Monday, December 31

လက်ဆောင်မွန်


နှစ်သစ်အတွက်လက်ဆောင်မွန်ပါ....နှစ်ဟောင်းက အရာအားလုံးကို နှစ်သစ်မှာ
စိတ်သစ်၊ လူသစ်၊ အကြောင်းအရာသစ်တွေနဲ့ ပျော်ရွှင်နိုင်ပါစေ...။
၂၀၀၇ခုနှစ်....ဘိုင့် ၂၀၀၈ ကြိုဆိုပါတယ်....။

လက်ဆောင်မွန်”ဆိုတာ သင့်ဘ၀ကို အဓိပ္ပာယ်ရှိသော ဘ၀နှင့် နေပျော်သော ဘ၀တစ်ခု ဖြစ်လာအောင် ဖန်တီးနိုင်ဖို့ဖြစ်သည်။ ကျွန်တော်တို့ နေထိုင်ကျင့်ကြံသင့်သည့် ကျင့်စဉ်များကို ဖော်ပြထားပါသည်။ ကျွန်တော်တို့ နေထိုင်ကျင့်ကြံသင့်သည့် ကျင့်စဉ်များ ဆိုလို့ကြီးကြီးကျယ်ကျယ် ခက်ခက်ခဲခဲ ကျင့်စဉ်များဟု မထင်လိုက်ပါနှင့်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်အများစု သိနေပြီးသား၊ ကြားဖူးပြီးသား ကျင့်စဉ်များပင်ဖြစ်သည်။ ကျွန်တော်တို့ လက်တွေ့ကျင့်သုံးဖို့ ပျက်ကွက်နေသည့်၊ မျက်စိလျှမ်းနေသည့် ကျင့်စဉ်များပင်ဖြစ်သည်။ တစ်ကယ်လက်တွေ့ကျင့်သုံးလျှင် တစ်ကယ်အကျိုးထူးများ ရစေပါသည်။
ဘ၀မှာ ပိုပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ပိုပြီးအောင်အောင်မြင်မြင် နေထိုင်ပြီး အလုပ်လုပ်လို့ရတဲ့ လမ်းစဉ်တစ်ခု ဖော်ထုတ်တွေ့ရှိသွားတဲ့ လူငယ်တစ်ယောက်အကြောင်း ရေးထားပါသည်။ အဲဒီ လက်ဆောင်မွန် စာအုပ်ကလေး ကိုဖတ်ပြီး နည်းလမ်းလေးတွေကို မှတ်သားထားမိပါသည်။ ကျွန်တော် မှတ်သားမိသလို ဘလော့ဒ် သူငယ်ချင်းများကိုလည်း တစ်ဆင့် လက်ဆင့် ကမ်းလိုက်ပါသည်။
ကျွန်တော်ရရှိခဲ့သော “လက်ဆောင်မွန်” မှ “လက်ဆောင်မွန်” ပါ။
လူရွယ်ကလေးဟာသူ့အလုပ်မှာ အောင်မြင်မှု ရရှိသင့်သလောက်မရရှိခဲ့၍ မပျော်ရွှင်ခဲ့ပါဘူး။
ဘာပဲလုပ်လုပ် စိတ်ချမ်းမြေ့မှုမရရှိခဲ့ပါဘူး။ အဲဒီအချိန်မှာ အလွန်အောင်မြင်ကျော်ကြားတဲ့ အဘိုးအိုတစ်ယောက်နဲ့ တွေ့ရှိပြီး လက်ဆောင်မွန်တစ်ခုပေးခဲ့ပါသည်။

“လက်ဆောင်မွန်”
သင်၏ပစ္စုပ္ပန်ကာလများကို အသုံးချနည်း သုံးသွယ်
ပစ္စုပ္ပန်မှာမွေ့ပျော်နေထိုင်ပါ။
ပစ္စုပ္ပန်တည့်တည့်ကို အာရုံပြုပါ။
သင့်ရည်မှန်းချက်ကို အသုံးပြုပြီး
လောလောဆယ်အရေးကြီးနေတဲ့ကိစ္စကို တုံ့ပြန်ဆောင်ရွက်ပါ။

ပစ္စုပ္ပန်ကို အတိတ်ထက်ပိုပြီး သာလွန်ကောင်းမွန်လိုတဲ့အခါ
အတိတ်ကနေ သင်ခန်းစာထုတ်ယူပါ။
အတိတ်ဖြစ်ရပ်တွေကို လေ့လာဆန်းစစ်ပါ။
အဲဒီ အတိတ်ဖြစ်ရပ်တွေထဲက တန်ဖိုးရှိတဲ့ သင်ခန်းစာ ထုတ်ယူပါ။
ပစ္စုပ္ပန်မှာ အတိတ်တုန်းကနဲ့ မတူအောင် ဆောင်ရွက်ပါ။

အနာဂတ်ကို ပစ္စုပ္ပန်ထက် သာလွန်ကောင်းမွန်အောင် ဖန်တီးချင်တဲ့အခါ
အနာဂတ်အတွက် စီမံကိန်းချပါ။
သာယာဝေစည်တဲ့ အနာဂတ်ပုံရိပ်ကို မြင်ယောင်ကြည့်ပါ။
အဲဒီပုံရိပ် တကယ်ဖြစ်လာအောင် အထောက်အကူပြုမယ့် အစီအစဉ်တွေ ချမှတ်ပါ။
သင့်စီမံကိန်းကို ပစ္စုပ္ပန်မှာ အကောင်အထည်ဖော်ဆောင်ရွက်ပါ။

Sunday, December 30

နှစ်သစ်ဆုတောင်း






နှစ်သစ်မှာ လူသားတိုင်းစိတ်သစ်လူသစ်နှင့် ပျော်ရွှင်နိုင်ပါစေ...။
HAPPY NEW YEAR ပါ.....။
ဒီနေ့လေးက ကျနော့အတွက် HAPPY NEW YEAR ပါ....။
တိုက်ဆိုင်မှုတွေ များတဲ့ ဒီရက်ကလေးကို မမေ့ဘူး...။
၂၀၀၇ခုနှစ်ရဲ့ အညစ်အကြေးအားလုံးကို ထားခဲ့ပြီး...
၂၀၀၈ခုနှစ်ကို စိတ်သစ်ကိုယ်သစ်နဲ့ ကြိုလိုက်ကြရအောင်နော်...။
နှစ်သစ်မှာပျော်ရွှင်ကြပါစေ...။

Saturday, December 29

အရှုံး


လောကမှာ
ချစ်သူအရှုံး....
လွမ်းသူအရှုံး...
တွယ်တာမိ သမျှ အားလုံးရှုံးတယ်...
ငါရှုံးသွားတယ်..........
ငါနင့်ကို မေ့လိုက်ပါရစေ...
ဒါပေမယ့် ငါရှုံးပြန်ပြီ....
လောကမှာ အရှုံးထဲက အရှုံးဆုံးအရာဆိုတာ
မေ့ဖျောက်ခြင်းပါပဲလေ...
ငါ..သိလိုက်တော့မှ နောက်ကျသွားပြီ
နောက်တစ်ကြိမ် ရှုံးရပြန်ပြီ..ချစ်သူ
ပန်းခရေ(ရင်တွင်းဖြစ်)
ရင်တွင်းဖြစ်ကလေးအား သားဖြိုးမှ ခံစားရေးဖွဲ့တင်ပြပါသည်။
ရင်တွင်းအံဖတ်ကလေးပါ...။သားဖြိုးဆီမှာလည်း ရင်တွင်းအံဖတ်ကလေးတွေရှိပါတယ်.။
ဖတ်ချင်ရင် ဒီနေရာမှာ...ရှိပါတယ်ဗျို့...။

လျို့ဝှက်ချက်


လျို့ဝှက်ချက်

မြို့တစ်မြို့မှာ...ဆန်စက်ပိုင်တဲ့..သဌေးကြီးတစ်ယောက်ရဲ့ ဇနီး သူဌေးကတော်ကြီး
တစ်ယောက်ရှိတယ်..။သူကို့ကွယ်ရာမှာ လူတွေက ခေါစိန် လို့ခေါ်ကြတယ်...။
ရှေ့တင်တော့မခေါ်ရဲ ကြဘူးလေ...။ သူကသွားခေါတာကိုး...။သူကအလှအပလည်းအတော်ကြိုက်တယ်လေ....။
အရမ်းအပေါက်ဆိုးတယ်...သဘောလည်းမကောင်းဘူး.....။
အနိုင်ကျင့်တယ်လေ..အလုပ်သမားတွေကို...ကြွားကကြွားသေးတယ်...။
သူ့ဆန်စက်က အလုပ်သမားတွေကတော့ သူ့ကို မမ လို့ခေါ်ကြတယ်...။
ဒါပေမယ့် မမဆိုတဲ့စကားကို ဆက်တိုက်မခေါ်ကြဘူး....။
မ-မ လို့ခေါ်ကြတယ်....။ဘာလို့အဲလိုခေါ်ကြတာလဲဆိုတာကို...
အတွင်းသိအစင်းသိ တစ်ယောက်ကိုမေးကြည့်တော့.....
ပျောက်နေတဲ့အသံလေးက....
“ သာ ”ပါတဲ့.....။

ပြုံးလိုက်ရတယ်မလား..ဟီးးးးးးးးးးးးးး..။

Friday, December 28

စဉ်းစားမိသမျှ


ကျနော်စဉ်းစားမိတဲ့အကြောင်းတစ်ခုရှိတယ်....ပို့စ်အနေနဲ့တင်လောက်အောင်တော့
မကြီးကျယ်ပါဘူး....ဒါပေမယ့်ကျနော်စဉ်းစားမိတာလေးကို တင်ပြတာပါ.....။
ချက်တင်ထိုင်ကြတဲ့ ကိစ္စနဲ့ပက်သက်ပြီး...စဉ်းစားမိတာပါ....။အခုတလောတော်တော်လေးကို
ကြားနေရတယ်.....တိုက်ဆိုင်မှုတွေကတော်တော်များနေလို့ပါ....
ဘာကိုမှတော့မရည်ရွယ်ပါဘူး.........။

ကောင်လေးတွေ...ကောင်မလေးတွေက ..ချက်တင်မှာဘာကြောင့်
အမှန်တရားကို မသုံးစွဲကြတာလဲ.....။
ကျနော်တွေးမိတယ်...တစ်ယောက်ကလည်း ..လိမ်တယ်..
နောက်တစ်ယောက်ကလည်းလိမ်တယ်.....။
မယုံရတော့ဘူး....။အင်တာနက်ဖူးစာ ဆိုတာရှိတယ်.....လို့ကြားဖူးတယ်....။
စာတမ်းပြုစုတာ....အင်တာနက်ဖူးစာဆိုတာ..များသောအားဖြင့်မယုံရဘူးလို့...
ဖတ်လိုက်ရတယ်....။
ကောင်လေးတွေက အများအားဖြင့် မမြင်ရတဲ့ အင်တာနက်ကနေ ရည်းစားစကားပြောကြတယ်..။ယုံလောက်အောင်ကို ပြောတယ်...။မိန်းကလေးဆိုတဲ့ သဘာဝက ယုံလွယ်တယ်...သနားတတ်တယ်လေ..။ဒါကိုအခွင့်ကောင်းယူပြီး...ပြောကြတယ်..။
မမြင်ရတဲ့..အင်တာနက်ပေါ်မှာလည်း..ကောင်လေးတွေက

အမျိုးမျိုးပြောပြီး...ကောင်မလေးတွေရဲ့ အချစ်ကိုရယူကြတယ်....။တန်ဖိုးမထားကြဘူး.....။
ကောင်မလေးတွေကတော့ ချစ်ပြီဆိုရင်..စိတ်တစ်ခုလုံးကို.. နှစ်ပြစ်လိုက်ကြတယ်...။
ဒါကိုအခွင့်ကောင်းယူပြီး..သူတို့အပျင်းပြေဖို့.. ကစားစရာလိုသဘောထားတဲ့
ကောင်လေးတွေအတော်
များတယ်...။ကျနော်တို့ရုံးကအမ တစ်ယောက်ဆို အချစ်ကို
ကိုးကွယ်တာပေါ့...အင်တာနက်ကနေ
တွေ့ပြီး..ချစ်သွားတယ်...။
ကောင်လေးက..ကိုရီးယားက..အခုမြန်မာပြည်ကို ပြန်လာပြီ...။

ဒါပေမယ့်..မြန်မာပြည်ေ၇ာက်တဲ့အချိန်ကစပြီး...အမကိုအဆက်အသွယ်မလုပ်ဘူး....။
အမခံစားနေရတာ..ကျနော်မြင်ရတာသနားလိုက်တာ....။
အဲဒါ..၁နှစ်ကျော်..ရည်းစားဖြစ်လာတာနော်..။

ကျနော်...သိရသလောက်အမက အရမ်းကို စိတ်နှစ်ထားတာ..ခံစားရတာပေါ့..။
အဲလိုလုပ်ရက်သလား..။ သူကအမကိုကစားစရာလို...အပျင်းပြေလုပ်သွားတာပေါ့..။
ကျနော်တော်တော်ဒေါသထွက်မိတယ်......။ဒီလိုလူတွေလည်းအများကြီး....။
ဒီလိုလူတွေများသလို...တစ်ကယ်ချစ်တတ်တဲ့သူတွေလည်းရှိတယ်.....။
တစ်ကယ်ချစ်ပြီး...အချစ်ဆိုတာကိုအလေးထားတဲ့ ..ကောင်လေးတွေရှိသေးတယ်...။
ဒါပေမယ့်....ရှေ့ကဒီလိုလူတွေများနေတော့.......ကောင်မလေးတွေကလည်း
မယုံရဲတော့ဘူး...မယုံကြတော့ဘူး...။ဒါဟာ..ဟာသ တစ်ပုဒ်ဖြစ်လာတယ်...။
တစ်ကယ်ချစ်တတ်တဲ့ကောင်လေးတွေ..ကောင်မလေးတွေကြတော့....
ဒီလူတွေကြောင့် ခံရရော...။လက်တွေ့ပဲလေ...။ကျနော့်ပတ်ဝန်းကျင်မှာကို ဖြစ်ပျက်နေတာတွေ
ကြုံတွေ့နေရတယ်....။အချစ်ဆိုတာလေးနက်ပါတယ်......။
ထင်သလိုမပေါ့ပျက်ဘူး...။ဒီလေးနက်တဲ့အချစ်ကို..ပေါ့ပေါ့လေးတွေးပြီးပေါ့ပေါ့လေး ပြောကြတော့
အချစ်ဆိုတာ...အလိုလိုမယုံစရာဖြစ်လာပြန်ရော..အင်တာနက်ပေါ်မှာပါ...။
ဒါမဖြစ်သင့်ဘူးထင်မိတယ်လေ....။ဘာရယ်မဟုတ်ဘူး...။ကျနော်ကြုံတွေ့နေရတာ
များနေလို့တင်မိတာ...။မဖြစ်သင့်ဘူး...လူတွေဘာပဲဖြစ်ဖြစ်ပုံမှန်ပဲကောင်းတယ် ထင်ပါတယ်..။
မလိမ်သင့်ဘူး..မညာသင့်ဘူး...သူများတွေကို ယုံကြည်မှုနည်းကုန်အောင်မလုပ်သင့်ဘူးနော်..။
ကျနော့အထင်လေးပါ..။မှားရင်လည်းမှားမယ်...။မှန်ချင်မှလည်းမှန်မယ်....။
ကိုယ့်အမြင်ပေါ့နော်...။

Thursday, December 27

နောင်တ




ဘ၀ဆိုတာကို ပုံဖော်ကြည့်ဖို့
ခဲတံတစ်ချောင်းကို လိုက်ရှာနေတုန်း
နွယ်ပင်လိုကြိုးတစ်ချောင်းနဲ့
နူးညံ့စွာခလုတ်တိုက်မိခဲ့တယ်။

အရှိန်ပြင်းတဲ့ ချည်နှောင်မှုတွေဆီက
လွတ်မြောက်နိုင်မလား ရုန်းထွက်ကြည့်တော့
ဖြတ်လေပွားလေကြိုးတွေကပဲ
ငါ့တစ်ကိုလုံးကို ၀ါးမြိုသွားလိုက်တာ
ဆန္ဒတွေနဲ့မျှော်လင့်ချက်တွေတောင်
ပြာဖြစ်ကုန်ကြတယ်.....။

အင်း...ငါတိုက်မိခဲ့တဲ့ ခလုတ်လေး
စားလိုက်တိုင်းကုန်သွားမယ့်
ပန်းသီးလေးဖြစ်ခဲ့ရင်လည်း..အကောင်းသားနော်.......။


ပန်းခရေ
ရင်တွင်းဖြစ်တော့မဟုတ်ဘူး..ဒါပေမယ့်..ရင်ဘတ်ကြီးနဲ့နီးစပ်လွန်းတဲ့...
ရင်တွင်းအံဖတ်လေးပါ....။ခံစားပေးကြပါ....။





Wednesday, December 26

နွေ


နွေ...
အဆုံးသတ်မှာ
မိုးစက်လေးတွေ လမ်းအဖြစ်ခင်းတယ်...
သစ်ရွက်လေးတွေ မင်းလှဖို့
ခြောက်သွေ့ပေးကြတယ်...
မင်းအလိုလိုက် မင်းကြိုက်တဲ့ သီချင်းဆိုမယ့် ဥသြငှက်တွေ...
တကယ်တော့...နွေ
သူတို့တွေက အချစ်ဆိုတာကို
နားမလည်ကြပါဘူး...
ဒါပေမယ့်...
ဘ၀ဆိတ်သုန်း
အကြိမ်ကြိမ်ဆုံးလဲ
အဖန်တလဲလဲ ပေးဆပ်နေတာ
မင်းကိုချစ်လို့ပါနွေ...

လက်ဆောင်ရထားတဲ့ ကဗျာလေးပါ...
ပိုင်ရှင်ခွင့်ပြုချက်ရလို့တင်ထားပါတယ်......။
တင်လိုက်ပြီနော်....သားဖြိုးရေ..တင်လိုက်ပြီနော်..အိုကေတယ်ဟုတ်...။

Monday, December 24

မယ်ရီခရစ္စမတ်








ဘလော့ပေါ်မှသူငယ်ချင်းအားလုံးကို......................
မင်္ဂလာပါ.......မယ်ရီခရစ္စမတ်ပါ..........
ပျော်ရွှင်ပါစေ...............။အားလုံးပဲအဆင်ပြေကြပါစေ........။
စာမေးပွဲဖြေနေသော သူငယ်ချင်းအားလုံးလည်း ဖြေနိုင်ပါစေ..........။
အားလုံးပဲ...စိတ်ချမ်းသာမှုအပေါင်းနှင့် ပြည့်စုံပါစေ.........။
ပန်းခရေ

Sunday, December 23

The end


The End
*သတိရတယ်ဆိုတဲ့...ခေါင်းစဉ်ကို
ခဏခဏပယ်ချပစ်ခဲ့ပေမယ့်...
မေ့မရတဲ့ အကြောင်းအရာအားလုံးကို
ရင်မှာပိုက်ပြီး
မေ့ပစ်ဖို့ကြိုးစားမိတဲ့ကိုယ်...............။

*မုန်းတီးခြင်းဆိုတဲ့
မျက်နှာဖုံးကြီးကို စွပ်ခဲ့ပေမယ့်
ချစ်ခဲ့မိတဲ့ နှလုံးသားတစ်စုံကို
ငုံ့ကြည့်ရင်းနဲ့
သိပ်ချစ်မိခဲ့တဲ့ကိုယ်........................။

*လှည့်စားခံရခြင်းကို
ရင်မဆိုင်နိုင်ပေမယ့်
လှည့်စားခံခဲ့ရတဲ့ကိုယ်....................။

*နာကြည်းခြင်းကို
ဖက်တွယ်မိပေမယ့်
စက်ဆုပ်ရွံရှာမိစွာနဲ့
လွှင့်ပစ်မိတဲ့ကိုယ်.........................။

*မျှော်လင့်ချက်မဲ့နေတဲ့
အကြောင်းအရာအားလုံးကို
မျှော်လင့်ခြင်းကြီးစွာ
စောင့်စားမိတဲ့ကိုယ်..........................။

*အရာအားလုံးပြီးဆုံး သွားပြီလို့
သတ်မှတ်ခဲ့ပေမယ့်
မပြီးဆုံးသေးတဲ့ကိုယ်...လေ
ကိုယ်ရလိုက်တဲ့အရာတစ်ခုကတော့
"The End"

ပန်းခရေ(ရင်တွင်းဖြစ်)
ကြောင်မျိုးရေ..ဟိ..ငါလည်းဘယ်ရမလဲ..ဘလော့ပေါ်တင်လိုက်ပြီ...။ဘ၀တူသယ်ရင်းလေး...
နင်ကံကောင်းပါစေ...။ငါတော့..တော်ပြီ..ဆုမတောင်းတော့ဘူး...။ဆုတောင်းလည်းပြည့်မှာမှမဟုတ်တာ..။
သည်းခံပြီးမကောင်းလည်း အားပေးကြပါ..။ရင်ဘတ်ကြီးထဲက လာတာဆိုတော့ သံဇဉ်မပါဘူး..။
ခံစားမှုအမှန်ပါ...။

Saturday, December 22

သဘောကျခြင်း


သူငယ်ချင်းတို့ အားလုံးကို ကိုယ်သိထားတဲ့...အကြောင်းအရာလေး...
ဖတ်မိပြီး...သဘောကျမိတဲ့ ...အကြောင်းလေးတစ်ခုကို...တင်ပြချင်တယ်...။
ပြောပြချင်တယ်....။လူတိုင်းလူတိုင်း သဘောကျ ဖူးကြမှာပါ....။အဲဒီသဘောကျခြင်း
ဆိုတဲ့အကြောင်းနဲ့ ပက်သက်ပြီး ကိုယ်သိထားတာလေး ပြောပြမယ်နော်.....။

“ သဘော ဆိုတာ အင်္ဂလိပ်ဝေါဟာရ “ Trait ” ဆိုတဲ့ စကားလုံးက ဆင်းသက်လာတာပါ.....။
လူရဲ့ ..သဘောသဘာဝက ငါဆိုမှငါ ဆိုပြီင်္းအဝေးကို ထောင်တတ်နေစမြဲပါ...။
ဒါပေမယ့် လူဟာသူလေးစားတဲ့ သူနှစ်သက်တဲ့ သက်ရှိသက်မဲ့ အရာတစ်ခုခုကို တွေ့တဲ့
အခါကျတော့ စောစောက အပေါ်ကိုထောင်တက်နေတဲ့ “ သဘော ” ဟာ အဲဒီလေးစားစရာ
နှစ်သက်စရာရဲ့ ခြေရင်းမှာ ၀ပ်စင်းဖို့မြေပြင်ကို ကျသွားတယ်...။
အဲဒါကို “ သဘောကျတယ် ” လို့ခေါ်တယ်.....။

ဒီပို့စ်လေးက ဆောင်းနိဒါန်း ဘလော့မှာ တင်ပြီးသား ပို့စ်အဟောင်းလေးပါ...။
သူငယ်ချင်းအသစ်တွေ ဖတ်ရအောင်ထပ်တင်ပေးလိုက်ပါတယ်.....။
တစ်ချို့သိပြီး ဖတ်ပြီးသား သူငယ်ချင်းတွေလည်း ထပ်ဖတ်လိုက်နော်....။

Friday, December 21

ကျမနှင့်ဘလော့

ဟီးးးး..........သေပြီ...Tag တယ်ဆိုတာကို ကြားဖူးတယ်....။တွေ့ဖူးနေတာလည်းကြာပြီ............။ ကိုယ်တိုင် Tag ခံလိုက်ရတော့....မူးထွက်သွားတယ်...။ဘယ်ကစရေးရမလဲ....။ကျမနှင့်ဘလော့....ဘလော့နှင့် ကျမ...သဇင်ဏီရေ..ဘယ်ကစရပ...။မြန်မာစကားကို မြန်မာလိုပြောပြီး မြန်မာတွေလည်ထွက်သွားအောင် ပြောနိုင်တဲ့ကျမက.....စာရေးရမယ်...။အားလုံးပဲ သည်းခံပြီး ပြီးဆုံးတိုင်အောင် ဖတ်ပေးကြပါလို့....။ သေချာပါတယ်...ပြီးရင်တော့လည်မှာပါ..(မျက်စိ)....။ စဉ်းစား...စဉ်းစား.....။ ကျမနှင့်ဘလော့ ဆိုတော့..ပြည့်စုံသွားအောင် အီကွေးရှင်းထုတ်ချင်ပါတယ်..။
ကျမ+ဘလော့=ကိုယ်ပိုင်ကမ္ဘာလေးတစ်ခု.....
လို့ပြောရမယ်..။ကျမဘလော့ကိုစသိချိန်က မကြာသေးပါဘူး..။ ၁၀လပိုင်းကမှစသိပါတယ်..။သူငယ်ချင်း ရဲမြန်မာ..ဆီကနေဘလော့လေးကို စသိလာပါတယ်..။ဘလော့ဆိုတာ...ကိုယ်ပိုင်ဒိုင်ယာရီ..တစ်အုပ်နဲ့တူတယ်...။ ကိုယ်တင်ပြချင်တဲ့ အကြောင်းအရာအားလုံးကို...တင်ပြလို့ရတယ်..။ပြောပြလို့ရတယ်လို့ သိလာတယ်...။ ရဲမြန်မာရဲ့ ဘလော့တွေကို ဖတ်ရင်းအားကျလာတယ်..။ကိုယ်ပိုင်ဘလော့ တစ်ခုဆောက်ချင်လာတယ်...။ အဲဒီမှာပြဿနာက စလာပြီ..။ဘာလဲဆိုတော့ ကျမဆီမှာ..ဂူဂယ်အကောင့်မရှိတာပါ..။ အဲလိုဆိုးတာပါ..ဘ၀က ဒီလိုနဲ့သူငယ်ချင်းဆီက အကောင့် တစ်ခုကိုအပြေးအလွှားတောင်းပြီး ဆောင်းနိဒါန်း ဆိုတဲ့ဘလော့စတင် လာပါတယ်..။ကျမဒီဘလော့ကို စလုပ်စက လူမသိသေးဘူး..။ရဲမြန်မာ တစ်ယောက်ကလွဲရင်ပေါ့..။ ရဲမြန်မာကိုပဲ ကြွားရတာအမောပေါ့..။ အန်တီခွန်မြလှိုင်၊ မနိုင်းနိုင်း၊ ကိုဇော်မိုးအောင်၊ ကိုညီလင်းဆက်၊ cypher တို့ကဆောင်းနိဒါန်းရဲ့ မိတ်ဆွေသစ်ကလေးတွေပါ...။ ဒီလိုနဲ့ကျမဘလော့လေးကို တဖြည်းဖြည်းလာ လည်သူတွေရှိလာပါတယ်..။ကျမပျော်ရွှင်မိတာပေါ့..။ ကြည်နူးမိတယ်..။ဝမ်းသာတယ်....။ ဘလော့မှာ ပျော်ဝင်မှန်းမသိပျော်ဝင်လာတယ်..။နစ်မြောလာတယ်..။တဖြည်းဖြည်း ဘ၀တစ်ခုဖြစ်မှန်းမသိ ဖြစ်လာတယ်..။ ကျမရဲ့ဆောင်းနိဒါန်း ဘလော့လေးကို စတင်ပြီးလင့်ချိတ်ပေးတာက ကိုဆိုးသွမ်းပါ....။ ကိုဆိုးသွမ်းဆီကမှ တစ်ဆင့်ကျမကို လူသိများလာပါတယ်..။ ကျေးဇူးတင်ပါတယ်...ကျမကိုကြိုဆိုကြတာကိုပါ။ ဒီဘလော့ကမှတစ်ဆင့် ကျမမိတ်ဆွေတွေ သူငယ်ချင်းတွေ များစွာရလာပါတယ်...။အားလုံးကလည်း ကျမကိုကူညီကြတယ်..။အားပေးကြတယ်...။စာမရေးတတ်တဲ့ ကျမကို သည်းခံဖတ်ပေးပြီး....။စာရေးကောင်း တယ်လို့ ချီးမွမ်းအားပေးကြတယ်...။ဘလော့မှာ..စိတ်ဝင်စားမှုများလာပြီး...ညညဆိုတောင် အိပ်မပျော်တော့ ဘူး..။အစားလည်းသိပ်မစားချင်ဘူး..။ဘလော့မှဘလော့ဖြစ်နေတယ်လေ..။ ကျမ၏နှိပ်စက်မှုကို သူငယ်ချင်းမင်းကျန်စစ်က အများဆုံးခံရသူပါ...။ ကိုသင်ကာ၊ ကိုရန်အောင်၊ ကိုမင်းတစေ၊ ကိုဖိုးဇင်၊ ကိုစိုးထက် ပါမကျန် ကျမနှင့်ခင်သူတိုင်းကို နှိပ်စက် ဖူးတယ်..။ကျမကိုလည်းပြောပြပေးပြီး...အားပေးကြပါတယ်...။ အားလုံးကိုကျေးဇူးတင်ပါတယ်....။ နတ်သျှင်နောင်..မျှားပြာပါမကျန်..အကုန်နှိပ်စက်ဖူးပါတယ်...။ ကျမ၏အချစ်ဆုံး သူငယ်ချင်းလေး ကြောင်မျိုး အဲဟုတ်ပါဘူး မောင်မျိုး ကိုလည်း ကျမနှိပ်စက်သမျှ ခံပြီးအပြုံးမပျက် ကူညီခဲ့တဲ့ အတွက်ကျေးဇူး အရမ်းတင်ပါတယ်...။ ကွန်းမန့် ဒိုင်ခံရေးပေးတဲ့ မခေးရော့စ် ၊ မတူတူ တို့ကိုလည်း ကျေးဇူးတင်ပါတယ်..။ ကျန်တဲ့သူငယ်ချင်း ဘလော့ဂါအားလုံးကိုလည်း...လာရောက်အားပေး ကြတဲ့အတွက် ကျေးဇူးအထူးပင်တင်ရှိပါတယ်..။ ဘလော့ပေါ်ကနေ သူငယ်ချင်း တွေရလာတယ် ။ မိတ်ဆွေတွေအများကြီးရလာတယ်..။ဒီလိုနဲ့ဘလော့ပေါ်ထားတဲ့ ခံယူချက်က တစ်နေ့တစ်ခြား ပြင်းထန်လာပါတယ်..။ ကိုယ်ပိုင်ကမ္ဘာလေးတစ်ခု ဖြစ်လာပါတယ်...။
ဒီဘလော့မှာ အာဃာတ တရားတွေမရှိဘူး..။အမုန်းတရားတွေ..၊ အတ္တတွေ..၊ မာနတွေ...၊ မနာလိုဝန်တိုမှုတွေ...၊ ရန်လိုမှုတွေ...အားလုံးမရှိဘူး..။ လောဘတွေ..၊ဒေါသတွေ..မောဟတွေ နည်းပါးတယ်..။ မေတ္တာ ၊ ဖြူစင်မှု ၊ ခင်မင်မှု ၊ သံယောဇဉ် တွေရှိတယ်..။ စိတ်ကြည်လင်လန်းဆန်းမှုတွေ...ရှိတယ်...။ စိတ်ပျော်ရွှင်မှုနှင့် ပီတိတွေကိုပေးစွမ်းနိုင်တဲ့ ဘလော့ တစ်ခုလို့ ခံယူမိတယ်..။ ဒါကျမဘလော့အပေါ် ထားတဲ့ ခံယူချက်ကလေးပါ...။ ဒါကြောင့်
ဘလော့+ကျမ=ကိုယ်ပိုင်ကမ္ဘာလေးတစ်ခု........
လို့ပြောရပါ့မယ်..။
ကျမလိုပဲ သူငယ်ချင်းမိတ်ဆွေများလည်း ခံယူမိလိမ့်မယ်လို့ ယုံကြည်ပါတယ်...။ ကျမနှင့်ဘလော့ကလေးပါ............။ ကဲသူငယ်ချင်းသဇင်ဏီရေ ရေးပြီးပြီဟ...။ဟီးးး...မရေးတတ်ဘူးနော်...။တာဝန်ကျေပါတယ်နော်..........။ အကြွေးကျေပြီနော်...ဟဲ..။့ 

မွေးနေ့ဆုတောင်း

ဒီနေ့ ကျနော့သူငယ်ချင်း မွေးနေ့လေ..။မိုးလင်းကတည်းက ဘုရားမှာဆုမွန်ကောင်းတွေ
ချွေနေတာ...သူ့အတွက်ပေါ့...။ ဒီနေ့တစ်ခုမှအဆင်မပြေဘူး..။မနက်ကတည်းက သူ့ဆီဖုန်းခေါ်တာ..
မအားဘူး..။ ဟောရုံးရောက်တော့လည်း... မီးပျက်နေပ..။ အား ရေလည်လေတယ်....။
အခုချိန်ထိ BIRTHDAY WISHED မလုပ်ရသေးဘူး...။
သူလည်းကျနော့ဆီက ဖုန်းကိုမျှော်နေလောက်ပြီ...။
ကျနော့သူငယ်ချင်းလေး မွေးနေ့ကိုအတူတူမဆင်နွှဲရဘူးလေ.....။
ဘယ်ရမလဲ......သူမရှိလည်း ဘလော့ပေါ်က သူငယ်ချင်းတွေနဲ့ ဆင်နွှဲလိုက်ပြီ...။
မွေးနေ့ပွဲလေးကို တက်ရောက်အားပေးကျ သောသူငယ်ချင်းမိတ်ဆွေ အပေါင်းကို ကျေးဇူးအထူးပင်
တင်ရှိပါကြောင်း....။




မွေးနေ့ဆုတောင်း
မေသူ.........
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်း
မကျတဲ့လောကကြီးမှာ
ဆန္ဒနဲ့ဘဝ
တစ်ထပ်တည်းမကျရင်တောင်မှ
ဖြစ်လာတဲ့ အကြောင်းအရာ အားလုံး
စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်ပါစေ။


၂၂နှစ်မြောက်မွေးနေ့မှသည်
နောင်နှစ်ပေါင်းများစွာတိုင်
ပျော်ရွှင်မှုအပေါင်းနှင့်
ပြီးပြည့်စုံသောဘ၀ကို
ပိုင်ဆိုင်နိုင်ပါစေ။


စိန်မမ

မြှုပ်ကောင်


ကောင်းကင်မှာ
စကားလုံးလှလှတွေရေး
ကာရံတေးလေးတွေနဲ့
တစ်ခါတစ်ရံတွေးမိလေရဲ့........

ပင်လယ်ပြင်မှာ
ပန်းတစ်ခင်းပျိုး
အဆိုးအကောင်းကိုဝေဖန်
အဖန်တလဲလဲဆုံးဖြတ်
အရှုံးအမြတ်တွက်မိပါရဲ့........

ဒါပေမယ့်
ကံကြမ္မာဖန်သားပြင်မှာ
အကောင်းဆုံးသရုပ်ဆောင်
မြှုပ်ကောင်နေရာမှာတော့
ငါဟာရုပ်ပြောင်ဘ၀ပါလား.......။
ပန်းခရေ

နွမ်းမပြယ်သည့် ပန်းခရေ

ပင်မြင့်ယံထက်
လေသွေးချက်ဖြင့်
ဆင်းသက်မြေခ
လွင့်ကြွေကျလည်း
တောင့်တသူငှာ
မြတ်နိုးစွာဖြင့်
မြတ်ရှင်ဗုဒ္ဓ
ပူဇော်ကြ၍
ခေါင်းမှာဆင်ယင်
ပန်ဆင်ကြသည်.....
နွမ်းမပြယ်သည့်
ပန်းခရေ......
သွေ့ခြောက်သော်လည်း
မွှေးပျံ့နေ.........။
ပန်းခရေကဗျာလေးပါ....။
မယမင်းဆီသွားလည်ရင်း....စိတ်ကူးပေါက်တာနဲ့ ..တင်လိုက်ပါတယ်..။
ကျနော်က..ခရေပန်းသိပ်ကြိုက်ပြီး....ဆယ်တန်းအောင်ကါစက...light မဂ္ဂဇင်းမှာ..
ဒဿနတွေကို မတောက်တစ်ခေါက်ရေးရင်း...ပေးထားတဲ့ကလောင်နာမည်လေးပါ..။
ပန်းခရေ(ရင်တွင်းဖြစ်)

စကားတစ်ခွန်း

ကျနော်မနေ့က....တင်ခဲ့တဲ့ပို့စ်လေးက..လူကြောင့်ရော စက်ကြောင့်ပါ....... ပျက်နေသောကြောင့်....စက်ကနည်းနည်းပေါ့ ...လူကများများပါ...ကြောင်တဲ့နေရာမှာလေ..။ လာလည်သူအပေါင်းကို ခေါင်းစားစေပြီး.... မမြင်အောင်တမင်လုပ်..အဲဟုတ်ဘူး...မမြင်စေပါဘူး။ ကျနော်တင်လိုက်တဲ့ပို့စ်က .....စကားတစ်ခွန်းပါ...။ ကဗျာမဟုတ်ဘူး။ ဒဿနမဟုတ်ဘူး။ ကျမ်းတစ်ပုဒ်မဟုတ်ဘူး။ ကိုးကားချက်မပါဘူး။ နည်းပညာမဟုတ်ဘူး။ ပညာရှိတွေထားခဲ့တဲ့ စကားလုံးမဟုတ်ဘူး။ ဒါပေမယ့် ကျနော့်ကိုအားဖြစ်စေတဲ့ စကားတစ်လုံး ခွန်အားပေးတဲ့ စကားတစ်ခွန်း။ ပါးစပ်ဖျားက အမှတ်တမဲ့ ထွက်ကျလာတဲ့ စကားတစ်ခွန်းဟာ ကျနော့် အတွက် အကြီးမားဆုံးနဲ့ လေးနက်မှုပေးစွမ်းနိုင်ဆုံး စကားလေးတစ်ခွန်းပါ။ ကျနော့်ရဲ့ ဟိုးမြေကြီးအောက်ကို တွင်းတူးပြီး.. မြေညီထပ်မက...အောက်ဆုံးမှာပါ ဂူဖေါက်ပြီး ကျဆင်းနေသော စိတ်ဓာတ်ကို ဂုတ်နဲ့ကော် ထုတ်လိုက်ပြီး... ကောင်းကင်ထက်မြင့်လို့ ရရင်မြင့်ချင်သေးသော နေရာသို့ဆွဲတင်ပေးလိုက်သော စကားတစ်ခွန်းပါ။ အစ်ကိုတစ်ယောက်ကို ကျေးဇူးတင်ရင်း ကျနော့သူငယ်ချင်းလေးများကိုလည်း မျှဝေရင်းတင်ပြလိုက်တာပါ။ တခြားသူတွေအတွက် အသုံးဝင်ချင်မှဝင် မှာဖြစ်ပေမယ့် ကျနော့၏ ဆေးတစ်ခွက်လေးဖြစ်လို့ ပြောပြလိုက်ပြီ။ သူပြောတာက “ ညီမ....လောကကြီးမှာရှိတဲ့ ......လူတွေအားလုံးကို ....ဘယ်တော့မှ.... ဒေါင်လိုက်မကြည့်ရဘူးကွ။ အလျားလိုက်ကြည့် ရတယ်။ ဒေါင်လိုက်ကြည့်ရင် ဘယ်တော့မှ အနိမ့်အမြင့်ကညီမှာမဟုတ်ဘူး။ အလျားလိုက်သာ ကြည့်လိုက် အားလုံးက တစ်ပြေးညီပဲကွ.......။” အားမှန်တယ်ဗျာ...။ကျနော်အဲဒီစကားတစ်ခွန်း ကြားပြီးကတည်းက လောကကြီးမှာ နေသားပြန်လည်ပြီးကျလာပါပြီ။ အားလုံးဟာ အဆင်ပြေဖြစ်သွားပါပြီ။ လောကကြီးက လူတွေအားလုံးကိုလည်း အလျားလိုက်ကြည့်တတ်နေပါပြီ။ တစ်ကယ်ပဲ.....လူတွေအားလုံးအတူတူပါပဲ။ ကဲသူငယ်ချင်းတို့ရော လက်ခံလား။

ဆန္ဒ

ဖြစ်ချင်တာက........ပင်လယ်နှင့်တူသော
မိန်းမဖြစ်သင့်တာက.........မိန်းမပီသသော မိန်းမ
ဖြစ်လာတာက..........မိန်းမ မဆန်သောမိန်းမ။

သူငယ်ချင်း

ကျွန်တော် သူငယ်ချင်းတွေရဲ့ ဘလော့ကိုနေ့တိုင်းလည်ပြီး အားပေးတယ်။ ပြီးတော့အားကျတယ်။
မနက်မိုးလင်းတာနဲ့ ကိုယ့်ဘလော့လေးကို လာလည်သွားသူတွေကို ကျေးဇူးတင်တယ်။ ခင်လည်းအရမ်းခင် တယ်။ ပျော်လည်းပျော်တယ်။ ဒါကိုယ့်ကိုအသိအမှတ်ပြုတာပဲ ဆိုပြီးဝမ်းသာလုံးတွေလည်း စို့လို့ပေါ့။
ဘလော့ကို စသိပြီးရင်းနှီးကျွမ်းဝင် လာမှကျွန်တော့်မှာ မမြင်ဖူးသော မသိသေးသော သင်ဆရာတွေ ၊
မြင်ဆရာတွေ၊ မိတ်ဆွေဘော်ဒါတွေ၊ တနင့်တပိုးရလာတယ်။
သူတို့လေးတွေဆီက ဝေဖန်အကြံပေးမှုလေးတွေ ခင်မင်မှုလေးတွေရတော့ အတိုင်းအဆမသိ ကျေနပ်တယ်။
ပျော်ရွှင်တယ်။ ကြာလာတော့ဒီဘလော့နဲ့ပက်သက်ပြီး ဒါဟာကျနော့ ဘ၀တစ်ခုဖြစ်လာတယ်။
မသိသေးဘူး။ ဘလော့ကိုအကျယ်အပြန့် မလုပ်နိုင်သေးဘူး။ နည်းပညာတွေကို မသိသေးဘူး။
ဒီဘလော့မှာ ကိုယ့်ရဲ့ရင်တွင်းခံစားချက်တွေကို တင်ပြလို့ရတယ်။ ပေါက်ကွဲလို့ရတယ်။ နားထောင်ပေးတယ်။
လက်ခံပေးတယ်။ သူငယ်ချင်းတွေ ဘလော့ကိုသွားလည်ရင်လည်း စိတ်အပန်းပြေတယ်။
ပြီးတော့ ဗဟုသုတတွေအများကြီင်္းရတယ်။ လွပ်လပ်မှုရှိတယ်။ အတားအဆီးမရှိဘူး။
ကန့်သတ်မှုမရှိဘူး။ ဒါကိုဘ၀တစ်ခုဖြစ်နေတဲ့ ကျနော်လေ သူငယ်ချင်းတွေအပေါ် လစ်ဟာမှုတွေရှိလာတယ်။
ပျက်ကွက်လာတယ်။ အစစအရာရာကူင်္ညီပေးတက်တယ်တဲ့ ကျွန်တော် အရင်လိုမဟုတ်တော့ဘူး။
ကွန်ပျူတာရှေ့ရောက်ရင်ကို အရာအားလုံးကို မေ့လာတယ်။ လောကကြီင်္းမှာ ဘယ်သူမှမရှိတော့ဘူး။
ကျနော်ရယ် သူငယ်ချင်းတွေ(အွန်လိုင်းမှ) ပဲရှိတော့တယ်။ တစ်နေ့တစ်နေ့ ကျနော့်အသံတွေ တိတ်ဆိတ်
လာတယ်။ လူမှုရေးမသိတော့ဘူး။ ခရီးဆိုလည်း လာမခေါ်နဲ့ လုံးဝမလိုက်ဘူး။
“အဖွဲ့လိုက်သွားရမှာနော်” ။ နိုးပဲ မလိုက်။ “ပြင်ဦးလွင်လေ သွားမယ်လေ”။ “ဟင့်အင်” ပဲ။
“အပြင်ခဏသွားရအောင်” “ဆောရီး” ။ ဒါစကားတွေပဲ ပြောတတ်တော့တယ်။ ကိုယ့်ကို အရမ်းစကား
များတယ်လို့ အသိအမှတ်ပြုထားသူတွေ အားလုံးနားမလည်နိုင်တော့ဘူး။ ကြာလာတော့ သူတို့တွေဘာပြော
လည်းဆိုရင် သူတို့ရင်ထဲမှာ ခံစားလာရတာက “စိန်မမက ငါတို့တွေကို တစ်ကယ်မခင်ပါဘူး။
ဘလော့နဲ့တွေ့ရင် အရာအားလုံးကို မေ့သွားတယ်။ ဘလော့နဲ့သူတို့နဲ့လဲနိုင်တယ်ပေါ့။”
အဲဒီအချိန်ပြန်ငြင်းမိတယ်။
“မဟုတ်ပါဘူးကွာ။ နင်တို့ထင်သလိုမဟုတ်ပါဘူး။ အထင်လွဲနေတာပါ။
မင်းတို့ကိုငါ တစ်ကယ်ခင်ပါတယ်”။ .. “မယုံဘူးအစ်မရေ .....စကားတွေအက်ကြောင်း ထပ်နေပြီ။
ပြင်ပြီးပြောအုံး။ ...တခြားစကားတွေ ပြောင်းပြောပါအုံး”။ ..လို့ကိုယ့်ကိုပြန်ပြောကြတယ်။
သူတို့တွေကို ကိုယ်ကမခင်တာမဟုတ်ဘူး။ ဘလော့မှာမျောပါသွားတာ။
ဒါကတော်သေးတယ်။
ကျနော့်ရဲ့ အကြီးမားဆုံး အဆိုးဝါးဆုံး ပြစ်မှုကပြောပြမယ်။
ဒါကိုပြောပြချင်လို့ ဒီစကားလုံးတွေကို ချရေးမိနေတာ။ ကိုယ့်မှာသူငယ်ချင်း ၂ယောက်ရှိတယ် ။
အချစ်ဆုံးပေါ့...။ကျောင်းမှာကတည်းကအတူတူ။ ပြီးတော့အမြဲ အတူနေတာ။ အိမ်မှာဆိုရင် သူတို့နဲ့ပဲနေတယ်။
အမေနဲ့တောင် အဲဒီလောက်အနေမကြာဘူး။ ၁ယောက်က ကျနော့ရဲ့ညီမလို့ပြောရမယ်။ ၂ယောက်စလုံးက
ကျနော်နဲ့အတူတူ။ BE ကိုအတူတူပြီးကြတယ်။ ME တန်းကို၁ယောက်မတတ်ဘူး။ မေသူ၊ ဇာကြီး ပေါ့၊
သူတို့ကကျနော်နဲ့ မေဂျာမတူဘူး။ ကျနော့်အပေါ်အရမ်း ချစ်ကြတယ်။ ကျနော်လည်းချစ်တယ်။
သူတို့၂ယောကက်မိန်းမမဆန်ကြဘူးလေ။ မိန်းမမဆန်ဘူးဆိုတာ နေပုံထိုင်ပုံမဟုတ်ပါဘူး။
စိတ်ဓာတ်ကိုပြောတာပါ။ အတင်းမတုတ်ဘူး။ ဂျီးမများဘူး။ ပဲမများဘူး။ ပီစီကလီမဟုတ်ဘူး။
ပြတ်သားတယ်။ သူများအပေါ် မနာလိုတရားမရှိဘူး။ ကြင်နာတယ်။ ဒီလိုအလှပတရားလေးတွေကို ပိုင်ဆိုင်
ထားကြတယ်။ ကိုယ့်ငချဉ်ကို အပြတ်အသတ်ချဉ် နေတာတော့မဟုတ်ပါဘူး။ သူတို့၂ယောက်မှာ
ကိုယ်ချစ်ရတဲ့ အကျင့်ရှိသေးတယ်။ အဲဒါက ၁ယောက်နဲ့ ၁ယောက် ကျနော့ကို လုကြတာလေ။
ဟားဟား ပျော်စရာကောင်းတယ်။ ကျေနပ်စ၇ာကြီးပေါ့။ ကျနော်နဲ့သူတို့ ၂ယောက်က ညီအစ်မတွေထက်ကို
ချစ်ကြသေးတယ်။ ပျော်ရွှင်ခဲ့တဲ့ နေ့ရက်တွေကလည်း အများကြီးပဲ။ ကျနော့်ကို ကျန်းမာရေးလူမှုရေး
အစအဆုံးကို စိတ်ပူပန်ပေးကြ၊ တွေးတောပေးခဲ့ကြတယ်။ ကျနော်ဘာဖြစ်နေလဲ မျက်နှာတစ်ချက်အညှိုး မခံဘူး။ ကျနော်တို့ ၃ယောက်မှာ ကျနော်က အကြီးဆုံးလေ။ ဒါပေမယ့် သူတို့နဲ့တွေ့ရင် ကျနော်က အငယ်
ဆုံးဖြစ်နေပြန်ရော။ ကျနော်နေမကောင်းတိုင်း ပြုစုခဲ့ကြတယ်။ စိုးရိမ်ပူပန်ပေးခဲ့ကြတယ်။ ကျနော်အိမ်ပြန်ရင်
ကားဂိတ်လာကြိုပြီး မုန့်တွေအမျိုးမျိုးလုပ်ကျွေးတယ်။ အတူတူထိုင်ခဲ့ကြတဲ့ Unison tea center လေးက
ကျနော်တို့အားလုံးရဲ့ ခင်မင်မှုတွေကို သက်သေခံအဖြစ်အမြဲ ရပ်တည်ပေးတယ်။ မိုးကိုသိပ်ကြိုက်တဲ့ ကျနော် တို့၃ယောက်ဟာ မိုးရေထဲမှာလည်း အတူတူလျှောက်လည်ခဲ့ဘူးတယ်။ ပြောပြရတာ ကျနော်တို့ရဲ့ခင်မင်မှုကို
ချစ်ခင်မှုကို ပေါ်လွင်အောင်ဖော်မပြနိုင်ဘူး။ ကျနော့်ကို အရမ်းအလိုလိုက်ပြီး ဘာမဆိုဖြည့်ဆည်းပေးခဲ့တဲ့
သူငယ်ချင်းကောင်း ၂ ယောက်ပါ။ ကျနော်ကမကောင်းဘူး။ သူတို့ပေးသလို ခင်မင်မှုကို ပြန်မေပေးခဲ့ဘူး။
မေသူစာမေးပွဲလာဖြေတယ်။ ကိုယ့်မှာတာဝန်ရှိတယ်။ ကိုယ်ကူညီရမယ်။ ဖေးမရမယ်။ အားပေးရမယ်။
ကိုယ်စာမေးပွဲမအောင်တုန်းက သူတို့အားလုံးငိုကျွေးခဲ့ ကြတယ်။ ကိုယ့်အတွက်စိတ်ထိခိုက်ခဲ့ကြတယ်။
ဝမ်းနည်းမဆုံးဖြစ်ခဲ့ကြတယ်။ ဒါတွေကို ကိုယ်သိရဲ့နဲ့။ ကိုယ်တာဝန်မကျေခဲ့ဘူး။
မေသူလာကတည်းက မအားလပ်တဲ့ ကိုယ့်အလုပ်တွေကြားမှာ နစ်မြောရင်း လစ်လျုရှုခဲ့တယ်။
ကိုယ်ကသွားတွေ့ရမှာကို မသွားတတ်မလာတတ်တဲ့ မေသူကပဲ ကိုယ့်ဆီလာလာတွှေ့ရတယ်။
အချိန်တွေသာ ကုန်သွားတယ်။ သူ့ဆီကိုယ်ရောက်တာထက် ကိုယ့်ဆီပဲ သူရောက်ရောက်လာရတဲ့ အကြိမ်ရေတွက် ကများနေတယ်။ မနေ့ကသူစာမေးပွဲပြီးသွားတယ်။ တစ်ချက်ကလေးကိုယ် အားမပေးလိုက်
ရဘူး။ အားငယ်နေမှာပဲလို့လည်းတွေး မပူမိခဲ့ဘူး။ကိုယ်က ဒီလောက်မကောင်းတဲ့သူငယ်ချင်းပါ။
ကိုယ့်တုန်းက ဘုရားမှာဆုတောင်းပေး။ ကိုယ်viva ၀င်ချိန်ကို ဘုရားမှာကုသိုလ်ပွားများပြီး ဆုတောင်းပေးခဲ့
တဲ့ သူပါ။ ဒါတွေကျနော့် အလှည့်မှာပြန် လုပ်မပေးနိုင်ဘူး။ လိုက်ပို့ပေးဖို့ဝေးလို့ ဖုန်လေးနဲ့တောင်အား
မပေးခဲ့ရဘူး။ မနေ့ကသူပြန်ရမယ်လို့ ဖုန်းဆက်တယ်။ ကိုယ့်ကိုလာခဲ့ဖို့ သူ့ဆီလာတွေ့ဖို့ ပြောတယ်။
သူဈေးကစောင့်နေမယ် ဆိုပြီးကိုယ့်ကိုပြောတယ်။ ညနေ၃နာရီမှာ ဖုန်းဆက်လာတယ်။
ထုံးစံအတိုင်းလေ စိန်မမ တို့ကတော့မအားလပ်ဘူးဆိုပြီး ကွန်ပျူတာရှေ့က ခွာမရဘူး။ ကိုယ်မစဉ်းမိဘူး။
သူတစ်ယောက်လည်းပါလားဆိုတာကို။ ကိုယ့်ရဲ့အလုပ်ဆင်းချိန်က ညနေ ၄ နာရီခွဲမှ ဆိုပြီး
သှူုဆီကို ညနေ၅နာရီမှ ရောက်သွားခဲ့တယ်။ ပုံမှန်အတိုင်းတွေ့ရတယ် ဆိုကျနော်ဘာမှမဖြစ်ဘူး။
အခုဟာက ကိုယ်ရောက်သွားချိန်မှာ သူ့ကိုရှာမတွေ့တာပဲ။ ကိုယ်အဲဒီင်္အချိန်ရောက်မှ မျက်လုံးတွေပျူးလာ
တယ်။ အပြင်းအထန်စိတ်ပူလာတယ်။ “အစ်မညီမလေးမှာ ပိုက်ဆံမကျန်တော့ဘူး။ အိမ်ကဒီနေ့ပြန်ရမှာ”
ဆိုတဲ့အသံလေး.. အားကိုးသံလေး။ ၀မ်းနည်းသံလေး။ အာအခုမှ ကျနော့်ရဲ့ စိုးရိမ်ပူပန်မှုတွေဟာ
ငယ်ထိပ်ကို စောင့်တိုးလာတယ်။ လူတွေအများကြီးအလည်မှာ ကိုယ်သူ့ကိုလိုက်ရှာတယ်။ ဘယ်လိုမှမတွေ့ ဘူး။ ခေါင်းတွေမူးလာပြီ ..စိုးရိမ်စိတ်တွေ ရင်ထဲကအပူမီးတွေ အရမ်းကိုများပြားလာပြီ။
ကိုယ်မှားတာ ..မတွေ့ဘူးဘယ်မှာမှ ရှာမရဘူး။ ကိုယ့်မျက်လုံးတွေပြာလာတယ်.။ ငိုချင်လာတယ်။ ဒီလောက်
များပြားတဲ့လူတွေကြားမှာ သူဘယ်ရောက်နေလဲ။ ဘယ်လောက်များအားငယ်နေလိုက် မလဲ။
ဘာတွေဖြစ်ကုန်လည်း။ သူအဆင်ပြေလား။ အား..မောလာတယ်။. ရင်ထဲမှာအရမ်းကို တင်းကျပ်လာတယ်။
ညနေမှောင်ချိန်ထိ ကိုယ်လိုက်ရှာတယ်။ အတွေ့ရဘူး။ အိမ်ပြန်လာချိန်ထိ ကိုယ့်ရင်တွေပူလောင်နေတယ်။
ဒီလိုနဲ့ ကိုယ့်မှာစိုးရိမ်ပုပန်နေခဲ့ရတယ်။ ဒါတွေအားလုံးကိုယ့်အမှားပါ။
ကိုယ့်ရဲ့လစ်လျူရှုမှုတွေပါ။ သူပြန်ရောက်ပြီလားမသိသေးဘူး။ သူချောချောမောမောရောက်ရဲ့လား။
တစ်စုံတစ်ခုဖြစ်လာရင် ကိုယ်လောက်မုန်းစရာကောင်းတဲ့သူ ကိုယ်လောက်မကောင်းတဲ့သူ
မရှိတော့ဘူး။ ဒါတွေအားလုံးဟာကိုယ့်ရဲ့ ရက်စက်မှုတွေပါ။
သူဖုန်းဆက်လာတယ်။
“အစ်မ..ညီမလေးပြန်ရောက်ပြီ ...လုံးဝစိတ်မပူနဲ့နော်..
ညီမလေးအစ်မကို အရမ်းလွမ်းတာပဲ.... တစ်ညပဲအတူတူအိပ်ရတယ်။ အစ်မကိုကောင်းကောင်း ဂရုမစိုက်
ခဲ့ရဘူး။ ပြုစုရအောင်လည်းး အချိန်မအားခဲ့ဘူး။ ညီမလေး..စိတ်မကောင်းဘူး။ အစ်မပိန်သွားတယ်။
ညီမလေးရဲ့လက် ရာလေးတွေကို သိပ်ကြိုက်တဲ့ အစ်မကို ချက်မကျွေးခဲ့ရလို့ စိတ်မကောင်းဘူး။
အစ်မကျန်းမာရေးဂရုစိုက်နော်။ အလုပ်တွေအရမ်းပိနေတဲ့ အစ်မကို သနားတယ်။
မနေ့ကညီမလေး စိတ်ပူနေတာ အစ်မတော့ ယောင်လည်လည် ဖြစ်နေပြီလို့။
ညီမကိုစိတ်ပူရတာ တော်တော်များနေလောက်ပြီလို့။ ညီမဖုန်းဆက်သေးတယ်။
အစ်မကို အရမ်းလွမ်းတယ်။”
အား ကိုယ့်ကိုအပြစ်မတင်ပဲ သူကစိတ်ပူနေတယ်လေ။
ကဲကိုယ်မမှားဘူးလား.
ကိုယ့်အမှားတွေအတွက်တောင်းပန်ချင်တယ်။ သူမသိဘူး။
ကိုယ်ပဲသိတယ်။ ကိုယ်နောက်ဒီလိုမဖြစ်စေရဘူး။
ကိုယ့်ကိုကတိတွေအထပ်ထပ်ပေးနေမိတယ်။

ပေါက်ကွဲသံ

အားလုံးကိုပြောပြချင်တယ်။
တစ်ခါတစ်ခါမှာ အကြောင်းပြချက်မပါ စိတ်ညစ်ဘူးလား။
ကျွန်တော်ညစ်ဘူးတယ်။ ဒီနေ့အရမ်းညစ်နေတယ်။ သက်သာမလားလို့ တင်လိုက်ပြီ။ ရင်ဖွင့်လိုက်ပြီ။
နားထောင်ပေးကြပါ။ နားလည်ပေးကြပါ။ ဘာလုပ်လုပ်အဆင်မပြေဘူးဆို တာကိုကြုံနေရတယ်။
ရင်ထဲကတင်းကျပ်နေတဲ့ အကြောင်းအရာတွေ အားလုံးကိုဖွင့်ဟပြစ်ချင်တယ်။ ပေါက်ကွဲပြစ်ချင်တယ်။
အဆင်ပြေပါစေ အမြဲပြောပေးတဲ့ သူငယ်ချင်းအားလုံး.. ကျွန်တော်အဆင်မပြေသေးဘူး။
အလုပ်ကလည်းအဆင်မပြေဘူး။ အဆင်မပြေတာက အဆင်မပြေစရာတွေ ကြုံနေရလို့ပါ။
ဒါကတော့ တော်ကြာပြီးသွားမှာပါ။ သူကအစိပ်အပိုင်းတစ်ခုပါ။ ရင်ထဲမှာလည်း မွန်းကျပ်နေတာတွေများနေပြီ။
ဖော်ပြချင်တယ် ပြောပြချင်တယ်။ အမြဲတမ်းပျော်ပျော်နေတတ်တဲ့ ကျွန်တော်က အခုဆိုရင် မျက်နှာပေါ်က
အပြုံးတွေဟာ လတ်ဆတ်မှုမရှိ - ရှားပါးနေပြီ။ သူငယ်ချင်းတွေကို လွမ်းတယ်။ နားလည်မှုရှိတဲ့ သူငယ်ချင်းလေးတွေ အားလုံးပဲ။ ကိုယ့်မှာ ဘာမှန်းပြောမပြတတ်တဲ့ ခံစားမှုတွေများပြီး တစ်ပွေတည်းထိုင်
်ညစ်နေတယ်။ ဒီနေ့စာမေးပွဲရှိတယ်။ ကျွန်တော်သွားမဖြေဖြစ်ဘူး။ ၀မ်းနည်းတယ်ဗျာ။ ME တန်းကိုပြီး
အောင်တက်စေချင်တဲ့ အမေ့စကားကိုနားမထောင်ခဲ့ဘူးလေ။ ကျွန်တော်လည်းအလုပ်လုပ် ချင်နေခဲ့တာ
တစ်ပိုင်းကိုသေလို့။ အလုပ်လုပ်ရတော့လည်း စိတ်ညစ်မှုများသွားရော။ အားလုံးလည်း ကျွန်တော်လုပ်တာနဲ့
စိတ်ညစ်ကုန်လိမ့်မယ်။ ကျွန်တော်စာမရေးတတ်ဘူး။ စကားမပြောတတ်ဘူး။ စကားလုံးတွေကိုလည်း
တန်ဆာမဆင်တတ်ဘူး။ လူတွေကိုခင်တယ်။ လူတိုင်းကိုယုံတယ်။ မလိမ်ညာဘူး။ မသွယ်ဝိုက်ဘူး။
မကစားဘူး။ လှည့်စားမှုမရှိဘူး။ ကျွန်တော်ပါးစပ်က ထွက်ကျလာတဲ့ စကားလုံးတိုင်းဟာ လှပချင်မှလှပမယ်
အစီစဉ် ကျချင်မှကျမယ်။ နားဝင်ချိုချင်မှချိုမယ်။ ဒါပေမယ့်ပြောခဲ့တဲ့ စကားအားလုံးအတွက်လည်း
အမှန်တရားတွေဆိုတာပြောရဲတယ်။ ခံစားမှုမှန်သမျှကလည်း အမှန်တရားတွေပါ ဆိုတာရှင်းမပြချင်ဘူး။
ကျွန်တော်လိုချင်တာ ဘာရယ်ခေါင်းစဉ်မရှိဘူး။ ကျွန်တော်ကို့ဘာမှ ပြန်ပေးဆပ်ဖို့မလိုဘူး။
အရာအားလုံးအတွက် ပေးဆပ်နိုင်သလောက်ပေးဆပ်မယ်။ ဘယ်သူကိုမဆို ပေးနိုင်သလောက်ပေးမယ်။
ဒါပေမယ့် တစ်ခုတော့တောင်းဆိုချင်တယ်။ ကိုယ့်ကို ဘယ်တော့မှလစ်လျူရှုမှု နဲ့စိမ်းကားမှုတွေပြန်မပေးပါနဲ့။
အစကတည်းက အရှုံးပေးပြီးသား ကိုယ့်ကိုအနိုင်မယူချင်ပါနဲ့။ ကြာလာတော့လည်း လောကကြီးကိုလား
လူတွေကိုလား ကံကြမ္မာကိုလား ဘယ်သူ့ခေါင်းစဉ်တပ်ရမယ် မသိဘူး။ မုန်းတယ်။ နာကြည်းချင်တယ်။
ရက်စက်စိမ်းကား တဲ့အသဲနှလုံးတစ်စုံလိုချင်တယ်။ ဘယ်သူ့ဆီကရမလဲ။ နတ်ဆိုးဆီကလား။
ပေးမယ်ဆိုရင်ချက်ချင်းတောင်းချင်တယ်။ အမြဲတမ်းမျက်နှာသာမပေးတဲ့ ကံကြမ္မာကြီးကို လက်သီးနဲ့ဆွဲ
ထိုးချင်တယ်။ စိန်ခေါ်ချင်တယ်။ တော်ပြီမေ့ထားလိုက်ပြီ။ အဲဒီကံကြမ္မာကို အပေါင်းအသင်းမလုပ်ဘူး။
လုံးဝမကောင်းတဲ့ကောင်။
ပေါက်ကွဲချင်တာအများကြီးပဲ... အားလုံးကိုအားနာလို့။
ဒီပေါက်ကွဲသံသည်းခံ ဖတ်ပေးတဲ့သူငယ်ချင်းအားလုံးကို ကျေးဇူးတင်တယ်။
နားလည်ပေးမယ်ထင်တယ်။ တစ်စုံတစ်ယောက်ကို ပြောပြချင်တဲ့စကားတွေကိုလည်း ပြောပြနိုင်အောင်
ကြိုးစားနေပါတယ်။ သူနားလည်လာတဲ့တစ်နေ့ပေါ့။ွဲ

ဆန္ဒတစ်စုံ



ဖြစ်သင့်တာရယ်
ဖြစ်ချင်တာရယ်
ဖြစ်လာတာတွေရယ်
အားလုံးဟာ
တစ်ထပ်တည်းကျရင်
သိပ်ကောင်းမှာပဲနော်......

အချစ်ဆိုတာ
နှလုံးသားရယ်...
ဦးနှောက်ရယ်...
ပေါင်းစပ်ပြီး..
ဆုံးဖြတ်လိုက်တဲ့အခါ
ကြေကွဲမှုများစွာနှင့်
ရက်စက်စိမ်းကားစွာ
ခံစားမှုပေါင်းမြောက်များစွာကို
ပေးစွမ်းနိုင်ပြီး
နှလုံးသားတစ်ခုလုံးကို
နာကျင်စေသတဲ့။


Belive in yourself


Believe in yourself
Set your standards high
You deserve the best.
Try for what you want
And never settle for less.

Believe in yourself
No matter what you choose.
Keep a winning attitude
And you can never lose.

Think about your destination
But don't worry if you stray
Because the most important thing
Is what you've learned along the way.

Take all that you've become
To be all that you can be.
Soar above the clouds
And let your dreams set you free.
Jilliam K.Hunt




ကျွန်တော်သိပ်ကြိုက်တဲ့ကဗျာလေးပါ။
ကိုယ့်ကိုကိုယ် ယုံကြည်မှုပြည့်ဝစေတဲ့ကဗျာတစ်ပုဒ်လေးပါ။
ဘလော့ဒ်သူငယ်ချင်းတွေအားလုံး သိပြီးသားလည်းဖြစ်ချင်ဖြစ်မယ်
မသိသေးတာလည်း ဖြစ်မယ်။ဘာပဲဖြစ်ဖြစ် သိပြီးသားသူတွေလည်း ထပ်သိပြီး မသိသေးသူများကိုလည်း
မျှဝေချင်လို့ပါ။ကိုယ်တိုင်မရေး တတ်တော့လည်း
ရေးထားပြီးသားလေးတွေကို ခံစားချက်များနှင့် ကိုက်ညီရင်တင်ပြပေးပါတယ်။
အားလုံးကျေနပ်မယ်ထင်ပါတယ်။

တိတ်တဆိတ်ကြေကွဲခြင်း

လုပ်ယူဖန်တီးထားတာ တစ်ခုမှမပါပဲ
အလိုအလျောက် ဖြစ်ပေါ်လာတဲ့
သံယောဇဉ်ကြိုးကို
တိကနဲ့ဖြတ်တောက်ပစ်လိုက်လို့ရော
ခံစားမှုတွေအားလုံးက ရပ်တန့်သွားမှာလား?
စကားမပြော နှုတ်မဆက်ကြပေမယ့်
ရင်ထဲက အနက်ရှိုင်းဆုံးသံယောဇဉ်ကြိုးက
ဘယ်လိုနည်းနဲ့မှပြတ်တောက်.....
ပြောင်းလဲမှာမဟုတ်ဘူးဆိုတာရော..
ချစ်သူမသိဘူးလား?
“မဖြစ်နိုင်ဘူး”ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
နှလုံးသားတစ်ခုလုံး မွမွကြေပျက်စီးစတေးရတာရော
ဖြစ်သင့်သတဲ့လား?
ဘယ်လောက်ပဲဝေးကွာနေပါစေ
ဟိုးအနက်ရှိုင်းဆုံး တစ်နေရာမှာတော့
အချိန်ကာလ အတိုင်းအတာမရှိ
ခင်မင်မှု...
မြတ်နိုးမှု...
ရင်ခုန်မှု...
ကြေကွဲဝမ်းနည်းမှု
လွမ်းဆွတ်သတိရမှုပေါင်း မြောက်များစွာနဲ့
ထာဝရမပြောင်းလဲမယ့်
နှလုံးသားတစ်စုံကတော့
တိတ်တိတ်လေးကြေကွဲနေမှာပါ...ချစ်သူရယ်။
*----ဦးနှောက်ရဲ့အဆုံးအဖြတ်ဟာ
နှလုံးသားရဲ့အဆုံးအဖြတ်လောက်
မချိမြိန်တာအမှန်ပါ.
------ဘ၀မှာ
ကြေကွဲစရာဖြစ်ရပ်နှစ်မျိုးရှိတယ်
တစ်ခုက
နှလုံးသားရဲ့အလိုဆန္ဒကို လိုက်ရောရတဲ့အခါ
နောက်တစ်ခုက
အဲဒီနှလုံးသားရဲ့ အလိုဆန္ဒကိုပဲ
ငြင်းပယ်ရတဲ့အခါ။


All that I am or hope to be ,I owe to my mother.
ကျွန်တော်ဖြစ်ချင်တာမှန်သမျှဖြစ်ဖို.မျှော်လင်.တာမှန်သမျှအမေ.ကျေးဇူး
ကြောင်.ပါ။

Where there is great love there are always miracles.
ကြီးမားတဲ.မေတ္တာရှလေရာ မှာ အံ့ဖွယ် ဖြစ်ရပ်ဆန်းတွေအမြဲရှိတယ်။
A mother's love is like a circles,it has no begining and no ending.
အမေ.မေတ္တာဟာစက်ဝိုင်းလိုပဲ။အစလည်းမရှိဘူး။အဆုံးလည်းမရှိဘူး။

As a mother , my job is to take care of what is possible and trust God with impossible.
မိခင်တစ်ဦးအနေနဲ. ကျွန်တော်အလုပ်ကဖြစ်နိုင်တာတွေကိုဂရုတစိုက်
လုပ်ဆောင်ပေးဖို.မဖြစ်နိုင်တာတွေကိုဘု၇ားသခင်အပေါ်ယုံမှတ်အပ်နှံဖို.ပါ။

"ညီမျှခြင်းနှင့်မညီမျှခြင်း"


"ညီမျှခြင်းနှင့်မညီမျှခြင်း"

မေ့ပစ်ချင်လျှက် အကြိမ်ကြိမ်လွမ်းဆွတ်မိလို.
နာကြည်းချင်လျှက် အကြိမ်ကြိမ်ကြင်နာမိလို.
မုန်းတီးချင်လျှက် အကြိမ်ကြိမ်ချစ်ခဲ့မိလို.
ရင်နှင့်ရင်းပြီးချစ်ခဲ့ခြင်းရဲ.ရလဒ်ကတော.မေ.ပစ်လိုက်ခြင်း။

ဒဿနများ


ဒဿနများ
ဘ၀ဆိုတာမွေးဖွားခြင်းနှင့်သေဆုံးခြင်းကြားကရှင်သန်မှုတစ်ခုပါ။
ခွဲခွာခြင်းဆိုတာတွေ.ဆုံခြင်းဧ်။အစပါ။
ပြောင်းလဲခြင်းဧ်။နောက်ကွယ်မှာမပြောင်းလဲသောတည်ငြိမှုတွေရှိနေမြဲပါ။
မတည်မြဲတဲ့လောကကြီးမှာမပြောင်းသောတည်မြဲမှုတစ်စုံတစ်ရာကမိဘမေတ္တာပါ
ညီမျှခြင်းတွေဘယ်လောက်ပဲများနေပါစေမညီမျှမှုတွေကတော့ရှိနေမြဲပါ။
အေးချမ်းတည်ငြိမ်မှုတွေများတဲ့ဘ၀တစ်ခုကိုလူသားတိုင်းမပိုင်ဆိုင်နိုင်တာလည်း
မပြောင်းလဲသောနိယာမတစ်ခုပါ။
Related Posts Plugin for WordPress, Blogger...