..။ ဘယ်ဘ၀က ၀ဋ်ကြွေးတွေလည်းမသိ..။ ပြောပြပါအုံးမယ်..။ထမင်းစားရပုံလေးကို..။သိတယ် မလား ပုံစံခွက်လေးလေ..။စရောက်တဲ့နေ့က ထမင်းစားသွားရတယ်ဆိုတော့ သွားလိုက်တာ ပေါ့.. ပန်းကန်လေးယူ ပုံပေးတာလေးယူပြီး ထမင်းယူရတယ်..။ဘာဟင်းလည်းသိလား ငပိချက် ..။ပဲချဉ်ဟင်း ။ ငပိချက်ကလေ ငပိလေးနဲ့ခရမ်းချဉ်သီးလေး တွေ ရေထဲဆင်းပြီ ပြေးတမ်းလိုက်တမ်းကစားတာလေ..။အဲလိုနဲ့တစ်နပ်ပြီးသွားတာပေါ့..။စိတ်ညစ်တာနဲ့ အပြင်မှာပဲဝယ်စားတယ်..။အဲပြေးမလွတ်တာလေးပြောပြမယ်..။သင်တန်းချိန်က မနက်၉နာရီ ခွဲကနေ ညနေ ၄နာရီခွဲထိ ..။နေ့လည် ၁၂နာရီနဲ့ ၁နာရီကြားကို ထမင်းစားရတယ်.။အပြင် ထွက်လို့ရဘူးလေ..။ သင်တန်းကထမင်းကိုပဲ အပြေးစားရတယ်..။ ပြောပါအုံးမယ်..မနက် စာသင်ခန်းမှာ လက်မှတ်ထိုးရတာလေ ၀က်သားစားသလား ကြက်စားလားပေါ့..။ အားပါးတရ ကိုထိုးလိုက်တာပေါ့..ကြက်လို့..။ဒီလိုနဲ့ နေ့လည်ဆိုရင်တော့ ငါတော့ကြက်သားစားရပြီပေါ့.။ ဟင်းလည်းထည့်ရော..အသီးရွက်ကြော်ထည့်ပေးတယ်..။ ဒါလည်းသိသေးဘူး ဒီထဲမှာပါမယ် ပေါ့ .။ပဲချဉ်ဟင်း ပန်ကန်လေးယူပြီး နေရာယူလိုက်တယ်..။စစားပြီလေ..တစ်လုပ်..နောက်တစ် လုပ် ကုန်သာသွားတယ် ကြက်သားမပြောနဲ့ မီးဖိုချောင်ပေါ်ကဲကြပ်ခိုးကတောင် အောက်ငုံ့မ ကြည့်ဘူး ..။ငိုချင်လိုက်တာ အခုတောင်ငိုချင်လာပြီ..။ဟင်းဂျေးမများတတ်တဲ့ ကျနော် ဘ၀မှာ အဆင်းရဲဆုံးအချိန်ကို ဖြတ်ကျော်နေရသလိုပဲ..။စိတ်ညစ်လိုက်တာ..။
မပြီးသေးပါဘူး..။မနက်မိုးလင်းကို ၅နာ၇ီ အိပ်ရာထရတယ်..။ပီတီပြေးရတယ်..။သိတယ် မလား အိပ်ပုတ် စိန်မမတို့ သေတာပါပဲ..။အိပ်မှုန်စုန်ဖွားနဲ့ မနက်မိုးလင်းပီတီပြေးဖို့ဆင်းရ တယ်..။နှလုံးရောဂါကို မွေးမြူထားတဲ့ စိန်မမ ဒီနေရာမှာ သေတာပါပဲ.။မောလိုက်တာ အရမ်းပဲ ရောဂါကနည်းနည်း လူကလည်း ရုပ်ကြမ်းကြီးနဲ့ နွဲ့တာလေ..။မရဘူးဗျာ..အရမ်းပင်ပန်းတာပဲ သင်တန်းတက်ရတာ အကျိုးလုံးဝမရှိဘူး ကျနော့ ဘ၀အတွက် တစ်လလောက်အချိန်တွေကို အလဟသ ကုန်ဆုံးပစ်ရတယ်..။ပင်ပန်းပါတယ်ဆိုပြီး တွေ့စရာ ချစ်သူလေးကလည်း ပူပူနွေး နွေးလေးတင် ပြတ်သွားတယ်လေ..:P ကြေငြာဝင်တာပါ..။အသဲလည်းကွဲ တစ်ခုမှလည်း အဆင်မပြေ..။ဘာမှလည်းအကျိုးမရှိ .။ဒီလလောက် စိန်မမ အတွက် အသုံးမကျတာစိန်မမပဲ ရှိပါတယ်..။
ဘလော့လည်းမရေးရ..။ဒါပေမယ့် စိန်မမတို့ကဘယ်နေမလဲ ရအောင်လုပ်တာပေါ့..။ အေး ဆေး တင်တော့တင်ထားတယ်..။ အခုလည်းကွန်နက်ရှင်ပြုတ်ကျလေသတည်း ဆိုတော့ ၀က်ထဲ ၀င်ပြီးစာရိုက်လေသတည်းပဲ..။အဆင်ပြေလားမပြေလားတော့မသိဘူး..။ကိုယ့်ဘာသာ ပဲအဆင်ပြေအောင်နေလိုက်တော့တယ်..။စိတ်ညစ်တာတွေသာ ပြောရမယ်ဆိုရင် ပြီးနိုင်မယ် မထင်ဘူး..။
အော်ပြောရအုံးမယ်..ရန်ကုန်မှာ ဘလော့ဂ်ဂါ သူငယ်ချင်းတွေနဲ့ ဆုံရတယ်..သိလား ကျနော်တို့တွေ ပတ်သွားတာ ပျော်စရာကြီး ဒါတစ်ခုတော့ ကျနော်ကံကောင်းတယ်ပေါ့ နော်..။ သိလားဘလော့ဂ်ဂါတွေက ခင်ဖို့အတော်ကောင်းတယ်..။ကျနော်လောက်နီးနီးပဲ ဟဲ ကျနော့လိုပဲ ချစ်စရာလေးတွေ ဒါပေမယ့် ကျနော့်လောက်တော့ မလှကြဘူး =) သိရင်သုတ် ကြလိမ့်မယ်..။ပြန်မပြောနဲ့နော်..။သူတို့ကို ..။အားလုံးကခင်ဖို့ကောင်းကြတယ်.။ သူငယ်ချင်း ဘလော့ဂ်ဂါတွေအားလုံးနဲ့လည်း တွေ့ချင်တယ်..။အားလုံးကိုခင်တယ်ဗျာ..။
လေးစားပါတယ်..။ကျော်ဟိန်းဟုတ်ဘူးနော်..။
ကျနော်မရှိချိန်မှာလာ လည်ကြတဲ့သူငယ်ချင်းအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်..။ ဒီကြားထဲ တမ်းပလိတ်လေးက စိန်မမလက်အငြိမ်မနေမှုကြောင့် ပျက်သွားပါသေးတယ်..။ လူတင်မကဘူး ဘလော့ကပါ ကြောင်တောင်တောင်ရယ်..။ ကဲသူငယ်ချင်းအားလုံးလည်း စိန်မမရဲ့ကပေါက်တိကပေါက်ချာ နိုင်မှုကိုတွေ့ပြီမလား..။နောက်လည်းပြောပြပါအုံးမယ်..။ အဆင်မပြေတာလေးတွေပေါ့..။ တွေ့မိတာလေးတွေ ပြောပြအုံးမယ်..။သိလားနောက်မှ ..။ အားလုံးအဆင်ပြေကြပါစေ..။ကျနော်ပြန်လာရင်မုန့်ဝယ်ခဲ့မယ်နော်..။=)
ဘာကြိုက်ကြလဲ အခုတော့ ပိုက်ပိုက်ကုန်မှာကြောက်နေရတယ်..။ပိုက်၂ကုန်ရင်ပို့ပေးနော်.။ စိတ်မဆိုးတတ်ဘူး..။ အားလုံးကိုအရမ်းခင်ပါတယ်ဂျာ...။=)

Monday, February 25

ယုံတမ်းစကား


ကောင်မလေးတစ်ယောက်ရဲ့နှလုံးသားတစ်စုံဟာကောင်လေးတစ်ယောက်အတွက် ကစားစရာ အရုပ်တစ်ရုပ် အဖြစ်စတေးခံခဲ့ရတယ်ဆိုရင် ယုံနိုင်မလား ကောင်မလေးရဲ့ ငြိမ်းချမ်းနေတဲ့ ဘ၀လေးထဲကို ၀ုန်းဒိုင်းကြဲခုန်ပေါက်ဝင်ရောက်လာတဲ့ နှလုံးသားပိုင်ရှင် ကောင်ဆိုးလေးဟာ ကောင်မလေးရဲ့နှလုံးသားကို တစ်စစီကျိုးပျက် ပျက်ဆီးအောင်ဆောကစားသွားခဲ့တယ်..။ တည်ငြိမ်နေတဲ့နှလုံးသားကိုမှ စကားလုံးပေါင်းမြောက်မားစွာနဲ့ လှုပ်ခတ်သွားအောင် လုပ်သွားခဲ့တယ်လေ..။ ကောင်ဆိုးလေးရဲ့ ရိုးသားတဲ့မျက်ဝန်း အပြစ်ကင်းစင်တဲ့ မျက်နှာလေးကို ယုံကြည်ကိုးစားမိတဲ့ ကောင်မလေး ရူးသွပ်မတတ်ချစ်မိလေရဲ့ ဘ၀မှာမကြုံကြိုက်ဖူးတဲ့ ရင်ခုန်မှု ရှင်သန်မြတ်နိုးမှုတွေနဲ့ တွယ်တာမိပါရဲ့ ...။ ကောင်ဆိုးလေးရဲ့ တည်ကြည်တဲ့ စကားလုံးတွေ ရိုးသားမှုတွေကိုလည်း အသက်နဲ့ထပ်တူ ယုံကြည်မိပါတယ်..။ကောင်မလေးရဲ့ အချစ်တွေကို ကောင်ဆိုးလေးဆီမှာပဲ မြှုပ်နှံသဂြိုလ် မိတယ်..။ သေဆုံးသွားတဲ့ နှလုံးသားတစ်စုံနဲ့ ကောင်မလေးလေ ဘ၀မှာနာကြည်းစရာ တွေကိုသာ တွေ့ဆုံမိပါတယ်..။ ကောင်မလေးမှာ ဘာအပြစ်ရှိလို့လဲ ..။ဘွာတေးပါဆိုတဲ့ စကားတစ်ခွန်း တောင်းပန်ပါတယ်..ကိုယ်ဟာစိတ်အလိုလိုက်မိသူပါဆိုတဲ့ စကားတစ်ခွန်းနဲ့ ကောင်မလေးရဲ့ နှလုံးသားတစ်ခုလုံးကို ရိုက်ချိုးပစ်ခဲ့တယ်..။တိုက်ပ် မတူလို့ပါဆိုတဲ့ အကြောင်းပြချက် .ကိုယ်ဟာဂေါက်နေတဲ့ လူတစ်ယောက်ပါဆိုတဲ့ ဆင်ခြေ ဘာတွေလည်း ကောင်မလေးအတွက်ဘာမှ အသုံးမ၀င်ဘူး..။ကောင်မလေးလေ မုန်းတီးနာကြည်းပစ်ချင် တယ် စက်ဆုပ်ရွံ့ရှာချင်တယ် ရက်စက်တတ်တဲ့ အသဲနှလုံးပိုင်ရှင်ကောင်မလေးဖြစ် ချင်တယ်.။
အချစ်ဆိုတာကို နားမလည်ရင်တောင်မှ မစော်ကားသင့်ဘူးလေ.။ ချစ်မိသွားတဲ့ နှလုံးသား တစ်စုံကဘာအကြောင်းပြချက်ကို အရင်းခံပြီးမုန်းရမလဲ နာကြည်းပေးရမလဲ အချစ်ဟာ အချစ်
ပါပဲ..သီးသန့်လေးပါ သန့်သန့်လေး ဘယ်အရာနဲ့မှမရောထွေးဘူး..။
ကောင်မလေးကိုအကြောင်းပြချက်မပါ ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းကိုဆိုခဲ့သလို အကြောင်း ပြချက်မရှိ ဆက်မချစ်နိုင်တော့ပါဘူး ဆိုတဲ့စကားတစ်ခွန်းပဲ လိုချင်တယ်။ ဘာကြောင့် မချစ်တာပါဆိုတဲ့ Reasonကိုလက်မခံနိုင်တာ မှားလား ။
မချစ်လို့မချစ်တော့တာပဲ ရှိတယ်။ အကြောင်းပြချက်ကြောင့် မချစ်တော့တာမှမရှိတာနော်.။ ဘယ်လိုပဲဖြစ်ဖြစ် ကောင်မလေးရဲ့ အချစ်တွေကတော့ ရှင်သန်ဆဲပါ..။ ပြောင်းလဲမှာမဟုတ်သလို ရပ်တန့်သွားမှာမဟုတ်ဘူး ၂ယောက်လုံးချစ်နေမှ အချစ်မှမဟုတ် တာ..။ ဖြူစင်တဲ့ ငါချစ်ခြင်းပါ..။ နီးစပ်ခွင့်မရလည်းချစ်နေဆဲပါ..။
ကောင်မလေးပြောပြနိုင်တဲ့စကား တစ်ခွန်းပဲရှိပါတယ်..။ဘာကြောင့်ပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ် နေနေ ဘာအကြောင်းတစ်ရားကြောင့်ပဲဖြစ်ဖြစ် အရင်ကလည်းချစ်မိသလို နောင်လည်းပဲချစ် နေမှာပါ..။
ကောင်မလေးဟာ အချစ်ရူးတော့မဟုတ်ဘူး..။ ချစ်ခဲ့မိတဲ့အတွက် ရူးသွပ်သွားတဲ့ နှလုံးသား တစ်စုံပိုင်ရှင်ပါ..။
ကောင်မလေးရဲ့အချစ်တွေကတော့ ရှင်သန်နေဆဲပါ ကောင်ဆိုးလေးရယ်..။

ကျမကယုံတမ်းစကားတွေကို သိပ်သဘောကျပြီး ယုံတမ်းစကားပြောတတ်သူပါ..။ ကျမပြောသမျှစကားအားလုံး ကျမဖြစ်ပျက်စမျှအဖြစ်ပျက်အားလုံးဟာ ယုံတမ်းစကားတွေပါ..။ ကျမဘ၀မှာ ငယ်ငယ်လေးထဲက ယုံတမ်းစကားနဲ့ကြီးပြင်းလာသူပါ..။ ကျမပြောသမျှ ယုံတမ်းစကားကိုလည်းယုံပြီး နားထောင်လက်ခံပေးကြတဲ့သူငယ်ချင်း များကိုလည်း ကျေးဇူးတင်စွာဖြင့် အားနာမိပါတယ်..။အဓိကကတော့ ကျမရဲ့ယုံတမ်းစကား အချစ်ဝတ္ထုပြဇာတ် တစ်ပုဒ်မှာ ပါဝင်ကပြသွားတဲ့ လူသားတစ်ယောက်ကို လည်းကျေးဇူး တင်ရင်းသနားမိပါတယ်..။သူ့ရဲ့စိတ်ရူးပေါက်တဲ့ အချစ်တွေအားလုံးဟာ ကျမရဲ့ယုံတမ်းစကား အောက်မှာ နစ်မြောခွင့်ရလိုက်တယ်ဆိုတာ သူမသိလိုက်ပါဘူး ကျမပြောသမျှယုံတမ်းစကား အားလုံးကို ယုံကြည်ရင်း ရူးသွပ်သွားတဲ့ လူကိုတောင်းပန်ရင်း ကျမယုံတမ်းစကားများနဲ့ ဘ၀ကိုဆက်လက်ရှင်သန်ပါရစေ..။
ကောင်လေးရေ အနူးအညွတ်တောင်းပန်ပါတယ်...။
ဒါတွေအားလုံး ယုံတမ်းစကားတွေပါ...။

ပန်းခရေ(ရင်တွင်းဖြစ်)
ရန်ကုန်ရောက်ပြီးမှ အဆင်မပြေမှုပေါင်းမြောက်များစွာထဲက စာရေးချင်စိတ်ပေါက်တာနဲ့ ရေးလိုက်တာပါ..။အဆင်မပြေတာတော့ မပြောပြတော့ပါဘူး..။ကျနော်အခု သင်တန်းကခိုး ရေးရတာမို့ အဆင်မပြေတာတွေတွေ့ရင် ဆော၇ီးနော် ..။အားလုံးကိုသတိရပါတယ်..။ လာလည်သူများအားလုံးပျော်ရွှင်ပါစေ...။

Monday, February 18

ခွင့်တိုင်ကြားခြင်း

တွေ့ဆုံကြုံကွဲ
ဖြစ်မြဲဓမ္မတာ
ခွဲခွာတစ်နေ့
ပြန်ကာတွေ့ရင်
ခေါ်ပါပြောပါနှုတ်ဆက်ပါ....။
ကျနော်မခွဲချင်ပါဘူး..။သူငယ်ချင်းအားလုံးနဲ့ ကျနော်မခွဲချင်ပါဘူး..။ဒါပေမယ့် ကံကြမ္မာစေစားရာကိုလိုက်ရတဲ့ လူသားများရဲ့ထုံးစံ အတိုင်းကျနော်လည်း လိုက်နေရတယ်..။ ကျနော်ဒီနေ့ကစပြီး အင်တာနက်ဆိုတဲ့ကျောင်း တော်ကြီးကနေ ခွင့်တစ်လနားမှာဖြစ်ပါတယ်။ ဘလော့စာသင်ခန်းလေးထဲကို တစ်လစာလောက်ကျနော် မလာတော့ပါဘူး။ သူငယ်ချင်းအားလုံးရဲ့အိမ်ကိုလည်း လိုက်လည်နိုင်မယ်မထင်ပါဘူး။ လိုက်မလည်ဖြစ်မှာ သေချာပါတယ်။ ကျနော်အင်တာနက်ကျောင်းတော်ကြီးကို ရောက်ဖြစ်မယ်ဆိုရင်တောင် ဘလော့စာသင်ခန်း လေးကိုရောက်ဖြစ်မယ်မထင်ဘူး။ ကျနော့်သူငယ်ချင်းများကို မခွဲချင်ပဲခွဲရတော့မယ်။ လွမ်းမိပါရဲ့။ အားလုံးကို ကျနော်လိုက်မနှုတ်ဆက်နိုင်ပေမယ့် သတိရနေပါတယ်..။အားလုံးကို ခင်မင်ပါတယ်။ မခွဲချင်ပဲခွဲရတော့မယ်။ ရအောင်တော့ကျနော်လာခဲ့ပါမယ်။ ကျနော်မရှိလည်း ကျနော့်အိမ်လေးကို လာလည်ကြပါနော်။ ပစ်မထားပါနဲ့ ပန်းခရေလေးက စိတ်အားငယ်တတ်တယ်။ ၀မ်းနည်းတတ်တယ်။ သိလား သူကလေ သူငယ်ချင်းအားလုံးကို ခင်တယ်.။ စိတ်မကောင်းစွာခွဲခွာရမှာပါ။ ကျနော်အားလုံးရဲ့အိမ်ကို လိုက်မလည်ဖြစ်ပေမယ့် စိတ်ကရောက်ပါ တယ်ဆိုတာ သိပေးကြပါနော်။ အားလုံးကို ခွင့်တိုင်ကြားပါတယ်။၁လခွင့်ပြုပါ။ ကျနော်ပြန်လာရင် နွေးထွေးစွာ ကြိုဆိုကြပါနော်။ မေ့မပစ်ပါနဲ့။ ကျနော့်ကိုမေ့ပစ်ရင် ငိုပစ်မယ်။ကျနော်ပြန်လာရင် အားလုံးအတွက်မုန့်ဝယ် လာမယ် ။ အားလုံးအဆင်ပြေပါစေ။ လိမ်လိမ်မာမာနေနော်း)

တစ်နေ့မှာ



တစ်နေ့မှာ..

မှောင်တဲ့ညတွေ အမြဲမရှိပါဘူး
ည တွေပြီးရင် လေပြေညှင်းနဲ့
ရှင်းသန့်တဲ့မနက်ကို .......
ရောက်စမြဲပါချစ်သူ
မုန်တိုင်းတွေအမြဲမတိုက်ခိုက်ပါဘူး
မုန်တိုင်းပြီးရင်လေပြေညှင်းနဲ့
ရှင်းသန့်တဲ့ကောင်းကင်ပြာကို....
တွေ့စမြဲပါချစ်သူ
ဒါကြောင့်................
သံသရာ မိုင် တာရှည်ဝေး
ဘယ်လောက်ပဲဝေးပါစေ
ချစ်သူရေ မလွမ်းနဲ့
ချစ်သူရေ မဆွေးနဲ့
ဝေးခဲ့ရတယ့် အချိန်မှန်သမျှ
ချစ်သူက နားလည်ခွင့်လွတ်မှု..ရှိနေသမျှ
တစ်နေ့မှာ...........
မင်းအနား ကိုယ် ရောက်လာမှာပါ
( နဒီကညာ )

ဆုလက်ဆောင်ကဗျာ


အပြုံးစစ် ရင်ရိပ်

လိုအပ်ချက်တစ်ခုနဲ့..ငါ
ခရီးဆက်ရင်း
ချွေးတစ်စက် အပြုံးတစ်ခုနဲ့လဲဖို့
သစ်တစ်ပင်အောက် ခဏနားခဲ့တယ်။။

နှုတ်ခမ်းလေးတွေဖွဖွ
လက်ကလေးတွေတစ်ကမ်းကမ်းနဲ့
ငါ့ရင်ကိုသူတို့ ကြိုခဲ့ကြတယ်။။

ချွေးတစ်စက်ရဖို့
အမှန်တစ်ခုပေးလိုက်တာ
တန်ပါတယ်။။

အပြုံးတစ်ခုတွေ့ဖို့
ခံစားချက်အစစ် ထုတ်ပြလိုက်တာ
မှန်လာတယ်။။

ကြိုးစားပြီးရေး
ငါ့အတွေးတွေမှာ
သူတို့တွေပါတယ်။။

နာနာကျင်ကျင်နဲ့ရင်တစ်ခု
လာကုလှည့်ပါ
ငါတို့ဆီမှာ အပြုံးတစ်ချက်နဲ့
အရှုံးအမြတ်တစ်ခုလိုမတွက်ချက်ဘူး။။

သူငယ်ချင်း...လာခဲ့ပါ
ငါတို့ဆီမှာအနမ်းတွေရှိတယ်
ပန်းတွေလည်းရှိတယ်
အေးချမ်းဖို့စမ်းရေးသဏ္ဍာန်နဲ့
မင်းရင်ကိုစီးဆင်းလာလိမ့်မယ်။။

လှမ်းလို့သာလာခဲ့ပါ
ငါတို့အပြုံးရပ်ဝန်းမှာ
မင်းအတွက် နေရာလွတ်ပါသေးတယ်။။

သားဖြိုးကိုဆုကဗျာလေးအဖြစ် ဘလော့ပေါ်ကသူငယ်ချင်းအားလုံးရဲ့
ခင်မင်မှုသံယောဇဉ်လေးကို ဖော်ညွှန်းပြသတာလေး ရေးပေးပါဆိုပြီး
တောင်းထားတဲ့ ကဗျာလေးပါ..။
သားဖြိုးလေးကို ကျေးဇူးတင်ပါတယ်.။အခုလိုဆုပေးတဲ့အတွက်ပျော်ရွှင်မိပါတယ်..။
ကျနော့်ကိုမဲပေးကြတဲ့သူငယ်ချင်းအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်
ဒီလိုပျော်ရွှင်စရာ ကစားပွဲလေးကိုလည်းထပ်မံ ကြုံချင်ပါသေးတယ်..။
အားလုံးပဲပျော်ရွှင်ကြပါစေ..။လာလည်သူသူငယ်ချင်းအားလုံးကို ခင်မင်ပါတယ်..။

Thursday, February 14

ချစ်သူများနေ့





ချစ်သူများနေ့လေးကို ဖြတ်ကျော်ရတာ ပျော်ရွှင်ဝမ်းသာမိတယ်။ သားဖြိုးပို့လိုက်တဲ့ ကစားနည်းလေးကိုလည်း ကစားမယ်ဆိုပြီးစိတ်ဆန္ဒတွေလည်းစောလို့ ။ ထုံးစံအတိုင်းစိန်မမ တို့ကတော့ အဆင်မပြေမှုများစွာပေါ့ ကွန်နက်ရှင်က အမှတ်တမဲ့ ပြတ်တောက်သွားပါတယ်။ ထုံးစံကိုဘယ်တော့မှ မချိုးဖောက်တဲ့ စိန်မမ မိုးလင်းကတည်းက အဆင်မပြေတာ အခုချိန်ထိပါပဲ။ သားဖြိုးလေးပို့လိုက်တဲ့ ကစားနည်းလေးကို အချိန်မီ တင်နိုင်ဖို့ ပြေးပြေးလွှားလွှားကျမဘ၀လေးကတော့ အခုထိကိုအဆင်မပြေပါဘူး။ ဆုတော့ရမယ်မထင်ပါဘူး။ မမျှော်လင့်ပါဘူး။ ဒါပေမယ့် ထူးဆန်းတဲ့ ပျော်ရွှင်မှုလေးမိုလို့ ကစားလိုက်မယ်နော်။
ကဲကစားလိုက်ပြီ...။

(၁) ကိုယ့်ရဲ့ နာမည်ကို (ဘလော့ဒ်နာမည် ဖြစ်ဖြစ် ကိုယ့်နာမည်ဖြစ်ဖြစ်) အချစ်အတွက် တစ်ခုခုဖေါ်ညွှန်းမယ့်
စာသားလေး အဖြစ်ပြောင်းရအောင်။

အဖြေ ။ ။ ပန်းလေးလို မွှေးပျံ့ လန်းဆန်းနေတဲ့ ကျမကို လေးတစ်ယောက်ကို ဖြူစင်ရိုးသားလို့ သိပ်ချစ်ပါတယ်ဆိုတဲ့ ချစ်သူရေချစ်သူကို ကျမသိပ်ချစ်ပါတယ်။ ။

(၂) ချစ်သူ့အခေါ်အဝေါ်လေး.......။

အဖြေ ။ ။ ချစ်တဲ့သူကချစ်လို့ခေါ်တာဆိုတော့ ဘယ်အခေါ်အဝေါ်မျိုးကိုမဆို လက်ခံနိုင်တဲ့ကျမကို
ချစ်စနိုးနဲ့ အမျိုးမျိုးခေါ်ရင်း ဖြစ်သွားတဲ့ နာမည်လေးက လွမ်းမပြယ်သည့် ပန်းခရေ...။.။


မေးခွန်း နံပါတ်
(၃)
ချစ်သူ့လက်ဆောင်။
လူတိုင်းက ကိုယ့်ချစ်သူကို ချစ်သူများနေ့မှာ ချောကလက်လေးတစ်ခု လက်ဆောင်ပေးကြတယ်။
ဒါပေမယ့် နည်းနည်း ခေတ်ပြောင်းလိုက်မယ်ဗျ။ ချောကလက်ခေတ်ကို
ခေါက်ထားခဲ့မယ်။
တော်တော် အဖိုးတန်တဲ့ စာသားလေးနဲ့ ချစ်သူ့လက်ဆောင် အဖြစ်ပြောင်းမယ်။
ဘာလို့လဲဆိုတော့
ကို့ရင်ထဲက ခံစားချက်လောက် ချောကလက်က တန်ဖိုးမှ မကြီးနိုင်တာကိုးဗျ။

ဥပမာ... အမှတ်စဉ်လေး နဲ့ လက်ဆောင်ပေးကြည့်မယ်။


ကျမပေးကြည့်မယ်လက်ဆောင်လေးက....

(၁) တစ်ခုတည်းသော နှလုံးသားတစ်စုံနဲ့အချစ်တွေကို အပြည့်အ၀ပေးထားမယ်...။
(၂) နှစ်ကိုယ်တူဘ၀လေးကို တည်ဆောက်ရာမှာရိုးသားမှုတွေအားလုံးကိုလည်း ပေးထားမယ်..။
(၃) သုံးနှစ်သုံးမိုးချစ်ခဲ့တာမဟုတ်ပေမယ့် ရင်ထဲမှာတော့ နှစ်သုံးဆယ်မက ချစ်နေဆဲပါ..။
(၄)လေးနက်မှုများစွာနဲ့ အပြည့်အ၀ချစ်မိတာပါ..။
(၅)ငါးရာနှစ်ဆယ့်ရှစ် မေတ္တာလေးပါ ပေါင်းစပ်ရင်းချစ်မိတဲ့ အတွက် အေးမြတဲ့ငါ့ချစ်ခြင်းပါ..။
(၆)ခြောက်သွေ့တဲ့ဘ၀လေးထဲကို အချစ်တွေနဲ့အတူ ၀င်ရောက်လာတဲ့ ချစ်သူကို အရမ်းချစ်တယ်.။
(၇)ခွန်အားများစွာပေးစွမ်းနိုင်တဲ့ အချစ်ကို ထူးဆန်းစွာပဲချစ်မိပါတယ်..။
(၈)ရှစ်နှစ်ကြာအောင် ချစ်သူမဖြစ်ကြပေမယ့် အနှစ်ရှစ်ဆယ်တိုင်အောင်ချစ်ပါ့မယ်..။
(၉)ကိုးစားယုံကြည်မိတဲ့ နင့်အချစ်တွေကို ယုံကြည်ကိုးစားရင်းချစ်နေမယ်..။
(၁၀)ဆယ်ကမ္ဘာတိုင်အောင် ချစ်ပ့ါမယ်ဆိုတဲ့ စကားထက်လေးနက်သေးရင် ဒီထက်များစွာချစ်ပါ့မယ်..။
ကဲပြေးပြေးလွှားလွှားလေးပါ..။တင်လိုက်ပြီ ။သားဖြိုးရေ အိုကေလားမသိ။

Sunday, February 10

လက်တွဲဖော်


လက်တွဲဖော်= ထပ်တူညီစွာနားလည်သူ


လက်တွဲဖော်ဆိုပဲ...tagထားတယ်ဆိုတော့ရေးရမှာပေါ့..။သားလေးမင်းကျန်စစ်
ကသိချင်တယ်ဆိုလို့သာရေးရမှာ..မရေးတတ်ဘူးသိလား..။ကိုယ်ဆိုလိုချင်တာကို
အဓိပ္ပာယ်ပေါက်အောင် လွယ်ကူစွာမပြောတတ်တဲ့ ကျနော်ဘယ်လိုရေးရမလဲ..။
ပြောရမယ်ဆိုရင်. ကျနော်အချစ်ဆိုတဲ့အကြောင်းအရာကိုသိပ်နားမလည်ဘူး။
လက်တွဲဖော်ဆိုတာ အရမ်းလေးနက်တဲ့စကားတစ်ခွန်းပါ..။ပြောရမှာလေးနက်လွန်းတယ်
ကျနော်တို့ဖွင့်ဆိုတဲ့ အဓိပ္ပာယ်ကကျနောတို့ဖွင့်ဆိုမှု လျော့နည်းမှုကြောင့် အားနည်းမှုကြောင့်
မပေါ်လွင်တာဖြစ်နိုင်မယ်..။ရသလျော့သွားတာဖြစ်နိုင်မယ်..။

လက်တွဲဖော်အကြောင်းပြောမယ်ဆိုရင်. အချစ်ကအခြေခံရမယ်လို့ထင်တယ်.။
အချစ်ပါတဲ့လက်တွဲဖော်ဟာ ဘယ်အရာမှနိုင်းယှဉ်လို့မရတဲ့ ပျော်ရွှင်မှုတစ်ခုလို့ထင်တယ်.။
အချစ်အကြောင်းကို အခုချိန်ထိနားလည်သဘောပေါက်စွာ ဘယ်သူမှအဓိပ္ပာယ်မဖွင့်ဆို
နိုင်သေးဘူး။ ကျနော်လည်း ချစ်တယ်ဆိုတဲ့ စကားလုံးရဲ့အတိမ်အနက်ကို မသိသေးဘူး။
ချစ်တယ်ဆိုတာ ဘာလဲ?
အခုချိန်ထိ ချစ်တယ်ဆိုတာ ဒါပဲဆိုပြီး ဘာမှန်းကိုမသိသေးပါဘူး။
မသိသေးဘူးဆိုပြီး မချစ်တတ်ဘူးလား ဆိုတော့လည်း မဟုတ်သေးပြန်ဘူး။
ကျနော်ချစ်တတ်ပါတယ်။ ဆန်းကြယ်စွာကို ချစ်တတ်တာပါ။ အချစ်ဆိုတာကို ရူးရူးမူးမူးကို
ခံစားမိတာပါ။ကျနော်အချစ်ရူးတော့မဟုတ်ဘူး။ ဒါပေမယ့် ရူးလောက်အောင်ကိုချစ်တာပါ။
ကွာတော့ကွာဘူးထင်တယ်..။ကျနော်ပြောချင်တာက..အချစ်ဆိုတာ ဘ၀မဟုတ်ပေမယ့်
ဘ၀ရဲ့တစ်စိတ်တစ်ပိုင်းတော့ဖြစ်တယ်ဆိုတာ အမှန်ပဲ။

အချစ်မပါတဲ့လူတစ်ယောက်.. ကိုယ်ကမချစ်တဲ့လူတစ်ယောက်ကို
ဘယ်လိုလုပ်လက်တွဲဖော်အဖြစ်ရွေးချယ်ရပါလိမ့်နော်..။မဖြစ်နိုင်ဘူး။
ကျနော်ကတော့ဘယ်လိုနည်းနဲ့မှကို လက်မထပ်နိုင်ဘူး။
ဒါလဲကျနော့်ရဲ့ခံယူချက်ပါ..ဒါပေမယ့် ကံကြမ္မာဆိုတာ ကြိုပြောလို့မှမရတာနော်..။
လက်တွဲဖော်ဆိုတာ ဘာကြီးဖြစ်မှရယ်.ဘယ်လိုမှရယ်လို့ သက်မှတ်ချက်မရှိပါဘူး။
သက်မှတ်ချက်ထားပြီး ဖြစ်မလာတာတွေလည်း အများကြီးပါ..။
လက်တွဲဖော်ဆိုတော့ ကျနော်သိတာလေး ကိုညီမျှခြင်းထုတ်ချင်ပါတယ်..။
ညီမျှခြင်းချပေမယ့် ဒါလည်းကျနော့်အမြင်ပါ..။ ကျနော့်ခံယူချက်ကလေးပါ..။
မှားချင်လည်း မှားသွားနိုင်သလို မှန်ချင်မှလည်း မှန်မှာပါ..။

လက်တွဲဖော်ဆိုတာ
“လက်တွဲဖော်= ထပ်တူညီစွာနားလည်သူ”
လို့ပြောချင်တယ်..။ လက်တွဲဖော်ဆိုတာ ဘ၀တစ်သက်တာ ပေါင်းသင်းနေထိုင်ရမယ့်သူ။
အမြဲတမ်းအတူမြင်တွေ့နေရမယ့်သူလေ..။သူ့အကြိုက်ကိုယ့်အကြိုက်ဆိုတာလည်း
တူချင်မှတူမယ်..။လုံးဝမတူတဲ့ စိတ်ချင်းမတူ လူချင်းမတူတဲ့ တစ်စိမ်းနှစ်ယောက်ပေါင်းသင်း
နေထိုင်ရမှာပဲလေ..။လူဆိုတာကိုယ့်စိတ်နဲ့ကိုယ်တောင်ထပ်တူညီမှုမကျတာ ။
တစ်ခြားတစ်ယောက်ရဲ့စိတ်နဲ့ထပ်တူညီမှုကျတယ်ဆိုတာ ဘယ်လိုနည်းနဲ့မှ
မဖြစ်နိုင်ဘူးထင်တယ်။ ဒီလိုထပ်တူညီဖို့မဖြစ်နိုင်တာကို ကျနော်သိပ်ပြီး သက်မှတ်မထားချင်
ပါဘူး။ ဒါပေမယ့် ဖြစ်ချင်တာလေးပေါ့ ကျနော်လိုချင်တာလေးကို ပြောပြကြည့်မယ်။

၁။ စိတ်ထားကောင်းရမယ်။
စိတ်ထားကောင်းတယ်ဆိုတာ အမျိုးမျိုးရှိပါတယ်..။တစ်ချို့ကအပေါ်ယံသဘောကောင်း
တာရှိတယ်..။တွေ့စကဖြူတယ်ထင်ရပေမယ့် တစ်ကယ်တမ်းပေါင်းကြည့်တော့ထင်သလောက်
မဖြူတာတွေရှိလာတယ်..။အဓိကကစိတ်ထားပါ.။စိတ်ထားမြင့်မြတ်တဲ့ယောက်င်္ကျားလေးတော့
ကျနော့်သက်မှတ်ချက် နံပါတ် ၁ မှာထားချင်ပါတယ်..။

၂။အကျင့်စာရိတ္တကောင်းရမယ်။
အကျင့်စာရိတ္တ ဆိုတာ လူတစ်ယောက်မှာ အရေးကြီးပါတယ်။ အကျင့်မကောင်းတဲ့
လူတစ်ယောက်ဟာ ဘယ်လိုနည်းနဲ့မှ လူကောင်းမဖြစ်နိုင်ဘူး။ ကောင်းနေဖို့ပဲလိုတယ်
သိပ်တော်နေဖို့မလိုပါဘူး။ညစ်ပတ်တဲ့အကျင့်ကလေးရှိတဲ့သူဆို ဘယ်မှာလူကောင်း
ဖြစ်နိုင်မလဲနော်။ ညစ်ပတ်တယ်ဆိုတာ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဆိုလိုတာမဟုတ်
ပါဘူး စိတ်ထားညစ်ပတ်သူကိုပြောတာပါ။ တစ်ချို့က ညစ်ပတ်တဲ့အကျင့်ကလေး
ရှိကြတယ်။ ဒီလူကိုငါဘယ်လိုညစ်ပတ် ရမလဲဆိုတဲ့ အတွေးမျိုးရှိသူပေါ့။
ဒီလိုလူမျိုးတော့ ကျနော်ဘယ်လိုမှအထင်ကြီးလို့ရမယ် မထင်ဘူး။

၃။သိက္ခာရှိသူဖြစ်ရမယ်။
သိက္ခာရှိသူဆိုတာကလည်း အရေးကြီးပါတယ်။ သိက္ခာရှိသူလူတစ်ယောက်က
ဘယ်သူနဲ့မှမတူစွာ ထူးခြားမှုတွေပိုင်ဆိုင်နေမှာအမှန်ပါ။ ကျနော်ကသိက္ခာရှိသူကိုလည်း
အထင်ကြီးတတ်ပါသေးတယ်။

၎။အဆင့်အတန်းရှိသူဖြစ်ရမယ်။
အဆင့်ရှိသူဆိုတာ အဆင့်အတန်းမြင့်သူ ငွေကြေးချမ်းသာသူကိုမဆိုလိုဘူး။
ငွေကြေးချမ်းသာတိုင်းလည်း အဆင့်မရှိသူတွေများပါတယ်။ စိတ်ဓာတ်အဆင့်မြင့်သူပါ။
စိတ်ဓာတ်အောက်တန်းကျတဲ့လူတွေ အများကြီးပါ။ စိတ်ဓာတ်အောက်တန်းကျနေမှတော့
ဘယ်မှာကောင်းနိုင်ပါ့မလဲနော်..။စိတ်ဓာတ်မြင့်မားသူကိုလည်း ကျနော်က အထင်ကြီးတတ်ပါ
သေးတယ်။ ငွေကြေးချမ်းသာဖို့မလိုပါဘူး။ စိတ်ဓာတ်မြင့်မားရင်တော်ပါပြီ။

၅။ပညာတတ်ဖြစ်ရမယ်။
ပညာအရည်အချင်းကို အများကြီးသက်မှတ်မထားပါဘူး။ဆရာဝန်ဖြစ်မှ အင်ဂျင်နီယာဖြစ်
မှရယ်လို့ သက်မှတ်ချက်မရှိပါဘူး။ ဒါပေမယ့် ပညာတတ်တော့ဖြစ်ရမယ်။
ပညာတတ်တစ်ယောက်ရဲ့ အတွေးအခေါ်နဲ့ သာမန်လူတစ်ယောက်ရဲ့ အတွေးအခေါ်က
ဘယ်နည်းနဲ့မှမတူနိုင်ပါဘူး။ ပညာသင်ထားတဲ့ လူတစ်ယောက်ရဲ့ အတွေးအခေါ် ဆုံးဖြတ်ချက်
ဟာ အမှားနည်းပြီး အမှန်တရားကို နည်းကပ်စွာတွေးခေါ်နိုင်တယ်လေ။
သက်မှတ်ချက်တော့ သိပ်မများပါဘူး။

၆။ရုပ်ရည်
ရုပ်ရည်ကတော့ သက်မှတ်ချက်မရှိဘူး။ လှမှချောမှ မဟုတ်ဘူး။ ကျနော့မျက်လုံးမှာ
စိတ်ထားကောင်းပြီး ဖြူစင်တဲ့ပုံ ကောက်ကျစ်မှုမရှိတဲ့ပုံ ဆိုရင်ကျနော်ကျေနပ်တယ်။
အဓိကအားဖြင့် ယောင်္ကျားပီသတဲ့ စိတ်ဓာတ်အပြည့်အ၀ရှိတဲ့ ပုံမျိုးဆိုရပြီ။
ကျနော်ဒါတွေပဲ လိုချင်ပါတယ်..။လက်တွဲဖော်ဆိုတာ ကောင်းတူဆိုးဖက်ပဲလေ။
တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်ကဖြည့်ပြီး တစ်ယောက်ကိုတစ်ယောက်
အပြည့်အ၀နားလည်မှုရှိရမယ်။ဒါမှတစ်ယောက်နဲ့တစ်ယောက်တစ်သက်လုံး
ပျော်ရွှင်စွာပေါင်းသင်းနေထိုင်နိုင်မှာပေါ့။ ကျနော်ကတော့ကျနော့လက်တွဲဖောက်လေးကို
အရာအားလုံးထက် နားလည်ပေးမှာပါ။ နားလည်မှုတွေကို အချစ်နဲ့အတူ ပေးထားမှာပါ။
ကျနော်ကတော့ ဒါလေးပဲပြန်ပေးနိုင်ပါတယ်။ တစ်ခုတော့တောင်းဆိုချင်တယ်
ကျနော့ကို ဘယ်တော့မှမလိမ်ပါနဲ့လို့။ကျနော်လိမ်တာမကြိုက်ဘူး။
လိမ်တတ်သူကိုလည်း အထင်မကြီးဘူး။ အဓိကက ကျနော့လက်တွဲဖော်လေးကို
ဘယ်တော့မှအထင်မသေးချင်ဘူး။
ကျနော်အထင်သေးတဲ့သူ အထင်သေးသွားတဲ့သူဆို ကျနော်ဘယ်အချိန်ပဲရောက်
ဘယ်လိုပဲဖြစ်ဖြစ် နားလည်မှုလည်းပေးနိုင်တော့မယ်မထင်ဘူး။
ကျနော့်ရဲ့လက်တွဲဖော်ဖြစ်မယ့် သူလေးကိုတော့ကြိုပြောထားမယ်နော်...။
ဘယ်တော့မှမလိမ်ပါနဲ့။။။

ကဲကျနော်တတ်သလောက်လေးပါ..။မင်းကျန်စစ်ရေ ...
ငါတော့ရေးပြီးပြီ။ သိချင်တယ်ဆိုလို့ရေးလိုက်တာ ငါပြောချင်တာတွေကများသား
ဒါပေမယ့် မရေးတတ်လို့ ဒီလောက်ပဲနော်..။တစ်ကြောင်းတည်းထွက်တဲ့..။
ငါ့ညီမျှခြင်းလေးကိုတော့ ဘယ်တော့မှမမေ့ပါဘူး။
အဆင်ပြေတယ်ဟုတ်။ ။

ပန်းခရေ(ရင်တွင်းဖြစ်)


ငါလိုချင်တာ...



ဘာလဲလာမပြောနဲ့
မင်းပါးစပ်ဖျားက
အကြင်နာတွေ....
ဘာလဲလာမရှင်းနဲ့
မင်းရှုပ်နေတဲ့
အရှုပ်တွေ....
ဘာလဲလာမဖြီးနဲ့
မင်းလိမ်နေကြ
အလိမ်အညာတွေ...
ဘာလဲလာမဖုံးနဲ့
မင်းရဲ့ဆင်သေကို
ဆိတ်သားရေနဲ့ဖုံးနေလို့လည်း
အပိုတွေပါပဲ....
ဘာလဲဆင်ခြေမပေးနဲ့
မင်းလုပ်တဲ့အပြစ်
မင်းပဲသိတယ်..
ဘာလဲလာမပြောနဲ့
ဟုတ်ကဲ့လိုက်တိုင်း
အ-တယ်မထင်နဲ့...
ဘာလဲချစ်တယ်ချစ်တယ်...
နှလုံသားတစ်ခုနဲ့
မြောက်များစွာသော
မိန်းကလေးတွေလား..
အဲဒီမိန်းကလေးတွေထဲ
ငါမပါတာမင်းမသိဘူးလား...
ဆောရီးပဲ
အချစ်ကိုဖောဖောသီသီ
သုံးစွဲတတ်တဲ့နှလုံးသားနဲ့
အချစ်ခံရတာထက်
မင်းအမုန်းကိုပဲ
ငါလိုချင်တယ်..
တစ်ဆိတ်လောက်
ငါ့ကိုကျေးဇူးပြုပြီးမုန်းလိုက်ပါ..။

ပန်းခရေ(ရင်တွင်းဖြစ်)









Friday, February 8

ကြေငြာလေးပါ

funny




ကဲကြေငြာပါတော့မယ်...။ဟဲ..ကြေငြာစာအမှတ်(..)ပါ.။
ဘလော့နဲ့ပက်သက်ပြီးဆိုထားတာပါ...မြန်မာဘလော့ဂ်ဂါများကိုယ်တိုင်
လက်မှတ်ရေးထိုးပေးမှာပါ...။အင်းယားကန်ဘောင်ပေါ်မှာ..ချစ်သူများနေ့လေးကို
သူများနဲ့မတူ တမူထူးခြားစွာ..နဲ့ဖြစ်သန်းရမှာဖြစ်ပါတယ်...။သမရိုးကျအစီအစဉ်တွေကို
ကျော်လွန်ပြီးကျင်းပမှာဖြစ်ပါတယ်...။စိတ်ဝင်စားစရာပါ..။ကျနော်လည်းအရောက်သွားချင်သား..
ရောက်အောင်လာချင်သား..မြန်မာဘလော့ဂ်ဂါတွေကိုယ်တိုင်ရေးထိုးပေးတဲ့ လက်မှတ်လေးကို
တော့အရမ်းလိုချင်မိတယ်..။ကိုယ့်လိုဘလော့ဂ်ဂါပေါက်စလေး တွေလည်းအများကြီးရှိတယ်လေ..။
သူငယ်ချင်းတို့ ကိုမသွားနိုင်ပေမယ့် သူငယ်ချင်းတို့သွားလို့ရအောင်ကြေငြာပေးလိုက်တယ်..။
မြန်မာ ဘလောက်ဂါ တွေ ဖြစ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေ ကို အခြေခံပြီး
ရေးဖွဲ့ထားတဲ့ အေးအေးလေး သီချင်းတွေ အများစုပါဝင်ပါတယ်…။ တေးရေးတွေ ကတော့ ကိုမျက်လုံး၊ မင်းယွန်းသစ်၊ ကိုဂေါက်၊ မောင်ခ အော် ရေးရင်းနဲ့ old blog band က လူအကုန် ကုန်ပြီ။ အော် ဘလောက်ဂါတွေ တွေကြုံခဲ့ရတဲ့ အဓိက အဖြစ်အပျက် တွေကို သီချင်း အအေး တွေနဲ့ ဖွင့်ချထားပါတယ်။

ကိုယ်သိသလောက်တော့ကြေငြာထားတယ်..ကိုယ်လည်းအားကျတာကိုး..။
မျက်မှန်းလေးတပ်ပြီး...မှုန်တုန်ဝါးတားလမ်းလျှောက်လာတဲ့ ကောင်မလေးကိုတွေ့ရင်
ပေခရန်းနော်ဟိ..။

Monday, February 4

ကျွန်တော်၏သူမနှင့်ကျမ၏သူ


ကျွန်တော်၏သူမ
သူမဟာ ကျွန်တော့် အတွက်တော့
ခပ်နွေးနွေး ကိုယ်ပိုင် ကောင်းကင်လေးတစ်ခု….
သူမဟာ ကျွန်တော့် အတွက်တော
့ရိုးရှင်းတဲ့ ဆင်ဖိုနီတစ်ပုဒ်
သူမဟာ ကျွန်တော့်အတွက်တော့
လတ်ဆတ်တဲ့ နံနက်ခင်းတခု…
သူမဟာ ကျွန်တော့်အတွက်တော့
ဖတ်လို့ မဆုံးနိုင်တဲ့ ကဗျာတစ်ပုဒ်…
သူမဟာ ကျွန်တော့်အတွက်တော့
အိပ်မက် အပိုဒ်ခွဲတခု…ပြီးတော့ …
သူမဟာ ကျွန်တော့်အတွက်…အတုမရှိတဲ့ ချစ်သူ………။

ဆိုတဲ့ကဗျာလေးကို သူငယ်ချင်းမင်းယွန်းသစ်ဆီကနေတွေ့လို့
ကြိုက်လွန်းလို့ကူးယူလာရင်း...ဆက်ရေးမိတာလေးပါ..။
ဖတ်ကြည့်လိုက်နော် ..။ရင်တွင်းအံဖတ်လေး တစ်ပုဒ်ကို..ဟိ။

ကျမ၏သူ

သူဟာ ကျမအတွက်တော့ရိုးမသွားတဲ့
ချစ်ခြင်းတစ်ခု...
သူဟာ ကျမအတွက်တော့အသွေးအရောင်ကင်းတဲ့
ချစ်ခြင်းတစ်ခု....
သူဟာ ကျမအတွက်တော့ဘယ်တော့မှ ပျောက်ကွယ်မသွားတဲ့
ချစ်ခြင်းတစ်ခု...
သူဟာ ကျမအတွက်တော့အဖိုးမဖြတ်နိုင်တဲ့
ချစ်ခြင်းတစ်ခု..
သူဟာ ကျမအတွက်တော့ လေးနက်ခြင်းနဲ့ခွန်အားပေးတဲ့
ဲ့ချစ်ခြင်းတစ်ခု...
သူဟာ ကျမအတွက်တော့ ၀န်တိုမှုကင်းတဲ့
ချစ်ခြင်းတစ်ခု...
သူဟာ ကျမအတွက်တော့ နူးညံ့ခြင်းနှင့်သိမ်မွေ့ခြင်းဖြစ်စေတဲ့
ချစ်ခြင်းတစ်ခု....
သူဟာ ကျမအတွက်တော့ အဓိပ္ပာယ်ဖွင့်မရတဲ့...
ချစ်ခြင်းတစ်ခု...ပါ.။

ပန်းခရေ(ရင်တွင်းဖြစ်)

Sunday, February 3

မွေးနေ့ပွဲလေး


မွေးနေ့လက်ဆောင်လေးပေးအုံးမယ်သိလား...
ပေးတာကအောက်မှာပေးတာ..ကျနော့်ရဲ့ဘယ်သူမှလိုက်မမီနိုင်အောင်တော်သောကြောင့်
အပေါ်ရောက်လာတာဟိ....။


ဒါလေးကအပြင်ရှော့ပင်ထွက်ရင်စီးဖို့....။
ဒါလေးကတော့..ရုံးတက်ရင်စီးဖို့...။
ဒါလေးကတော့...အပျင်းပြေလေကောင်းလေသန့်ရှုရအောင်လေ....။ဟိ




ကဲမွေးနေ့ပွဲလေး..တစ်ခုကျင်းပချင်ပါတယ်.....။
ကျနော့ဘလော့လေးက ..မွေးနေ့ပွဲတွေကျင်းပတဲ့ဘလော့ဖြစ်နေပြီ....။
ဒါပေမယ့်....ဟီးးး အားနာစွာပွဲ ကျင်းပလိုက်အုံးမယ်...သိလား...။
သူငယ်ချင်းတွေအားလုံး...တွယ်သာတွယ်သွားသိလား...။အားမနာနဲ့....
တော်တော်လေးကို ပင်ပန်းဆင်းရဲကြီးစွာနဲ့...အပြေးအလွှားဖုတ်ထားရတာ....
မောလို့...ချွေးသံတွေကလည်းရွှဲ....ဟဲ..ချွေးသုတ်ပေးမယ့်..ချစ်သူလေးကတော့
ဒီအချိန်...စက်တော်ခေါ်နေတာ...ခုတင်အောက်ပဲရောက်နေလား...ဟိ
ခုတင်ဘေးမှာ...ကြမ်းပြင်ကိုလူးလိမ့်...ဟဟ စိုင်း၂တော့မဟုတ်ဘူး...။
ဖြစ်နေလားမသိ..ဒီကတော့ဖုတ်လိုက်ရတာ..ကိတ်မုန့်..ကိတ်မုန့်....
မောသွားတာပဲ...၀ူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး.
ဟိ
ဒီနေ့က..လူသားတစ်ယောက်ရဲ့..မွေးနေ့လေးပါ....။
ကိုရွာသားပြောတဲ့...သိပ်သိချင်နေတဲ့....တစ်စုံတစ်ယောက်ရဲ့မွေးနေ့လေးပါ...။
၂၆နှစ်မြောက်မွေးနေ့လေးပါ...။သူရဲ့ ၂၆နှစ်မြောက်မွေးနေ့လေးကို...
ဘလော့ပေါ်ကသူငယ်ချင်းတွေနဲ့အတူ....ပျော်ပျောင်ပါးပါးဆင်နွှဲပါတယ်...။
သူလည်းလာမှာပါ...ဘလော့ပေါ်မှသူငယ်ချင်းတွေကို...ကျနော်ခင်သလို...
ထပ်တူထပ်မျှ...ခင်မင်ပါတယ်....။သူငယ်ချင်းတွေဆီလိုက်မလည်..ပေမယ့်..
ကျနော့်သူငယ်ချင်းမှန်သမျှကို..သူသိပါတယ်...။သူလည်းမကြာခင်ဘလော့တွေကို
စတင်ရေးတော့မှာပါ....ကျနော့လိုများတော်မလားလို့သိလား....ဟိ
အတင်းတုတ်လိုက်အုံးမယ်....သိလား...ဟိသူမသိစေနဲ့သိလား..ဟိ
သူများအကြောင်းလည်း...မပြောတတ်ပါ..စပ်မိစပ်ရာ..ကွိစိကွစ...ဟိ
စိုင်းစိုင်းပါပါနေတယ်...
ကဲဆုတောင်းပေးလိုက်တော့မယ်နော်....။

မွေးနေ့မှသည်
နောင်နှစ်ပေါင်းများစွာတိုင်အောင်
ပျော်ရွှင်မှုအပေါင်းနှင့်ပြည့်စုံ၍
ပျော်ရွှင်မှုအစစ်အမှန်ကိုပိုင်ဆိုင်နိုင်ပါစေ...။
မိဘကျေးဇူးဆပ်နိုင်တဲ့
သားကောင်းရတနာတစ်ယောက်ဖြစ်ပါစေ...။
လို့ဆုတောင်းပေးလိုက်ပါတယ်....။

မွေးနေ့လက်ဆောင်လေးပေးအုံးမယ်သိလား
အပေါ်ရောက်သွားလို့...ဟိ...။အဆင်ပြေတယ်ဟုတ်




Saturday, February 2

မျဉ်းပြိုင်နှစ်ကြောင်း


--------------------->

---------------------->



ဆုံးလည်းမဆုံး
ဆုံလည်းမဆုံတဲ့
မျဉ်းပြိုင်နှစ်ကြောင်းလို......
တို့နှစ်ယောက်ရဲ့
နားလည်မှု
ကြင်နာမှု
မြတ်နိုးတွယ်တာမှု
ချစ်ခင်ယုယမှုတွေဟာ
တန်းတူညီကြပါလျက်
ဝေးကွာမှုကိုယ်စီပါလား..........။

ပန်းခရေ(ရင်တွင်းဖြစ်)

Related Posts Plugin for WordPress, Blogger...